Friday, December 4, 2009

ရာမညတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးနိုင်ရှောင်အား အရှေ့တောင်တိုင်းမှခေါ်ယူတွေ့ဆုံ

Kaowao

မွန် ခွဲထွက် တပ်ဖွဲ့ တစ် ဖွဲ့ဖြစ်သော ရာမည တပ်ဖွဲ့ ၏ခေါင်းဆောင် ဗိုလ်မှူးကြီး နိုင်ရှောင်သည် နိုဝင်ဘာ (၃ဝ)ရက် နေ့တွင် ရေးမြို့ နယ်မှ မော်လမြိုင်မြို့ ရှိအရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ သွားရောက် တွေ့ဆုံခဲ့ သည်ဟု မွန်ပြည်သစ် ပါတီ ဗဟိုဌာ န ချုပ်ရှိ အရာရှိ တစ်ဦးမှ ပြောပါ သည်။

ဗိုလ်မှူးကြီး ရှောင်၏ တပည့်ဟောင်း တစ်ဦး အဆိုအရ ၄င်းလက်နက် ချစဉ် အတွင်း နအဖ တပ်ဘက်ကို ပေးထား သောဂတိနှင့် လုပ်ငန်း စီမံချက် များကို အကောင်အထည် ဖေါ်ဆောင်နိုင်ခြင်း မရှိသဖြင့် အရှေ့ တောင်တိုင်း စစ်ဌာန ချုပ်မှ ခေါ်ယူ တွေ့ဆုံခြင်း ဖြစ်သည် ဟုဆိုသည်။

ထို့အပြင် ၄င်းတို့ တောင်းဆို ထားသော ဌာနေပြည် သူ့စစ်တပ် အသွင်ကိုလည်း စစ် အာဏာပိုင် များမှ ယခု အချိန်အထိ ခွင့်ပြုချက် မပေးသေး ဟုပြောပါသည်။

မော်လမြိုင်မြို့ရှိ စစ်ဘက်နှင့်နီးစပ်သူတစ်ဦး၏အဆိုအရ ဗိုလ်မှူးကြီးနိုင်ရှောင်ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ခေါ်ယူတွေ့ဆုံသည်မှာ မှန်ကန်ကြောင်း မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို မသိရကြောင်း ယနေ့ တိုင် မော်လမြိုင်မြို့ရှိ နေအိမ်တွင်နေထိုင်နေဆဲဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

မွန်ပြည်သစ်ကနေ အနားယူထားသောဗိုလ်မှူးကြီးဟောင်းနိုင်ရှောင်သည် ၂ဝဝ၉ခုနှစ်ဇွန်လလောက်တွင် ရာမည တပ်ဖွဲ့ကို စတင်တည်ထောင်ခဲ့ပြီး စစ်အစိုးရကို စစ်ရေးအရလက်နက်ကိုင်တိုက်ခိုက်မည်ဟု ကျေညာချက်ထုတ်ပြန် ခဲ့သော်လည်း အောက်တိုဘာ(၁၂)ရက်နေ့တွင် မြဝတီမြို့မှတဆင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ လက်နက်ချ ခဲ့သည်။

ရေးမြောက်ပိုင်းဒေသတွင် ဌာနေပြည်သူ့စစ်အသွင်ဖွဲ့စည်းရန် ကြိုးပမ်းနေသည်ဟု မွန်နိုင်ငံရေးအကဲခတ်သူအချို့ ၏ပြောပြချက်အရ သိရပါသည်။

No comments: