Sunday, December 6, 2009

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကြေးမုံသတင်းစားတိုက် ဝန်ထမ်းများ

သို့ /

အယ်ဒီတာခင်ဗျား
ကျွန်တော်/မ တို့သည် ကြေးမုံ သတင်း စာတိုက်တွင် တာဝန်ထမ်း ဆောင်နေကြ သူများ ဖြစ်ကြပါသည်။ ယခုနှစ်တွင် ကြေးမုံ သတင်း စာတိုက် အပါအ၀င်၊ အခြားသော သတင်း စာတိုက်များပါ နေပြည်တော်သို့ ပြောင်းရွှေ့ ခဲ့ရပါသည်။

သို့ရာတွင် ကြေးမုံသတင်းစာတိုက်တွင် ပြောင်းရွှေ့မိန့်ရရှိထားကြသော ရုံးအုပ်နှင့် တာဝန်ရှိသူများသည် မန်နေဂျာ၊ အခြားပိုင်ရာဆိုင်ရာများနှင့် ပူးပေါင်းကာ ရန်ကုန်အထိုင်အနေဖြင့် ကျန်ရစ်ခဲ့ကြပါသည်။

အခြားသတင်းစာတိုက်များသည် ရာထူးကြီးငယ်မဟူ အားလုံးပြောင်းရွှေ့ကြပါသည်။
ကြေးမုံသတင်းစာတိုက်တွင် အမှန်တကယ် တာဝန်ရှိ(ရာထူးကြီး)သော သူများမပါဝင်ပဲ လူငယ၊် အောက်ခြေ၀န်ထမ်း များသာ ပြောင်းရွှေ့ခဲ့ရပါသည်။

အလျည်းသင့်သူများကိုသာ ရွှေ့/ပြောင်း လုပ်နေပါသည်။
ထို့အပြင် ကြော်ငြာဌာန နှင့်တကွ ဖြန့်ချီရေးစသော၊ ဌာနတို့မှာလည်း မန်နေဂျာနှင့် အလျဉ်းသင့်သူများသာ တာဝန်ချ ထားခံနေရပါသည်။

ယခုနေပြည်တော်သို့ ရောက်ရှိရာတွင်လည်း အဆောင်နှင့် အဆောင်ထမင်း/ဟင်းများအား ၀င်ရောက်ကြီးကြပ်မှူး မရှိ ခြင်းကြောင့်၊ အဆောင်ထမင်း/ဟင်းမှာ စီစဉ်/ချက်ပြုတ်မှူ ညံ့ဖျင်းလှပါသည်။

သို့ဖြစ်ပါသောကြောင့် မန်နေဂျာနှင့်တကွ တာဝန်ရှိသူလူကြီးများဧ။် စီမံညံ့ဖျင်းမှုကြောင့် အောက်ခြေ၀န်ထမ်းများ ထိခိုက်နစ်နာနေကြရသည်ကို အရေးယူဆောင်ရွက်ပေးပါရန် we ခွပ်ဒေါင်းမြေ မှတဆင့် လေးစားစွာတင်ပြအပ်ပါ သည်။

No comments: