Thursday, May 14, 2009

ဒေါ်အောင်ဆန်း စုကြည်ကို အင်းစိန် အထူးတရာရုံးသို့ ခေါ်ထုတ်

NEJ / ၁၄ မေ ၂၀၀၉

ဒေါ်အောင်ဆန်း စုကြည်ကို ယနေ့နံနက် (၇) နာရီ ခန့်တွင် အင်းစိန် အထူး တရားရုံးသို့ ခေါ်ဆောင်သွား ပြီဖြစ်ကြောင်း အန် အယ်လ်ဒီ လူငယ်အ ဖွဲ့ဝင် ကိုအေးထွန်းက ခေတ်ပြိုင် သို့ပြော သည်။

“အခု ၀င်ဖို့ လုပ်နေ ပါတယ်။ ဦးဉာဏ်ဝင်း၊ ဦးအောင်သိန်း၊ ဦးကြည်ဝင်း၊ ဒေါ်ခင်စောမူ တို့ ၀င်ဖို့ လုပ်နေကြ ပါပြီ။ ကတ်တွေ ဘာတွေ လဲ နေကြ ပါပြီ။ ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ ဒေါ်ခင်ခင်ဝင်း တို့သားအမိ ပါလာ တယ်လို့ သိရတယ်။ တွေ့တော့ မတွေ့ရ သေး ဘူးဗျ။ ကျ နော် တို့က အခုမှ လိုက်လာ ကြရ တာလေ”ဟု ကိုအေးထွန်းက ပြောသည်။

အင်းစိန် ထောင်ရှေ့တွင် အမေရိကန် သံရုံးမှ ကားတစီးကို တွေ့ရှိရပြီး အထိန်း သိမ်းခံ အမေရိကန် နိုင်ငံသား ကိုပါ စစ်ဆေးမှု ပြုမည် မပြုမည်ကို မသိရသေး ကြောင်း ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်အကြောင်းကြောင့် အင်းစိန်အထူးတရားရုံးသို့ ခေါ်ဆောင်သည်ကို မသိရကြောင်း အာဏာပိုင်များဘက်မှ လာရောက်အကြောင်းကြားသဖြင့်သာ လိုက်ပါလာခဲ့ကြရခြင်းဖြစ်ကြောင်း အဆိုပါလူငယ်အဖွဲ့ဝင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယခု မနက်ပိုင်း အင်းစိန်ထောင်ရှေ့ရုံးတွင် တရားရုံးထုတ်ရန် စီစဉ်ထားသည့်အပြင် အင်းစိန်ထောင်အနီး နေအိမ်တခုတွင် ပြောင်းရွှေ့ထားရန် အာဏာပိုင်များက စီစဉ်နေကြောင်း ယမန်နေ့ ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့်သွားရောက်တွေ့ဆုံခဲ့သည့် ရှေ့နေ ဦးကြည်ဝင်းက ဗွီအိုအေသို့ ယနေ့မနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ယနေ့ မနက် (၁၀) နာရီခွဲတွင် အန်အယ်လ်ဒီမှ ရှေ့နေများသည် အင်းစိန်ထောင်အတွင်း ၀င်ရောက်နေကြကြောင်း ဦးဉာဏ်ဝင်း၏ လက်ကိုင်ဖုန်းကို ကိုင်ဆောင်ထားသူ ကိုအေးထွန်းက ခေတ်ပြိုင်သို့ ပြောသည်။

No comments: