Sunday, August 23, 2009

မြဝတ်ီမြို့တွင် မြန်မာစစ်တပ်မှ လုံခြုံရေး ပိုမိုတင်းကြပ်ထား

မင်းအာသံ၊ ပနွတ်ကျား

မြဝတီ ကော့ကရိတ် ကားလမ်း တစ်လျှေက်တွင် မြန်မာ့ အစိုးရတပ်မှ လုံခြုံ ရေးများ ယခင် ကထက် ပိုမိုတင်းကြပ်ထားပြီး DKBA နှင့် KNU တို့ တိုက်ပွဲ ပြန်လည် ဖြစ်ရန်ရှိ သည်ဟု DKBA အသိုင်းဝိုင်း နှင့် နီးစပ် သူတို့၏ ပြောပြ ချက်အရ သိရသည်။


ယခုရက်သတ္တပတ်အတွင်းမှ စတင်ပြီး မြန်မာအစိုးရစစ်တပ်များမှ စစ်သား အင်အား တိုးမြှင့်ထားကာ လုံခြုံရေး ပိုမိုတင်းကြပ်ထားပြီး ခရီးသည်များကို ယခင်ကထက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ခရီးသည်များမှာ မြဝတီမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ယခင်ကကားပေါ်မှ ဆင်း၍ စစ်ဆေးရန်မလိုအပ်သော်လည်း ယခု ခရီးသည်များ ကားပေါ်မှ ဆင်းပြီး အစစ်ဆေးခံနေရသည်။

ယခုလို လုံခြုံရေးတင်းကြပ်လာရခြင်းမှာ ယခုလ ၁၀ ရက်နေ့က DKBA အချင်းချင်းတိုက်ပွဲဖြစ်ရာမှ တိုက်ပွဲတွင် DKBA စစ်သား နှစ်ဦးက ထွက် ပြေးလာရာ ၄င်းနေ့မှာပင် မြဝတီမြို့မှ ကော့ကရိတ်လမ်းကြောင်းအဆင်း အောက်ဖိုတဲအရောက်မှာ လမ်းရှိ ဂိတ်တွင် စောင့်စစ်ဆေးနေသော မြန်မာ စစ်သား နှစ်ဦးကိုသတ်လိုက်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ၄င်း DKBA တပ်သားနှစ်ဦးကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ လုံခြုံရေးတင်း ကြပ်ထားခြင်းဖြစ်သည်ဟု DKBA နှင့် နီးစပ်သော သူတစ်ဦးမှ သိရပါသည်။

DKBA တို့၏ပစ်ခတ်မှုကြောင့် မြန်မာစစ်သား ၂ ဦး သေဆုံးသည့်ကိစ္စကို အကြောင်းပြုကာ စစ်တပ်တို့က လမ်းတစ်လျှောက်ရှိ ဂိတ်များမှာ လုံခြုံ ရေးတင်းကြပ်ခဲ့သည်ဟု မြဝတီမှ မော်လမြိုင်သို့ ပစ္စည်းသယ် ယူပို့ ဆောင်နေသော ကုန်သည်တစ်ဦးက ပြောသည်။

၎င်း၏ပြောပြချက်အရ “မြန်မာအစိုးတပ်ဘက်က အစောင့်ချထားတာ ကြာပြီးကွာ။ ပြောသံကြား နေတာကတော့ စိန်ခေါ်ပွဲလို့ဆိုတာပဲ။ သူတို့ အချင်းချင်း ပြန်ချဖို့ပဲဖြစ်မယ်” ဟု ပြောသည်။

“အောက်ဖိုတဲမှာ စစ်သားနှစ်ဦးကိုပစ်ပြီး ထွက်ပြေးသွားတဲ့ DKBA စစ် သားနှစ်ဦးကို KNU လက်ထဲ မရောက်သွားအောင် လိုက်ဖမ်း နေ တယ်။ နောက်ပြီ KNU ဘက်က ၄င်းတို့၏ တပ်မဟာ(၇) ကို ပြန်လည်သိမ်းချင် တဲ့အတွက် မြန်မာစစ်အစိုးရက ဒီလိုမျိုး မြဝတီသွားတဲ့ လမ်းကြောင်း တစ်လျှောက်မှာ အစောင့်တပ်တွေ များများချထားခြင်းပင်ဖြစ်တယ်” ဟု ၄င်းက ဆက်ပြောသည်။

No comments: