မေကျော် စနေနေ့၊ မေလ 16 2009
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ ကောင်စီ ဝင်ဟောင်း အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ဘို သည် စင်္ကာပူ အထွေထွေ ရောဂါကု ဆေးရုံကြီး တွင် ယမန်နေ့ ည ၉ နာရီ ၄၅ မိနစ်တွင် အသဲ ရောဂါဖြင့် ကွယ်လွန်သည်။ ကွယ်လွန် ချိန်တွင် အသက် ၆၅ နှစ် ရှိပြီဖြစ် သည်။
သူသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၁၊ ကိုယ်ပိုင်အမှတ် ကြည်း ၁၀၃၃၇ ဖြစ်သည်။
တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ကြည်း၊ ရေ၊ လေ၊ အဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး မောင်ဘိုကို ဇွန်လ ၂၀ ရက်၊ ၂၀၀၈တွင် တပ်မှ အငြိမ်းစား ပေးလိုက်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ရင်းနှီးသူဖြစ်ပြီး ဦးစားပေးခံရသူလည်း ဖြစ်သည်။
တာဝန်ထမ်းဆောင်စဉ်က တပ်အတွင်း ရမ်းကားသူဟု နာမည်ကြီးသည်။
၎င်း၏ ရုပ်ကလပ်ကို မင်္ဂလာဒုံ ငြိမ်းအေး ဇရပ်တွင် ထားပြီး ၁၇- ၅- ၂ဝဝ၉ (တနင်္ဂနွေနေ့) မွန်းလွဲ ၁နာရီတွင် မင်္ဂလာဒုံ စစ်သင်္ချိုင်းသို့ ပို့ဆောင် သဂြိုဟ်မည် ဖြစ်သည်။
No comments:
Post a Comment