မိကျလွန်းထော Wed 19 Aug 2009
မုဒုံမြို့ ကန်ကြီးဘုရားရှေ့ရှိ စည်ပင်သာယာဂိတ် (ဘီးခွန်ဂိတ်) တွင် လမ်းမ တန်းပေါ်၌ ဖြတ်သွားသမျှ ကား ဆိုင်ကယ်များကို ဝါးတန်း ဖြင့် ပိတ်၍ အ တင်းအဓမ္မ ငွေကောက်ခံသည်ဟု သိရသည်။
ဆိုင်ကယ်တစ်စီးလျှင် (၁၀၀) ကျပ်ပေးဆောင်ရပြီး၊ ကားတစ်စီးလျှင် (၂၀၀) ကျပ် ပေးဆောင်နေရသည်ဟု လိုင်းကာမောင်းနေသူ တစ်ဦးက ဆိုသည်။
“အဝင်လည်းပေးရ အထွက်လည်းပေးနေရတယ်၊ သူတို့က ပိုက်ဆံမရှိလို့ အဲဒီလိုလုပ်စားနေတာ၊ ဒီလိုလုပ်တာ အထက်ကလူကြီးတွေ သိတာမ ဟုတ်ဘူး” ဟု ၄င်းဒရိုင်ဘာက ဆက်ပြောသည်။
အချို့သောသူများသည် နေ့စဉ်နှင့်အမျှ ၄င်းလမ်းကိုဖြတ်သန်း သွားလာ နေရသည့်အတွက် ထိုသို့ပေးဆောင်နေရသည်ကို မကျေမနပ်ဖြစ်နေကြ သည်။ သို့သော် မည်သို့တိုင်ကြားရမည်ကို မသိသည်ကတစ်ကြောင်း ပြ ဿနာမဖြစ်လိုသည်က တစ်ကြောင်း ထိုကြောင့် ပြည်သူများက မည်သို့မျှ မပြောဘဲ ယခုအခြေအနေအတိုင်း သွားလာနေကြသည်ဟု အမည်မဖော် လိုသူ ဒေသခံတစ်ဦးထံမှ သိရသည်။
၎င်းလမ်းမှာ မုဒုံ-မော်လမြိုင်မြို့၏ အဓိကမိန်းလမ်းမကြီးဖြစ်ပြီး မော်လမြိုင် တက္ကသိုလ်သို့ နေ့စဉ်ကျောင်းတက်နေကြသည့် ကျောင်းသားများကလည်း ထို့နည်းတူ ပေးဆောင်နေရသည်။ မပေးဆောင်နိုင်ပါက တခါတရံ ခြိမ်း ခြောက်ခံရသည်ဟု တက္ကသိုလ်ကျောင်းသားတစ်ဦးက ဆိုသည်။
“ကျွန်တော်က ပိုက်ဆံမရှိတော့ဘူးလို့ ပြောတာ၊ ပိုက်ဆံမရှိရင် ဆိုင်ကယ် ထားခဲ့လို့ ကျွန်တော့်ကို ပြောတယ်၊ ဆိုင်ကယ်တော့မယူပါနဲ့ ကျွန်တော့် လက်စွပ်ယူထားလိုက်ပါလို့ ပြောမှ ကျွန်တော့်ကို ပြန်လွှတ်လိုက်တာ” ဟု ၄င်းတက္ကသိုလ်ကျောင်းသားက ပြောသည်။
၎င်းကန်ကြီးအရှေ့ရှိဂိတ်သည် ထိုသို့ငွေကောက်ခံနေသည်မှာ (၃) လ ခန့်တိုင်အချိန်ကြာခဲ့ပြီး ၄င်းဂိတ်တစ်ခုသည်သာမက မော်လမြိုင်မြို့မှ -သံဖြူဇရပ်မြို့အဝင်ဂိတ်၊ ရေးမြို့အဝင်ဂိတ်၊ ရေးမြို့ တံတားဖြူဂိတ်တို့တွင် လည်း ထိုသို့ငွေကောက်ခံနေကြသည်ဟုလည်း ခရီးသွားလာနေသူများ ထံမှ သိရသည်။
လမ်းပြင်ရန်အတွက် ရည်ရွယ်ပြီး ကောက်ခံနေသည်ဟု ၄င်းစည်ပင်အဖွဲ့တို့ က ပြောသော်လည်း မြို့ပေါ်ရှိလမ်းများမှာ ပျက်စီးမြဲ ပျက်စီးလျှက် ရှိနေ သည့်အတွက် ထိုသို့ကောက်ခံခြင်းသည် ၄င်းတို့အဖွဲ့အချင်းချင်း ဝေစား မျှစားရန်အတွက်သာဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။
“တစ်နေ့တစ်နေ့ ကား၊ ဆိုင်ကယ် အစီးရေ နည်းတာမဟုတ်ဘူး သွားလာ နေတာ၊ တစ်စီးကို (၁၀၀) (၂၀၀) ပေးနေရတယ်ဆိုတော့ ပြည်သူတွေရဲ့ ပိုက်ဆံ ဘယ်လောက်စားနေတာလဲဆိုတာ သိသာတယ်၊ ပြည်သူ့အတွက် လမ်းလို့ အစိုးရက ပြောတာ၊ အခုတော့ ပြည်သူတွေ ပိုက်ဆံပေးပြီး လျှောက်နေရတယ်” ဟု ၄င်းကဆက်ပြောသည်။
No comments:
Post a Comment