Wednesday, August 26, 2009

ပိုစတာ လှုပ်ရှားမူ စတင်ပြီးနောက် တိုင်းမှူး သောင်းအေး တောင်ကုတ်သို့ ရောက်

Narinjara News

ပိုစတာများကို အမည်မသိသူများက ဖြန့်ကျက်ပြီး ဒေါ်စု လွှတ်မြှောက်ရေး အတွက် လှုပ်ရှားမူ စတင်သည့် နောက်တနေ့တွင် ရခိုင်ပြည် နယ် ပ၀တ ဥက္ကဌ အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးသည် တောင်ကုတ်မြို့သို့ ရောက်ရှိလာသည်။


တောင်ကုတ်က လူငယ် တဦးက “သြဂတ်စ်လ ၂၃ ရက်နေ့ နံနက်မှာ စာတွေ ပိုစတာတွေ ဖြန့်ကြတယ်။ နောက်တနေ့ကျတော့ တိုင်း မှူး သောင်အေး ရောက်လာတယ်။ ခါတိုင်းဆိုရင် ရောက်ပြီး ပြန်သွားလေ့ ရှိတယ်။ ဒီတကြိမ်တော့ ချက်ချင်း မပြန်ဘဲ စကခ (၅) ဌာန ချုပ် မှာ အိပ်နေတာတွေ့တယ်။ သူတို့ တခုခု အစီအစဉ် ရှိမယ်ထင်ပါတယ်” ဟု ပြောသည်။

စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ ပြည်နယ်နှင့် တိုင်းများကို အုပ်ချုပ်ခွင့်ရ တိုင်းမှူးများ အနေဖြင့် ကိုယ်ပြည်နယ်ကိုကိုယ် ဆန္ဒပြပွဲ များ မပေါ်ပေါက်အောင် ထိန်းသိမ်းရန် နေပြည်တော်မှ ညွန်ကြားထားသဖြင့် တိုင်းမှူး သောင်းအေးမှ တောင်ကုတ်တွင် ဆန္ဒပြပွဲများ မပေါ်ပေါက်အောင် ဆောင်ရွက်ရန် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီး သိန်းဆွေလည်း တောင်ကုတ်သို့ ရောက်ရှိနေပြီး မြို့မိ မြို့ဖများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ နှင့် ကြံ့ဖွတ်၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံမည်ဟု သိရသည်။

တောင်ကုတ်မြို့မှာ ရခိုင်ပြည်နယ်တွင်သာမက မြန်မာနိုင်ငံတွင်ပါ စစ်အစိုးရကို ဆန့်ကျင်ရာနှင့် ဒီမိုကရေစီ အရေး လှုပ်ရှားရာတွင် အ ထူး တက်ကြွသော မြို့တမြို့ ဖြစ်သဖြင့် လုံခြုံရေး အရ စစ်အစိုးရ၏ အထူး အရေးစိုက်ခြင်းကို ခံရသော မြို့ ဖြစ်ပြီး တခြားတဘက် တွင် လည်း ပစ်ပယ် လျစ်လျူရှု့ခြင်းကို ခံနေရသော မြို့တမြို့ ဖြစ်သည်ဟု အဆိုပါ လူငယ်က ပြောသည်။

“တောင်ကုတ်က စစ်အစိုးရကို ဆန့်ကျင်ရာမှာ ရှေ့ဆုံးက ပါနေတဲ့ အတွက် တောင်ကုတ်မြို့ ဖွံ့ဖြိုးတိုးတက်ရေးကို ဘာမှ မလုပ်ဘဲ ထား ပါတယ်။ ခုလို မလုပ်ဘဲထားတာဟာ စစ်အစိုးရကို ဆန့်ကျင်တဲ့အတွက် ဖြစ်တယ်ဆိုပြီး တောင်ကုတ် အာဏာပိုင်တွေက အစည်းအဝေး တွေမှာ ခဏ ခဏ ပြောပါတယ်။ တောင်ကုတ်မြို့နယ် အတွင်းမှာ လမ်းတွေက အစ ပျက်စီးနေမယ့် ပြုပြင်တာ မရှိပါဘူး။ အဓိက လူသုံး အ များဆုံး သင်္ဘောဆိပ်လမ်းကို ဆိုရင် ဒီအတိုင်း ပစ်ထားပါတယ်။”

တောင်ကုတ်မြို့မှာ ဒီမိုကရေစီ အရေး လှုပ်ရှားရာတွင် အထူးတက်ကြွသော မြို့ ဖြစ်သဖြင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကပင် မြန်မာနိုင်ငံရှိ မြို့တ၀က်လောက်သာ တောင်ကုတ်လို ကြိုးစား ရုန်းကန်ကြမယ်ဆိုရင် ခုလောက်ဆို မြန်မာနိုင်ငံမှာ ဒီမိုက ရေစီ ရရှိလောက်ပါပြီဟု မှတ်ချက် ပြောဆိုဖူးကြောင်း အဆိုပါ လူငယ်က ပြောကြားသည်။

No comments: