သျှမ်းသံတော်ဆင့်
လယ်မြေအသိမ်းခံရသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ ကချင်မိသားစုဝင် ၅၀၀ ခန့်သည် အလုပ်အကိုင်ရှား ပါးပြီး ကျန်းမာရေး လူမှုရေး ပညာရေး ကဏ္ဍများတွင် ထိခိုက်နစ်နာနေကြောင်း လယ်အသိမ်းခံရသူ ကချင်အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ယုဇနကုမ္ပဏီ၏ ပလောပီနံဥ စိုက်ပျိုးရေးစီမံကိန်း အတွက် ဖားကန့်မြို့နယ် ၀ါရာဇွတ် ၊ ဘန်ကောက် ၊ နမ်ဆာ ၊ အောင် ရာနှင့် စွန်လွတ်ရွာများမှ ကချင်ရွာသားများပိုင်သည့် လယ်ဧက ၇၀၀ ကျော်ခန့်ကို ၂၀၀၇ မှ၂၀၁၀ အတွင်း လျော်ကြေး မပေးပဲသိမ်းယူခဲ့ခြင်းဖြစ်သည်။
“၂၀၀၇ ကနေ စသိမ်းတာ၂၀၁၀ မှာ ကုန်သလောက်ဖြစ်သွားပြီ လယ်လုပ်ကိုင်တဲ့သူ ၅၀၀ လောက်ရှိတယ် အသိမ်းခံ ရတာက ဧက ၇၀၀ နဲ့ ၁၀၀၀ ကြားမှာရှိတယ် အခုလယ်မရှိတော့ ကျနော် လယ်မလုပ်ရတာ ၂ နှစ်ရှိပြီ”
“နောင်းမှီနဲ့ တဘန်ရွာတစ်လျှောက် လယ်လုပ်တဲ့နေရာတွေမှာ သူရင်းငှားဝင်တယ်။ တောထဲက ဟင်းသီးဟင်းရွက် ကောက်ရောင်းတယ်။ ရပ်ဝေးမှာရွှေကျင်စားတယ်။ အဲလိုဝမ်းစာအတွက်ရှာစားနေရတယ်” ဟု ၀ါရာဇွတ်ရွာသား လယ်အသိမ်းခံရ သူက ပြောသည်။
ထိုသို့ အိမ်ထောင်ဦးစီးများက ရပ်ဝေးတွင် ငွေရှာထွက်နေရသဖြင့် မိသားစုနှင့် ရပ်ရေးရွာရေးများ လစ်ဟာမှုရှိနေပြီး ကလေးများ၏ ကျန်းမာရေးပညာရေးများ ထိခိုက်နစ်နာနေရသည်ဟု သူကဆိုသည်။
ယုဇနကုမ္ပဏီ၏ လယ်မြေသိမ်းယူမှုအား ရွာသားများက နစ်နာကြေးပေးရန် တိုင်ကြားမှုများရှိခဲ့ပြီး ယခုလဆန်းပိုင်းတွင် နစ်နာကြေးပေးမည်ဟု ယုဇနကုမ္ပဏီက ကမ်းလှမ်းလာသော်လည်း အဆင်ပြေမှု မရှိကြောင်းသိရသည်။
“ဒီလဆန်း ၆ ရက်နေ့အထိ ရွာသားတွေကို မြေယူမလား ငွေယူမလားဆိုပြီး ခေါ်ပြောတယ်။ သက်ဆိုင်ရာရပ်ကွက်မှူး ဥက္ကဋ္ဌနဲ့ ရဲတစ်ယောက်နှစ်ယောက်ပါပြီးတော့ အခုယူပါ နောက်ဆို မသေချာဘူး မရနိုင်ဘူး ခင်ဗျားတို့ ရှေ့နေနဲ့တောင်းဆို ထားက သေချာတာမဟုတ်ဘူး။ အဲလိုမျိုးဝိုင်းပြောတော့ ယူကြတာပေါ့ ”
“ဒါပေမဲ့အဆင်မပြေဘူး၊ ခါတိုင်းလုပ်စားတဲ့နေရာပဲ ပြန်ပေးပါဆိုတော့ အဲဒီနေရာမပေးဘူး။ အဝေးနေရာပဲ လိုက်ပြတယ် ကျောက်ရှိတဲ့နေရာတွေ တောင်ကြိုတောင်ကြားတွေ လယ်လုပ်လို့မရတဲ့နေရာတွေ ဖြစ်တော့ အဆင်မပြေဘူး။ ငွေကျ တော့ တစ်ဧကကို ၅ သိန်းလောက်ဆုံးရှုံးတယ်။ သူတို့ကစေတနာကြေး ဂသောင်းပဲပေးမယ်လို့ ပြောတယ်” ဟု သူက ဆိုသည်။
ယုဇနကုမ္ပဏီသည် ကချင်ပြည်နယ် နမ္မတီးနှင့် တနိုင်းကြား လီဒိုလမ်းမဘေးတစ်လျှောက်ရှိ မြေဧက ၂ သိန်းကျော်ကို နအ ဖ စစ်အစိုးရထံမှ ၂၀၀၆ က ၀ယ်ယူခဲ့ပြီး ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ မြေဧက ၄ သိန်းခန့်ကိုလည်း ထပ်မံတိုးချဲ့သိမ်းယူခဲ့ ကြောင်း KNG ကချင်သတင်းဋ္ဌာနက ရေးသားထားသည်။
No comments:
Post a Comment