- ကန္တာရ၀တီတိုင်း(မ်)
မဲရုံကော်မရှင်များက ကရင်နီပြည်နယ်အတွင်းရှိ ကျေးလက်တောရွာ ဒေသများနှင့် အစိုးရတပ်တို့ လုံခြုံရေး မယူနိုင်သည့် နေရာများရှိ မဲရုံများကို ထပ်မံဖျက်သိမ်းလိုက်ပြီး ဒေသခံများ၏ နာမည်စာရင်းများကို မဲထည့်ပြီးသားအဖြစ် သတ်မှတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။
ဒီးမော့ဆိုမြို့နယ် ဒေသခံတဦးက “အဲဒါကို စာရင်းတွေမှာ မဲထည့်ပြီးသား ဖြစ်သွားတယ်။ ရပ်ကွက် ဥက္ကဌနဲ့ မဲကော်မရှင် မဲရုံစောင့်အဖွဲ့တွေက ပေါင်းပြီး ရွာသားတွေရဲ့ မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်းကို ကြည့်ပြီး မဲထည့်ပြီးပြီလို့ ထည့်လိုက်တယ် စာရင်းထဲမှာ” ဟု ပြောပါသည်။
မြို့နှင့် အလှမ်းဝေးသည့် နေရာဒေသများ ဖြစ်သည့် လွယ်လင်၊ ဒေါတမကြီး၊ ကွန်နန်းနှင့် ဟိုယာ စသည့် ကျေးရွာတော်တော်များများတွင် ရှိသည့် မဲရုံများကို ပြီးခဲ့သည့် အပတ်က ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။
မဲသွားရောက်ထည့်ခဲ့ဖူးသူ ဒီးမော့ဆို ဒေသခံ အမျိုးသမီးတဦးမှလည်း “တကယ်မဲထည့်တာ၊ သရုပ်ပြတယ်လို့ သူတို့ မပြောဘူးလေ။ မဲထည့်ပါ အဲလိုမျိုးပေါ့နော်။ အမှန်ရယ် အမှားရယ်ခြစ်ပေါ့နော်။ ဘာခြစ်မလဲ အဲလိုမျိုး ပဲလေ။ သူတို့ပြောလိုက်တော့ ကျမလဲအဲမှာ ကိုယ်ခြစ်ချင်တဲ့ဟာကို ခြစ်လိုက်ပြီးတော့ ထည့်လိုက်တာပဲ မဲပုံးထဲကို” ဟု ပြောပါသည်။
ဖျက်သိမ်းမခံရသည့် မြို့နှင့်နီးစပ်သည့် ဒေသများကို ရပ်ကွက်ကိုယ်စား တရပ်ကွက်လျှင် ၁၀ ဦးခန့် ခေါ်ယူပြီး မဲထည့်ပုံထည့်နည်းကို သင်ကြားပို့ချပေးပြီး ၎င်းတို့၏ ရပ်ကွက်အား ပြန်ရောက်လျှင် ပြန်လည်ပြောကြားခိုင်းသည်ဟု လွိုင်ကော်ဒေသခံ တဦးက ပြောပါသည်။
No comments:
Post a Comment