Thursday, August 26, 2010

ဘုန်းကြီးအပေါ်ခေါင်းပုံဖြတ်တဲ့ သာသနာရေးဦးစီးမှူး

သာသနာကို ကြည်ညိုသူ တစ်ဦး

သျှမ်းပြည် ( မြောက်ပိုင်း ) မူစယ်ခရိုင်သာသနာရေးဦးစီးမှူး ဦးသန်းဇော်လတ် သည် တစ်ဖက်နိုင်ငံ ဂျေဂေါဝ် နှင့် မူစယ်မြို့ အတွင်း လာရောက် အလှူခံသော ရပ်ဝေးဆရာတော်များထံမှ ခေါင်းပုံဖြတ်အမြတ်ထုတ်လျက်ရှိသည်။ အချို့သော သံဃာအတုများ ဖြစ် မှန်းသိသော်လည်း အရေးမယူဘဲတစ်ရက်လျှင် ငါးထောင်ကျပ် ပေးနိုင်ပါကမသိကျိုးကျွံပြုထားပြီး ဆက်လက်နေထိုင်ခွင့်ပြုထား သည်။

သာသနာရေးဦးစီးမှူးဆိုသည်မှာ မြတ်စွာဘုရား၏သာသနာထွန်းကားပြန့်ပွားရေးအတွက် ဆောင်ရွက်ရပြီးမိမိတာဝန်ယူ ထားသောဒေသထဲအတွင်း သံဃာ့နာယကဆရာတော်များနှင့်ပူးပေါင်း၍ ဘာသာ၊သာသနာအကျိုး ဆောင်ရွက်ရမည့် အဖွဲ့အစည်းဖြစ်သည်။

ဦးသန်းဇော်လတ် နှင့် မူစယ်မြို့နယ်သံဃာ့နာယကအကျိုးတော် ဆရာတော်ဆောင် တောင်ရပ်ကွက်မဟာစည်သာသနာ့ ရိပ်သာ ဆရာတော် ဘဒ္ဒ န္တသောဘန တို့သည်ကထိန်ပွဲကျင်းပခွင့်၊ အလှူပွဲကျင်းပခွင့် နှင့် တရားပွဲများကျင်းပခွင့်များ အတွက်ငွေကြေး လာဘ်ထိုးမှသာခွင့်ပြုပေးကြသည်။ တရားပွဲကျင်းပခွင့်အတွက် ဦးသောဘနက အနည်းဆုံး ငါးသောင်းကျပ်၊ ဦးသန်းဇော်လတ် က သုံးသောင်းကျပ်နှင့် ဆန်တစ်အိတ် ပေးမှခွင့်ပြုသည်။

ကထိန်ပွဲပြုလုပ်မည်ဆိုလျှင်လည်း ဦးသန်းဇော်လတ် နှင့် ဦးသောဘန တို့နှစ်ဦးအား ငါးသိန်းကျပ် ပေးရကြောင်း ကထိန်ပွဲပြုလုပ် ခဲ့သူ တစ်ဦးက ပြောပြသည်။ ၎င်းတို့ထံငွေကြေးပေးဆောင်ထားခြင်းမရှိပါကကျင်းပပြုလုပ်ခွင့် အားဆိုင်းငံ့ထားသည်။

ဤကဲ့သို့ သာသနာထွန်းကားပြန့်ပွါးစေရန် စေတနာသဒ္ဒါစိတ်ထားဖြင့်ဆောင်ရွက်ရမည့်အစား သာသနာကို ခုတုံးလုပ်စားသူ ခရိုင်သာသနာရေးဦးစီးမှူးအား နယ်စပ်ဒေသ တာဝန်မပေးသင့်ကြောင်း မူစယ်မြို့ဒေသခံများ ပြောဆိုနေကြသည်။

No comments: