လေးငယ်
စစ် အစိုးရသည် ပဲခူး တိုင်းမှ မြို့နယ် တချို့နှင့် ရန်ကုန် တောင်ပိုင်း ခရိုင်မှ ခရမ်းမြို့နယ် သုံးခွ၊ ကဝ မြို့နယ်များ၌ ဤနှစ် အတွက် အမ တော်ကြေးကို လယ် တဧကလျှင် ကျပ်တသောင်း နှုန်း ထုတ်ပေး ခဲ့ပါသည်။ ပြီးခဲ့သည့် နှစ်များ တွင် တဧက လျှင် ကျပ်(၈) ထောင်သာ ပေးခဲ့ ပါသည်။
လယ်သမားများသည် တဧကကို ကျပ်(၅)သောင်းအထိ လိုအပ်နေပါသည်။ လယ်တဧကကို ကျပ်နှစ်ထောင်သာ တိုးပေးမည်ဆိုပါက လုံးဝထိရောက်နိုင်မည် မဟုတ်ကြောင်း လယ်သမားအရေးကို လိုက်လံ အကျိုးဆောင်ပေးနေ သည့်ရှေ့များကဆိုပါသည်။ အကြောင်းမှာ စပါးသည် မြေသြဇာကျွေးနိုင်မှ စပါးအထွက် ကောင်းမည်ဖြစ်သည့်အတွက် မြေသြဇာပိုသုံးရန် လိုအပ်နေပါသည်။ ယခုအချိန် မြေဆီတအိတ်ကို ကျပ်တသောင်း ကျော်နေသည့်အတွက် တဧကကို ကျပ်နှစ်ထောင် ပိုပေးခြင်းသည် မထိရောက်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။။
-ရန်ကုန်တောင်ပိုင်းခရိုင်မှ ခရမ်းမြို့နယ်သုံးခွနှင့် ကဝမြို့နယ်များ၌ လယ်သမားများ အရှုံးပေါ်နေသဖြင့် လယ်အသိမ်းခံ ရခြင်း၊ ကိုယ့်ကိုယ်ကို သတ်သေခြင်းများ နေရာအနှံ့ဖြစ်ပွားနေပါသည်။ ထို့အပြင်လယ်ယာလုပ်ငန်းကို ဆက်လုပ်ရန်ပင် ငွေရင်းမရှိကြသည့်အတွက် အခက်အခဲဖြစ်နေကြပါသည်။ လယ်သမားများသည် ၄င်းတို့ဘဝ ရပ်တည်ရေးအတွက်ပင် အခက်အခဲ အလွန်ကြီးမားနေဆဲ ဖြစ်ပါသည်။ ဤအခြေအနေများကြောင့် ဤမြို့နယ်များတွင် လယ်ယာနှင့် ပါတ်သက် သည့် အမှုပေါင်း (၃၀၀) ကျော်ရှိနေပြီး၊ ဤအမှုများ ဖြေရှင်းရန် မတတ်နိုင်သေးကြောင်း၊ လယ်သမားအရေးကို အကျိုး ဆောင်ပေးနေသည့် ရှေ့နေများကဆိုပါသည်။ အထူးသဖြင့် အကြွေးမဆပ်နိုင်သည့် အမှုများပင်ဖြစ်သည့်အတွက် ပုဂ္ဂလိငွေရှင်များလည်း ဤနှစ်အတွက် ငွေမထုတ်ချေး နိုင်ကြတော့ပေ။။
-အလားတူ မြန်မာတနိုင်ငံလုံးမှ လယ်သမားများသည်လည်း (၂ဝဝ၆)ခုနှစ် ကတည်းကပင် လယ်ယာစီးပွားများ နစ်နာ ဆုံးရှုံး လာခဲ့ ပါသည်။ ရာသီဥတုကြောင့် မိုးကြီးပြီး စပါးပျက်စီးခြင်း၊ စပါးဈေးကျခြင်း၊ စစ်တပ်စပါး အတွက်ဈေးနှိမ်ခံရ ခြင်း၊ ကုန်ဈေး နှုန်းကြီး မြင့်ခြင်းနှင့် ကမ္ဘာ့စီးပွားရေးကျဆင်းခြင်း စသည့် ဖြစ်ရပ်များကြောင့် ဆက်တိုက်ဆိုသလို နှစ်စဉ် နစ်နာလာခဲ့ပေသည်။
ဤပြသနာကြီးကို အမတော်ကြေး နှစ်ထောင်ကျပ်ပိုပေးခြင်းဖြင့် ပြေလည်နိုင်မည် မဟုတ်ကြောင်း၊ လယ်သမားအရေး သုံးသပ်သူများက ဆိုပါသည်။။
No comments:
Post a Comment