KNG
.ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဒူကထောင်ရပ်ကွက်တွင် ထောင်ထားသည့် အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ (NDF)မှ ဝင်ပြိုင်မည့် ဦးမာခါး ဆိုင်းဘုတ်အား မနေ့ည အဖြုတ်ခံလိုက်ရသည်။
“အခု ကျတော့် ဆိုင်းဘုတ်က အံသြစရာပဲလေ။ သံမှိုနဲ့ ရိုက်ထားတာ၊ ခုတော့ အစအနတောင် မတွေ့တော့ဘူး။ အဲတာကြောင့် အခု ကျတော် ရပ်ကွက် ဥက္ကဋ္ဌနဲ့ တွေ့မယ် ပြောကြည့်မယ်။ ခု အဲတာ စုံစမ်းနေတာပေါ့။ ဘယ်လိုပျောက်သွားလဲလို့ သဲလွန်စ ပြန်ရှာနေတယ်။” ဟု ဦးမာခါး ပြောသည်။
“ပြည်သူ့အစစ် ဘဝသစ် ခေါင်းစဉ်အောက် ရုပ်ပြောင်နဲ့အတူ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဆိုသလို အတိတ်က သင်ခန်းစာယူပြီး အနာဂတ်အတွက် အကောင်းဆုံးရွေးချယ်သင့်ပါတယ်။ မင်းသားခေါင်းဆောင်းထားပြီး ကိုယ်ပိုင်ဥင်္ီးနှောက်နဲ့အလုပ်မလုပ်တဲ့ ဒီပုတ်ထဲက ဒီပဲမဖြစ်အောင် ကျတော်ကြိုးစားသွားမယ်လို့ အာမ ခံပါရစေ။” ဆိုသည့် စာသားတွေနှင့်အတူ ရေးဆွဲထားသည့် ဆိုင်းဘုတ် ဖြုတ်ခံလိုက်ရခြင်းဖြစ်သည်။
မည်သူမည်ဝါ ဖြုတ်သည်ကို မသိရှိသေးသောကြောင့် မြစ်ကြီးနား National Democratic Force (NDF) ပါတီမှ စုံစမ်းနေဆဲဖြစ်သည်ဟု သိရပါသည်။
မြစ်ကြီးနားမြို့နယ် NDF ပါတီ ဝင်ပြိုင်မည့် ၎င်းဆိုင်းဘုတ်အား ဧဒင်ရပ်ကွက်နှင့် ဒူကထောင်ရပ်ကွက်တွင် လူသွားလူလာများသော လမ်း၌ ဆိုင်းဘုတ် နှစ်ခုထောင်ထားခြင်းဖြစ်သည်။
“ဖြုတ်ကြည့်တယ် အရမ်းမာနေတော၊့ သံနဲ့ အရမ်းမာနေတော့ မဖြုတ်ပဲထားလိုက်တာ။ အဲဘေးနားမှာ ကြံ့ခိုင်ရေးအဖွဲ့က ခက်ထိန်နန်တို့ပါတီလည်း ကပ်ထားတာရှိတယ်။ နောက်နေ့ သွားကြည့်တော့ ကျတော့် ဆိုင်းဘုတ် မရှိတော့ဘူး။ ဒီရပ်ကွက်ရုံးကို သွားကြည့်တော့ ရပ်ကွက်လူကြီးမရှိလို့ပြန်လာခဲ့ရတယ်။” ဟု ဦးမာခါးမှ ဆက်ပြောသည်။
ပြီးခဲ့သည့် အပတ်တွင်လည်း ဦးမာခါးနေအိမ်တွင် လူထုစည်းရုံးရေးမလုပ်ဆောင်ပေးရန် ရပ်ကွက်ဥက္ကဋ္ဌမှ မကြာခဏပြောဆို ခဲ့သော်လည်း ခုနောက်ပိုင်း စည်းရုံးမှု ပိတ်ပင်ခြင်းမရှိကြောင်း ဦးမာခါးပြောသည်။
No comments:
Post a Comment