Thursday, December 17, 2009

လှိုင်သာယာတွင် အလုပ်သမားများ ဆန္ဒပြ

ဖနိဒါ | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၀၉ ခုနှစ်

ချင်းမိုင်(မဇ္ဈိမ)။ ။ လှိုင်သာယာမြို့နယ် စက်မှုဇုံ ၃ ရှိ Weng Hong Hung အထည်ချုပ် စက်ရုံတွင် အလုပ်သမားများက ယနေ့နံနက် ၈ နာရီမှ စတင်ကာ ဆန္ဒပြ တောင်းဆိုမှုများ ရှိနေသည်။

“အလုပ်သမားတွေ ဆန္ဒပြတာ မဟုတ်ပါဘူး။ တောင်းဆိုကြတာပါ။ Weng Hong Hung စက်ရုံမှာပါ။ ဒီမနက် ကတည်းကဘဲ။ အလုပ်စဝင်ကတည်းကပဲ။ လူကြီးတွေ အခုမှ ညှိနေတုန်းပါ”ဟု စက်မှုဇုန်ရှိ အမည်မဖော်လိုသူ အလုပ်သမားရေးရာ အရာရှိတဦးက မဇ္ဈိမသို့ တယ်လီဖုန်းမှတဆင့် ပြောသည်။

သို့သော်လည်း အသေးစိတ်ပြောရန်ကိုမူ သူက ငြင်းဆိုလိုက်သည်။

ဆန္ဒပြသူ ၈၀၀ ခန့်ရှိပြီး အချက် ၁၄ ချက် တောင်းဆိုထားသည်ဟု လတ်တလော သိရကြောင်း ရန်ကုန်ရှိ မဇ္ဈိမ သတင်းထောက်က ပြောသည်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ စက်ရုံအတွင်း ရောက်ရှိကြောင်း သူက ပြောသည်။

“ပြည်ထဲရေးဝန်ကြီးရော။ ရဲချုပ်ရော။ ရောက်နေတယ်။ အလုပ်သမားတွေ တောင်းဆိုတာကို ညှိနှိုင်းနေတယ်။ အကုန်လုံးဘဲ”ဟု သူက ဆက်ပြောသည်။


No comments: