Tuesday, August 24, 2010

တပ်ရင်း(၂၉၉)နှင့် မွန်ရာမညအဖွဲ့တို့တိုက်ပွဲဖြစ်

မိအိန်ပိုင်၊ ကောင်းဝါ

မိအိန်ပိုင် (၂၄-သြဂုတ်)။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ (၉)မိုင်ရွာတွင် (၂၁-၈-၁၀)၊ စနေနေ့ည(၉)နာရီခွဲခန့်၌ ကင်းပုန်းဝပ်နေသော (၂၉၉) တပ်ရင်းနှင့် မွန်ပြည်သစ်ပါတီမှ ခွဲထွက်သွားသည့် မွန်ရာမညတပ်မ တော်တို့ ထိပ်တိုက်တွေဆုံပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

တိုက်ပွဲတွင် တပ်ရင်း(၂၉၉) ဘက်ကထိခိုက်မှုမရှိသော်လည်း မွန်ရာမညတပ်ဖွဲ့ ဖက်မှ (၃)ဦး သေဆုံးပြီး (၂)ဦးထွက်ပြေးသွားကြောင်း တိုက်ပွဲဖြစ်ခဲ့သည့်နေရာမှ ခြံရှင်များကပြောပါသည်။

“ မွန်ရာမညအဖွဲ့ ကတော့ သူတို့ ပိုက်ဆံကောက်ဖို့ လာတာ။ အခုလို တိုက်ပွဲဖြစ်သွားတော့ သူတို့ ငွေမကောက်ဖြစ်ဘူးဗျ၊ ဒါပေမဲ့ ဒီလိုတိုက်ပွဲဖြစ်လိုက်တော့ အခုခြံသွားတဲ့အခါပေါ့လေ သတိနဲ့  သွားလာနေရတယ်” ဟု (၉)မိုင်ရွာသားတစ်ဦးက ပြောပြသွားပါသည်။

T (၉)မိုင်ရွာနှင့် အနီးပတ်ဝန်းကျင်မှရွာများတွင်မူ တိုက်ပွဲမဖြစ်ခဲ့သည်မှာနှစ်နှင့်ချီ ကြာခဲ့ပြီး ဖြစ်ပါသည်။ T နေရာ T ဒေသသည် နှစ်စဉ်နှစ်တိုင်း ဆပ်ကြေးအကောက်ခံနေကြနေရာဖြစ်ပြီး T အချိန်သည် ဆပ်ကြေးကောက် ချိန်ဖြစ်ပါသည်။

မွန်ရာမညတပ်ဖွဲ့ သည် လည်း မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းမှ ပေါ်ပေါက်လာသည့် အဖွဲ့ ဖြစ်ပါသည်။

No comments: