Tuesday, May 12, 2009

ဒေါ်အောင်ဆန်းစုကြည် ကြွက်တက်ဝေဒနာ ခံစားနေရ

မေကျော် အင်္ဂါနေ့၊ မေလ 12 2009

ချင်းမိုင်(မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်း စုကြည် ကျန်းမာရေး အတွက်ယမန် နေ့က ဆေးကု သခွင့် ရရှိခဲ့ရာ ကြွက်တက် တတ်သည့် ရောဂါ ၏ အကြောင်း ရင်းခံကို ဆက်လက် ရှာဖွေ စစ်ဆေး နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြား သည်။

“လောလောဆယ်တော့ ကြွက်တက်တာနဲ့ပတ်သက်ပြီး Cause (အကြောင်းရင်းခံ) မသိသေးဘူး။ တိုးတက်မှုတော့ ရှိပါတယ်လို့ဆရာဝန်ကပြောပါတယ်။” ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမကိုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို စစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ဒေါက်တာပြုံးမိုအိ သည် ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ၄နာရီကြာဆေးကုသခွင့် ရရှိခဲ့သည်။

နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်အတွက် ဆေးကုသခွင့် လိုအပ်ပါက အာဏာပိုင်များကို အကြောင်းကြားရသည်။

“ အခုကတော့ ပုံမှန်တွေ့ဆုံခွင့်တော့ မဟုတ်ပါဘူး။ လိုအပ်ရင် လိုအပ်သလို တွေ့ခွင့်ပေးပါတယ်။ ဒေါ်စုက လိုအပ်တယ်ဆိုရင် သက်ဆိုင်ရာလုံခြုံရေးကို အကြောင်းကြားပြီး တွေ့လို့ရပါတယ်။” ဟုဦးဥာဏ်ဝင်းက ပြောကြားသည်။

ယမန်နေ့ နေ့လည် ၁နာရီ ၁၅မိနစ်မှ ညနေ ၅နာရီကျော်ခန့်ထိ ကျန်းမာရေးဆေးကုသခွင့် ရရှိခဲ့သည်။


No comments: