Tuesday, August 31, 2010

ထိုင်းနယ်စပ် ၀ တပ်ဖွဲ့များမြောက်ပိုင်း ၀ နယ်သို့ တပ်ရုပ်မပြန်ပါကတိုက်မည်ဟုနအဖခြိမ်းခြောက်

မွေခေါင်

မိုင်းတုံ-မိုင်းဆတ်မြို့နယ် ထိုင်းနယ်စပ်တလျှောက်အခြေစိုက်သော တောင်ပိုင်း ၀ တပ်ဖွဲ့စစ်ဒေသအမှတ် ၁၇၁ လက်အောက်ခံတပ်များအားလုံး မြောက်ပိုင်း ၀ နယ်သို့တပ်ရုပ်မပြန်လျှင်ထိုးစစ်ဆင်မည်ဟု နအဖဖက်မှခြိမ်းခြောက် ထားကြောင်း စုံစမ်းသိရှိရပါသည်။

မိုင်းတုံ-မိုင်းဆတ်မြို့နယ် ထိုင်းနယ်စပ်တလျှောက်အခြေစိုက်သော တောင်ပိုင်း ၀ တပ်ဖွဲ့စစ်ဒေသအမှတ် ၁၇၁ လက်အောက်ခံတပ်များအားလုံး မြောက်ပိုင်း ၀ နယ်သို့တပ်ရုပ်မပြန်လျှင်ထိုးစစ်ဆင်မည်ဟု နအဖဖက်မှခြိမ်းခြောက် ထားကြောင်း စုံစမ်းသိရှိရပါသည်။

“တောင်ပိုင်း ၀ တပ်ဖွဲ့တွေ ပန်ဆန်းဘက်အားလုံးပြောင်းခိုင်းထားတယ်။ မပြောင်းဘူးဆိုရင်စစ်ဖြစ်မယ်လို့ မိုင်းဆတ် ဒကစမှူးကခြိမ်းခြောက်ထားတယ်” ဟု မိုင်းတုံဒေသခံတစ်ဦးကပြောပါသည်။

သြဂတ်စ် ၂၇ ရက် နံနက်ပိုင်း မိုင်းဆတ်-မိုင်းတုံမှ နအဖစစ်အရာရှိအချို့ စစ်ကားကြီး ၆ စီး၊ ကားငယ် ၃ စီးဖြင့် မိုင်းတုံအနောက်တောင်ဖက် မိုင်းကျွက်သို့ခရီးထွက်ခဲ့၏။ မိုင်းကျွက်အခြေစိုက် တပ်မဟာ ၇၇၂ မှ ၀ အရာရှိများအား ခေါ်ယူပြောဆိုပြီး ညနေပိုင်း ပြန်သွားခဲ့ကြသည်။

နောက်တစ်နေ့ သြဂတ်စ် ၂၈ ရက် မိုင်းယွမ်းအခြေစိုက်တပ်မဟာ ၅၁၈ မှတပ်မှူးအပါအ၀င် ဖှိုးဝှီးကားအစီး ၂၀ ကျော် မိုင်းကျွက်သို့ထွက်ခွါသွားကြသည်ဟုဆို၏။

“အသက်သွေးချွေး/ငွေအား/ပစ္စည်းဥစ္စာတွေ အများကြီးရင်းနှီးထားရပြီမို့ ၀ ဖက်ကတပ်ရုပ်မပေးနိုင်ဘူး။ နအဖဖက်က တိုက်မယ်ဆိုရင်လဲတိုက်ပေါ့။ သူတို့သဘောအတိုင်းဘဲ” ဟု ၀ တပ်မှူးကပြောဆိုကြောင်း မိုင်းကျွက်ဒေသခံတစ်ဦးက ပြောပါသည်။

ဝ တပ်ဖွဲ့စစ်ဒေသ ၁၇၁ လက်အောက်ခံတပ်မဟာ ၅ ခုရှိပြီး ၇၇၂ မိုင်းကျွက်၊ ၇၇၅ ဟွေအော့၊ ၇၇၈ ခိုင်းလုံ၊ ၂၄၈ ဟိုယွက်-ဟိုပန်နှင့် ၅၁၈ မိုင်းယွမ်းတို့၌ အသီးသီးအခြေစိုက်ကြသည်။

“၀ တပ်တွေ တပ်ရုပ်မပြန်ရင်စစ်ဖြစ်မယ်လို့ နအဖဖက်ကခြိမ်းခြောက်ထားပေမဲ့ တခြားဒေသကလာတဲ့စစ်အင်အား ထပ်ဖြည့်တာမတွေ့ရဘူး” ဟု ၎င်းကဆက်လက်ပြောပါသည်။

တဖက်မှလည်း မိုင်းတုံမြို့နယ်အတွင်းရှိ ၀ ရွာသားများလာမည့်ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီကိုမဲပေးထောက်ခံ ရမည်ဟုလည်း ဒေသခံနအဖအာဏာပိုင်များပြောဆိုထားသည်။

မဲပေးပိုင်ခွင့်ရှိသူ ၀ လူထုစာရင်း ၅၀၀၀ ကို ၀ အုပ်ချုပ်ရေးအဖွဲ့ကစာရင်းတင်ပြခဲ့သော်လည်း ၂၀၀၈ ပြည်သူ့ ဆန္ဒခံယူပွဲ၌ ၀ လူထုစာရင်း ၈၀၀၀ ရှိသည်ဟုစာရင်းရထားသဖြင့် စစ်ဆေးရလိမ့်မည်ဟုလည်း နအဖကဆို၏။

No comments: