ဗိုလ်ချုပ် စောထင်မောင်ဦး ဆောင်သည့် က ရင်ခွဲထွက် အဖွဲ့ ငြိမ်းချမ်းရေး ကောင်စီ တပ်ရင်း (၇၀၄) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောလေးမူး မိသား စုဝင်များနှင့် အတူ KNU အဖွဲ့သို့ ပြန်လည် ရောက်ရှိလာသည်။စစ်အစိုး ရ၏ ငြိမ်းချမ်းရေး အဖွဲ့များအပေါ် ထားရှိသည့် သဘောထားကို မယုံကြည့် ရတော့သည့် အပြင် ၂၀၁၀ နောက်ပိုင်း နယ်ခြား စောင့်တပ်ဖွဲ့ပြီး ပါက မိမိလူမျိုးနှင့် ပြည်သူ လူထုတရပ်လုံး အတွက် အာမခံချက် မရှိတော့သည့် အတွက် ယခုလ (၄) ရက်နေ့က ကေအန်အဲလ်အေ တပ်မဟာ (၇) သို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ငြိမ်းချမ်းရေး ကောင်စီမှ KNU သို့ ပြန်လည် ရောက်ရှိလာသည့် ဗိုလ်မှူး စောလေးမူး“ကျနော်တို့ ရပ်တည်ဖို့ အာမခံချက် မရှိဘူး၊ သူတို့ ခိုင်းတာပဲ အကုန် လုပ်ရမှာ၊ ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာက ကိုယ့်အမျိုးသား တွေအတွက် ငြိမ်းချမ်းဖို့ လုပ်တာဆိုပြီး အဖိုး ထင်မောင် ပြောတာ၊ အခုတော့ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ် ခိုင်းတာလုပ်ရမယ်ဆိုတော့ ကျနော်တို့ရည်ရွယ်ချက်နဲ့ တခြားဖြစ်သွားမယ်၊ အဲဒါ ကြောင့်မို့ ကျနော်ထွက်လာခဲ့တာ” ဟု ဗိုလ်မှူး စောလေးမူးက ပြောသည်။
“ကျနော်တို့ ရပ်တည်ဖို့ အာမခံချက်မရှိဘူး၊ သူတို့ခိုင်းတာပဲ အကုန်လုပ်ရမှာ၊ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာက ကိုယ့်အမျိုးသား တွေအ တွက် ငြိမ်းချမ်းဖို့လုပ်တာဆိုပြီး အဖိုးထင်မောင်ပြောတာ၊ အခုတော့ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ် ခိုင်းတာလုပ်ရမယ်ဆိုတော့ ကျနော်တို့ရည်ရွယ်ချက်နဲ့ တခြားဖြစ်သွားမယ်၊ အဲဒါကြောင့်မို့ ကျနော်ထွက်လာခဲ့တာ” ဟု ဗိုလ်မှူး စောလေးမူးက ပြောသည်။
ပြီးခဲ့သည့်လ (၂၈) ရက်နေ့က ငြိမ်းချမ်းရေးကောင်စီအဖွဲ့များကို နအဖအာဏာပိုင်များက ဖားအံမြို့တွင် ခေါ်ယူကာ အသက်ကြီး သူများ ကို ပါတီဖွဲ့ ရွေးကောက်ပွဲဝင်ခိုင်းပြီး ကျန်တပ်ဖွဲ့ဝင်များကို အင်းအားလျော့ချကာ နယ်ခြားစောင့်တပ် ပြန်လည်ဖွဲ့စည်းပြီး ကာကွယ်ရေး ဦးစီးချုပ် လက်အောက်တွင် ထားရှိမည်ဖြစ်ကြောင်း ပြောဆိုဖိအားပေးခဲ့သည်ဟု ၎င်းက ပြောသည်။
လက်ရှိ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်များ အခြေအနေနှင့်ပတ်သက်၍ “၂၀၁၀ ပြီးရင် တပ်တွေကိုပြန်ဖွဲ့စည်းပြီး နယ်ခြားစောင့်တပ်အဖြစ် ထားမယ်၊ နအဖတပ်လို နေရမယ်ဆိုရင်တော့ ကျနော့်လူတွေ တယောက်မှ ရှိတော့မှာမဟုတ်ဘူး၊ ပါတီဖွဲ့ဖို့ကလဲ ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ ပါတီဖွဲ့နိုင်လောက်တဲ့သူ တယောက်မှမမြင်ဘူး၊ အဖိုးထိန်မောင်ဆိုရင်လဲ အသက်ကကြီးလာပြီး သူ ပါတီထောင်ပြီး ဘယ်လို ရွေး ကောက်ပွဲ ဝင်နိုင်မလဲ” ဟု ပြောသည်။
နအဖ စစ်အစိုးရ အနေဖြင့် ငြိမ်းချမ်းရေး အဖွဲ့ဝင်များ အပေါ်ထားရှိသည့် သဘောထား နှင့်ပတ်သက်၍ လည်း “တစုံလုံ အတိုင်းအတာ ပြောရရင် ကျနော်တို့ လူထုတွေနစ်နာတာပဲရှိတယ်၊ နအဖလုပ်ရပ်သာ အောင်မြင်ရင် တိုင်းသူပြည်သားတွေ ပိုပြီး နစ်နာမှာပါ၊ အားလုံး အခြေအနေက ပရုပ်လုံးလို လုံးပါးပါးသွားမှာပဲ၊ သူတို့ပြောတဲ့ ဒီမိုကရေစီဆိုတာလဲ တိုင်းသူပြည်သားတွေအတွက် ဖြစ်လာမှာ မဟုတ်ပါ ဘူး၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အားလုံးဟာ ၂၀၁၀ ပြီးရင် အားလုံးပျက်သုဉ်းသွားမှာပါ” ဟု ပြောသည်။
နအဖမီဒီယာများက ငြိမ်းချမ်းရေးအဖွဲ့များမှ ပြန်လည်ရောက်ရှိလာသူများကို KNU မှ သတ်ဖြတ်ပစ်ကြောင်း ပြောဆိုနေခြင်းသည် လိမ်လည်မှုများသာဖြစ်ပြီး တကယ်တမ်းလက်တွေ့တွင် နွေးထွေးစွာ ကြိုဆိုဆက်ဆံကြောင်း ၎င်းက ဆက်လက်ပြောသည်။
“သူတို့ပြောတာ တခြားစီပါဗျာ၊ သူတို့သတင်းမှားတယ်ဆိုတာ ကျနော်ကိုယ်တိုင် ကြုံနေရပြီ၊ ကျနော် အေးအေးဆေးဆေးပဲ လက်ထိပ်ခတ်တာတောင် မရှိဘူး၊ နွေးထွေးစွာ ကြိုဆိုတယ်၊ စားဖို့သောက်ဖို့ကအစ သူတို့လုပ်ပေးတယ်၊ အခုလိုပြောတာကလဲ ဘယ်သူမှ ဖိအားပေးလို့မဟုတ်ဘူး၊ နအဖမီဒီယာတွေက သတင်းအမှားတွေပဲ ဖြစ်တယ်ဆိုတာ ကျနော် ပြောချင်ပါတယ်” ဟု ပြောသည်။
လက်ရှိ ဗိုလ်ချုပ်ထင်မောင်ဦးစီးသည့် ငြိမ်းချမ်းရေးကောင်စီတွင် တပ်ရင်း ၉ ရင်းနှင့် အထူးတပ်ရင်း ၁ ရင်း ထားရှိကာ လက်နက်ကိုင်အင်အား ၃၀၀ ဝန်းကျင်သာရှိကြောင်း ၎င်းက ပြောသည်။
လက်ရှိ ငြိမ်းချမ်းရေးကောင်စီတွင် ကျန်ရစ်ခဲ့သူများကို ၎င်းအနေဖြင့် “ကျနော့် လုပ်ဖော်ကိုင်ဖက်တွေကို မှာချင်တာက အခြေအနေအရပ်ရပ်ကို အားလုံးသိတဲ့အတွက် ခြေမကျွံခင် ပြန်လာခဲ့ကြပါလို့ မှာချင်တယ်၊ ရှေ့လှမ်းရမှာကလဲ ချောက်ကမ်းပါးပဲဆိုတာကို သိလျှက်နဲ့ ဆက်မမှားစေချင်တော့ဘူး၊ မိခင် KNU ရဲ့ရင်ခွင်ကို ပြန်လာဖို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူး စောလေးမူးက တိုက်တွန်းပြောဆိုသည်။
ဗိုလ်မှူးစောလေးမူး မိခင် KNU သို့ ၎င်း၏မိသားစုဝင် ၄ ဦးနှင့်အတူ ပြန်လည်ရောက်ရှိလာသည့်အပေါ် တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက “ဟိုမှာနေလို့ အခြေအနေမကောင်းတော့ဘူး၊ အများအတွက် အမျိုးသားအတွက် အကျိုးမရှိဘူးဆိုတာကို သိလို့ ပြန်လာတာ၊ သူ့မိသားစုတွေရော အရင်ကအတိုင်း အေးအေးဆေးဆေး ပြန်လာနေပါ နွေးထွေးစွာပဲ ကြိုဆိုပါတယ်” ဟု ပြောသည်။
No comments:
Post a Comment