Thursday, August 27, 2009

ကိုးကန့်တပ်ဖွဲ့နှင့် တပ်မတော်အကြား တိုက်ပွဲဆက်ဖြစ်

မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ သြဂုတ်လ 27 ရက် 2009
(သတင်းပေးပို့ချိန် - မြန်မာစံတော်ချိန် ၆ နာရီ ၄၅ မိနစ်)

ရွှေလီ ။ ။ ကိုးကန့်နယ်မြေတွင်း၌ ကိုးကန့်တပ်ဖွဲ့နှင့် စစ်အစိုးရ စစ်တပ်အကြား ယနေ့ညနေပိုင်းတွင် ဆက်လက်၍ တိုက်ပွဲများ ဖြစ် ပွား နေပြန်သည်။

လွန်ခဲ့သည့် တနာရီခန့်မှ စတင်၍ ယခုသတင်းပို့ချိန်အထိ ကိုးကန့်နယ်မြေ ချင်းရွှေဟော်မြို့တွင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA စစ်ဦးစီးချုပ်နှင့် အဖွဲ့ဥက္ကဋ္ဌ ဖုန်ကြားရှင် ခေါင်းဆောင်သည့် တပ်များနှင့် တိုက်ပွဲဖြစ်နေသည်။

ယနေ့ နံနက် ၁၀ နာရီခန့်ကလည်း တရုတ်နိုင်ငံ နယ်စပ်ကျေးရွာ ရန်လုံကျိုင်းအနီးတွင် ဖုန်ကြားရှင်၏ တပ်ဖွဲ့နောက်သို့ နောက်ယောင်ခံလိုက်သည့် ရဲတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့အပြင် နယ်စပ်အနီး မြန်မာဘက်ခြမ်းရှိ တောတွင်းတနေရာ၌လည်း နောက်ယောင်ခံလိုက်လာသည့် တပ်မတော် စစ်ကြောင်းတခုကို ဖုန်ကြားရှင်တပ်က ခြုံခိုတိုက်ခိုက်ခဲ့သေးသည်။

ကိုးကန့်ဌာနချုပ်တည်ရှိရာ လောက်ကိုင်မြို့သည် သံလွင်မြစ်အရှေ့ဘက်တွင် တည်ရှိပြီး တရုတ်နယ်စပ်နှင့် ကပ်လျက်ရှိသည်။

No comments: