Thursday, August 26, 2010

နအဖ၏ ခြိမ်းခြောက်ဖိအား လက်မခံရေး ၀ နှင့် မိုင်းလား တို့ဆုံးဖြတ်ကြောင်းပြန်

သျှမ်းသံတော်ဆင့်

မိုင်းလား နှင့် ၀ တပ်ဖွဲ့ခေါင်းဆောင် စရဖ အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံပြီး နောက်ပိုင်း ပန်ဆန်း၌ အစည်း အဝေး ထိုင်ခဲ့ကြပြီး ဘော်ဒါဂတ် လုပ်ရေး၊ လက်နက် ချရေး နအဖ ခြိမ်းခြောက် ဖိအား ပေးမှု လက်မခံ နိုင်ကြောင်းဆုံး ဖြတ်ကာ ညင်သာပြန် ကြားခဲ့ ကြောင်း စုံစမ်း သိရှိရ ပါသည်။

ကျနော်တို့ နှစ်ဖွဲ့ခေါင်းဆောင်တွေ ၃-၄ ရက် ဆွေးနွေးပြီး မနေ့က နေ့လည်ပိုင်း ဆုံးဖြတ်ချက်ချကြတယ်၊ ညနေပိုင်းမှာ နအဖ ထံ အကြောင်းပြန်လိုက်ပြီ။ ငြိမ်းချမ်းရေးဆက်ထိန်းမယ်။ အဓိက ကတော့ ဒီအတိုင်းဘဲ ဆက်နေသွားပါရစေဆိုတာပါဘဲ” - ဟု အစည်းအဝေး တက်ရောက်သူနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

“တိကျတဲ့အဖြေကတော့ ကျနော်တို့တောင်းဆိုတာကို နအဖ လက်မခံဘဲ ပါယ်ချထားတယ်၊ ကျနော်တို့က တော့ သူတို့ဘောင်ခတ်တဲ့အတိုင်းလုံးဝလိုက်လုပ်ရမယ်ဆိုတာ မဖြစ်နိုင်ဘူးလေ၊ ‘ဒီအတိုင်းဘဲ ဆက်နေသွားဖို့၊ နောင်တက်လာမယ့် အစိုးရသစ်မှာမှ ဆွေးနွေးဖို့’ ဆိုတဲ့ပြန်စာအတွက် နှစ်ဖွဲ့စလုံးဆုံးဖြတ်ပြီး ပြန်လိုက်ပြီ”- ဟု ၀ တပ်မှူးတဦးက ပြော၏။

သီးခြားအတည်မြုပနိုင်သေးသည့် သတင်းတရပ်မှာ ‘ဗိုလ်ရဲမြင့် ပြောစကားက သတင်းထွက်နေတဲ့အတိုင်း မဟုတ်ဘူး၊ သူပြောတာက -အသွင်ပြောင်းဖို့ အချိန်လွန်သွားပြီ၊ အသွင်ပြောင်းဖို့ (အခွင့်အရေးမရှိ တော့ဘူး) လုံးဝလက်နက်ချရမယ်၊ နောက်ပြီး ၀ တပ်ဖွဲ့ခွင့်ြုပသည်ဖြစ်စေ မပြုသည်ဖြစ်စေ နအဖ အာဏာပိုင်တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်တွေ ၀ နယ် အတွင်းဝင်မှာဘဲတဲ့၊ ပန်ဖှာ့ရဲ့တပ်မဟာ ၁ သျှမ်းတပ်ဖွဲ့လည်း လက်ခံလာ အောင်လုပ်မယ် - လို့ကိုပြောတာ’- ဟုလည်းပြောဆိုသည်။

နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံအရ ဟိုပန် ၊ မိုင်းမော ၊ ပန်ဝိုင် ၊ နားဖန်း မော်ဖှနှင့် ပန်ဆန်း ၆ မြို့နယ် ၀ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း အဖြစ် သတ်မှတ်ထားသည်။

၁၂၊၈၊၂၀၁၀ ရက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်သူ့လွတ်တော်မဲဆန္ဒနယ်မြေများ ထုတ်ပြန်ရာ တွင် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင်ပါဝင်သည့် ၆ မြို့နယ်ကိုလည်း မဲဆန္ဒနယ်မြေ ၆ နေရာ သတ်မှတ်ခဲ့သည်။

လက်ရှိတွင် မိုင်းမော ၊ မိုင်းပေါက် ၊ မိုင်းဖျဲန် ၊ ပန်ဝိုင် ၊ နားဖန်း နှင့် ပန်ဆန်း ၆ မြို့နယ်ကို ၀ တပ်ဖွဲ့က ထိန်း ချုပ်ထားပြီး ဟိုပန်နှင့်မော်ဖှ(မတ်မန်)မြို့နယ်ကိုမူ နအဖစစ်တပ်က ထိန်းချုပ်ထားသည်။

၂၀၀၉ နိုဝင်ဘာ ၀ တပ်ဖွဲ့၏ နအဖထံတင်ပြတောင်းဆိုချက်စာတမ်း၌ ထိုင်းနယ်စပ် အနီး မိုင်းဆတ်၊မိုင်းတုံ မြို့နယ် ၁၇၁ စစ်ဒေသနှင့် လက်ရှိ ၀ ထိန်းချုပ်နယ်မြေ မိုင်းပေါက်၊ မိုင်းဖျဲန်မြို့နယ်တို့အား မိုင်းပေါက်ခရိုင်သတ်မှတ်၍ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်းထည့်သွင်းရန်တို့ ပါရှိသည်။

အပစ်ရပ် လက်နက်ကိုင်အဖွဲ့များဖြစ်သည့် အင်အား ၂ သောင်းကျော်ရှိ ၀ ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP အပါအ၀င် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ မုံးလားအဖွဲ့နှင့် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်မ ဟာ ၁ အဖွဲ့တို့သည် လက်နက်ချရေးကိုမဆိုထားနှင့်နအဖ၏နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အဆိုကို ယနေ့တိုင်ငြင်းဆန်နေဆဲ ဖြစ်သည်။

No comments: