ဒီအပိုင်း မှာတော့ မြန်မာ့ နိုင်ငံရေး၊ စစ်ရေး သ မိုင်း ကြောင်းတွေမှာ တိုင်းရင်းသား အခွင့်အရေး တန်းတူ ရရှိဖို့ တစိုက်မတ်မတ် အရှည်ကြာ ဆုံး တိုက်ပွဲ ၀င်နေတဲ့ ကရင် အမျိုး သား အစည်းအရုံး (ကေအန်ယူ) အပေါ် ထားရှိသော နအဖရဲ့  မူဝါဒ တွေနဲ့ အတွင်းရေး ဇာတ်လမ်းတွေ၊ ပြုမူ ဆောင်ရွက်ခဲ့ပုံတွေ၊ ထိပ်ပိုင်း သဘောထား ကွဲလွဲခဲ့ ပုံတွေကို ဆက်လက် ဖော်ထုတ် တင်ပြ သွားပါ့မယ်။ကေအန်ယူရဲ့ တော်လှန်ရေး သမိုင်း တလျှောက်ကို ကြည့်ရင် စစ်အာဏာရှင် များအား စစ်မြေပြင် တွင်သာမက အစိုး ရရုံးစိုက်ရာ ရန် ကုန်မြို့ တော်အထိ တိုက်ရိုက် ခြိမ်းခြောက် နိုင်ခဲ့တဲ့ စစ်ရေး စွမ်းရည် စွမ်းဆောင် မှုတွေ ရှိခဲ့တာ တွေ့ရ မှာဖြစ်ပါတယ်။
ဦးနေ၀င်း လက်ထက်တွင် ရန်ကုန်မြို့တော်ရှိ မြန်မာ့ အသံလွှင့်ဌာန အဆောက်အဦကို ကေအန်ယူ တပ်မဟာ (၇) မှ ကွန်မန်ဒို များက ပစ်ခတ်နိုင်ခဲ့ပြီး “စိန်ခေါ်နေတဲ့ ဧရာဝတီ” ဆိုတဲ့ ခေတ်ပြိုင်ဂျာနယ် ဆောင်းပါး တပုဒ်တွင် တင်ပြပြီး ခဲ့သလို ဧရာဝတီတိုင်း လိုမျိုး အဖြူ ရောင်နယ်မြေ ကိုတောင် ကေအန်ယူက ထိုးဖောက် တိုက်ခိုက် နိုင်သည် အထိ ထက်မြက်ခဲ့ ပါတယ်။
တပ်မတော်ရဲ့  တိုက်ပွဲကြီးများနဲ့ ပတ်သက်ပြီး စစ်ရုံးရှိ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံးရဲ့ သင်ခန်းစာ ဖော်ထုတ် လေ့လာသုံးသပ်ချက်များအရ အခက်အခဲဆုံး စံချိန်တင်ထိုက်တဲ့ တိုက်ပွဲတွေထဲမှာ ကေအန်ယူနဲ့ တိုက်ခဲ့တဲ့ မဲသဝေါ၊ ၀မ်ခ (အသစ်၊ အဟောင်း) တိုက်ပွဲကြီးများဟာ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။
ဗကပဟာ သမားရိုးကျ စစ်ကို ကျွမ်းကျင်သော်လည်း စစ်တပ်ရဲ့  ဖြတ်လေးဖြတ် နည်းဗျူဟာကြောင့် ကျဆုံးခဲ့ရပါ တယ်။ ကေအန်ယူအနေနဲ့တော့ မဆုတ်တမ်း ခံစစ်နည်းဗျူဟာကဲ့သို့ သမားရိုးကျ စစ်ရော မိုင်းစစ်ဆင်ရေး အပါအ၀င် ပြောက်ကျားစစ်ပါ ရောမွှေသုံး တိုက်ခိုက်နိုင်ခဲ့တဲ့အပြင် ကရင်ပြည်သူလူထုကပါ ထောက်ခံခဲ့တဲ့အတွက် နအဖရဲ့  ဖြတ်လေးဖြတ် နည်းဗျူဟာ မအောင်မြင်ခဲ့ဘဲ ယနေ့အထိ ရှင်သန်ရပ်တည်နိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
ကေအန်ယူဟာ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ဆက်စပ်ကာ လက်လှမ်းမီ ပေါက်ရောက်ခဲ့သလို ပညာတတ် ပုဂ္ဂိုလ်များစွာလည်း ပါရှိနေပြီး ထိုင်းနိုင်ငံကို အကျိုးကျေးဇူး များစွာ လုပ်ပေးခဲ့ပါတယ်။ ကေအန်ယူအနေနဲ့ အတိုက်အခံအဖွဲ့အစည်းများ အားလုံးရဲ့ မှီခိုရာအရိပ်ဖြစ်ခဲ့ပြီး တော်လှန်ရေးရဲ့  ဗဟိုဟန်ချက်အဖြစ်လည်း ရပ်တည် ပေးခဲ့ပါတယ်။
ဒါ့အပြင် အာရှလမ်းမကြီး ဖောက်လုပ်မှု စီမံကိန်းနဲ့ ဟတ်ကြီး (သံလွင်) ရေအားလျှပ်စစ်စီမံကိန်းအပေါ် ကေအန်ယူရဲ့  ကန့်ကွက်ချက်၊ မဲသရောထ ကြေညာချက်တွေကြောင့် နအဖက ရန်သူ့စာရင်း ပစ်မှတ်အမျိုးအစားထဲမှာ ကေအန်ယူအား ထိပ်ဆုံးနားမှာ သတ်မှတ်ထား ခဲ့ပါတယ်။
ပထမတော့ အမျိုးသားညီလာခံ ကျင်းပခါနီးမှာ စစ်အာဏာရှင်တွေဟာ မဟာဗျူဟာ (Strategy) အရ ကေအန်ယူ အနေနဲ့ နအဖ လက် အောက်သို့ ၀င်လာပါက အပစ်ရပ် တိုင်းရင်းသားတွေ အားလုံးရဲ့  legitimacy ထောက်ခံအား ဖြင့် ပြည်တွင်းထောက်ခံမှု ရနေတဲ့ အန် အယ်လ်ဒီကို နိုင်ငံရေး အပေါ်စီးရယူကာ အပြုတ်“ချ” ဖို့ ကြံရွယ်ခဲ့ပါတယ်။
ဒါ့အပြင် မဟာဗျူဟာ ဒုတိယရည်မှန်းချက်ကတော့ နအဖဟာ ကြည့်လို့မရဖြစ်နေတဲ့ နယ်စပ်က အတိုက်အခံ အဖွဲ့အစည်းတွေရဲ့  လှုပ်ရှားမှုကို သေသွားအောင်၊ အထီးကျန် ဖြစ်သွားအောင် ကေအန်ယူကို ဆွဲခေါ်ဖို့ဖြစ်ပါတယ်။
အရင်ကနဦး နအဖအနေနဲ့ မာနယ်ပလောဌာနချုပ်အား သိမ်းလိုက်နိုင်ပြီဖြစ်လို့ ကေအန်ယူကို အလွယ်တကူ စည်းရုံးလို့ရမယ်လို့ ထင်ခဲ့ပါတယ်။ တကယ်တမ်းဆွေးနွေးကြည့်တော့ ကေအန်ယူဟာ နိုင်ငံရေးရင့်ကျက်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေရှိနေပြီး စကားလုံး အသုံးအနှုန်း သုံးစွဲပုံ၊ စာလုံးအကျအနက အစ စိစစ်ခဲ့တာကြောင့် နအဖအနေနဲ့ အံ့သြခဲ့ရပါတယ်။
၁၉၉၆ ခုနှစ် ကေအန်ယူနဲ့ နအဖတို့ တတိယအကြိမ်ဆွေးနွေးပွဲ လုပ်ပြီးချိန်မှာ တရားဝင် သတင်းထုတ်ပြန်ရမယ့် ခေါင်းစဉ်ဖြစ်တဲ့ လက် နက်နဲ့ ငြိမ်းချမ်းရေးစကားလုံး အထူးသဖြင့် လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်ပြီး တရားဥပဒေ ဘောင်ထဲ ၀င်ရောက်လာတယ်ဆိုတဲ့ စကားလုံးအား ပြန်လည် စဉ်းစားပါရစေအုံးလို့ဆိုကာ ကေအန်ယူက အချိန်တောင်းဆိုခဲ့ပါတယ်။
လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ခြင်းဟာ ကရင့်ခေါင်းဆောင် စောဘဦးကြီး မူနဲ့ ဆန့်ကျင်နေပြီး တရား ဥပဒေဘောင်ထဲ ၀င်တယ် ဆို တာ ကလည်း နအဖရဲ့  တရား ဥပဒေ တွေဟာ မတရား တာကြောင့် အဲဒီလို စဉ်းစား ခဲ့တာ မှန်တယ်လို့ ယူဆမိပါတယ်။
အဲဒီနောက် နအဖရဲ့  ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးခွန်မြတ်တို့ဟာ ကေအန်ယူနဲ့ နှစ်ဖက်ငြိမ်းချမ်းရေး ပြန်လည်ရစေလိုတဲ့ဆန္ဒနဲ့ နယ်စပ်သို့ ထွက်လာခဲ့ရာ အတိုက်အခံအဖွဲ့အစည်း တချို့ က နအဖရဲ့ လှည့်ဖြားမှုကို သိနေလို့ ထောက်ပြကြတဲ့အတွက် အောင်မြင်မှု မရဘဲ ပြန်သွား ခဲ့ရပါတယ်။
အဲဒီအချိန်မှာ ဗိုလ်သန်းရွှေဟာ ကကလှမ်းမှ ဗိုလ်ကျော်ဝင်း၊ ဗိုလ်ကျော်သိန်းနဲ့ အဖွဲ့ကို ထပ်မံခေါ်ယူပြီး ကေအန်ယူ အား မရိုးမသား လှည့်ဖြားလိုကာ တင်းမာတဲ့သဘောထား မူဝါဒတွေနဲ့ ပြင်ဆင်ချက်တွေ ပေးခဲ့ပြန်ပါတယ်။ အဲဒါကတော့ “ဒီတခါ ကေအန်ယူပြန်လာရင် ယခင်ကလို ကေအိုင်အေ၊ ယူဒဗလျူအက်စ်အေ “၀”နဲ့ ကိုးကန့်တွေလိုမျိုး အဆင့်အတန်းမျိုး မပေးနိုင်တော့ကြောင်း၊ ကေအန်ယူကို အင်အားချည့်နဲ့စေဖို့ တပ်မဟာ အလိုက် ခွဲထုတ်ဖို့ စည်းရုံးဖဲ့ထုတ်ဖို့ လိုကြောင်း၊ ကေအန်ယူကို လက်ခံခဲ့ရင်တောင် စောသမူဟဲလိုမျိုး လက်နက်ချခိုင်းတဲ့ အခမ်းအနား ပုံစံမျိုး လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ အဆင့်မျိုးလုပ်ရန် လိုကြောင်း” ညွှန်ကြားခဲ့ပါတယ်။အဲဒီ လက်နက်ချအခမ်းအနားမှာ ကေအန်ယူအလံကို နင်းချေပြီး ဦးကျိုးသွားအောင် လုပ်ခြင်းဖြင့် နိုင်ငံတကာနဲ့ ပြည်တွင်းမှာပါ စောသ မူဟဲ အား နိုင်ငံရေး သေသွားအောင် ရိုက်ချိုးပြီးမှ ၀င်ခွင့်ပြုခဲ့တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကေဘီအေနဲ့ ဖဒိုအောင်ဆန်း၊ စောသမူဟဲအဖွဲ့တွေကိုလည်း ကေအန်ယူရဲ့ လက်အောက်ခံအဖြစ် ထားခွင့်ပြုမှာ မဟုတ် တော့ ကြောင်း ထည့်သွင်း ပြောကြားရာ ဗိုလ်သန်းရွှေ ပြင်ဆင် ညွှန်ကြား လိုက်တဲ့ အဲဒီလို စည်းကမ်း သတ်မှတ်ချက်မျိုး တွေဟာ တင်းမာပြင်း ထန်တဲ့ စည်းကမ်းချက်တွေ ဖြစ်နေပါတယ်။
ဗိုလ်သန်းရွှေရဲ့  ညွှန်ကြားချက်အရ ကကလှမ်းဟာ တပ်မဟာ (၄) မှူး ဗိုလ်အော်လီဗာနဲ့ တပ်မဟာ (၆) မှူး ဗိုလ်ရွှေဆိုင်းတို့ကို တိုက်ရိုက် ချဉ်းကပ် စည်းရုံးဖဲ့ထုတ်ဖို့ ကြိုးစားခဲ့ပြန်ပါတော့တယ်။ ဒါပေမယ့် အဲဒီ တပ်မဟာမှူးတွေ ကတော့ ကေအန်ယူ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မြအပေါ် သစ္စာရှိကြပြီး ပြတ်သားစွာ ငြင်းဆန်လိုက်တဲ့အတွက် နအဖဟာ ဗိုလ်ချုပ်ကြီးမြကိုပဲ ထပ်မံ စည်းရုံးဖို့ ကြိုးစားရပြန်ပါတယ်။
No comments:
Post a Comment