ခိုနူမ်းထုန်သတင်း၊
ချင်းပြည်နယ်မတူပီမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်တွင် မရာဒေသခံများ မဲကွဲအောင် ယူအက်စ်ဒီပီပါတီ က မရာဒေသခံကိုယ်စားလှယ် စေလွှတ်လိုက်သည်ဟု ဒေသခံများက ပြောကြသည်။
ချင်းလူမျိုးစု၊ မရာမျိုးနွယ်ပြည်သူများသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် မရာဒေသခံကိုယ်စားလှယ်များ ပါဝင်နိုင်ရေးအတွက် မရာလူထုခေါင်းဆောင်များ စုဝေးပြီး တိုင်း ရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ ( အီးအဲန် ဒီပီ) ကို ဖွဲ့စည်းကာ ရာမျိုးနွယ်ကိုယ်စားလှယ်များကို ရွေးချယ်ယှဉ် ပြိုင်စေခဲ့သည်။
သို့သော် အဆိုပါမဲဆန္ဒနယ်တွင် ယူအက်စ်ဒီပီ ပါတီမှ မိမိတို့ကိုယ်စားလှယ်အဖြစ် မရာဒေသခံတဦးအား လူမျိုးစု လွှတ် တော်ကိုယ်စားလှယ်အဖြစ် ခေါင်းခေါက်ရွေးချယ်ခဲ့ကြသည်။
” အီးအဲန်ဒီပီ မဲကွဲအောင် မရာဒေသခံအချင်းချင်း ယှဉ်ပြိုင်ခိုင်းတာပါ၊ ဒါက ရှင်းပါတယ်” ဟု အမည်မဖော် လိုသည့် ရယက ဥက္ကဌ တဦးက ယမန်နေ့ညမှာ ခိုနုမ်းထုန်ကို ပြောသည်။
ဆက်လက်ပြီး အဆိုပါက ” မဲပေးတဲ့နေရာမှာ ပြည်သူက အထူးသတိထားဖို့လိုလိမ့်မယ်၊လူထုက တညီတ ညွတ်တည်းဖွဲ့စည်းထားတဲ့ ပါတီက အီးအဲန်ဒီပီပဲလေ၊ အီးအဲန်ဒီပီ ပါတီ ရည်ရွယ်ချက်က ဘာလဲဆိုတာ ပြည်သူတွေသိပါတယ်” ဟု အီးအဲန်ဒီပီ ပါတီစည်းရုံးရေးမှူးတဦးက ပြောသည်။
မတူပီမြို့နယ်မဲဆန္ဒနယ်မှ ယူအက်စ်ဒီပီ ကိုယ်စားလှယ်လောင်းများသည် နိုင်ငံသားမှတ်ပုံတင်ပြုလုပ်လိုသူများ အနေဖြင့် ယူအက်စ်ဒီပီပါတီကို မဲပေးပါက အခမဲ့ပြုလုပ်ပေးမည်ဟု ပြည်သူ အား စည်းရုံးကြသည်။ ယခုလက်ရှိ မတူပီမြို့နယ်အတွင်း နိုင်ငံသားမှတ်ပုံတင်ပြုလုပ်ခသည် လူတဦး ကျပ်ငွေ ၁၅၀၀၀ ဖြစ်သည်။
” အမှန်တော့ မှတ်ပုံတင်ပြုလုပ်ပေးမှာက သူတို့မဟုတ်ဘူး၊ ဒါပေမဲ့စစ်အစိုးရပါတီဆိုတော့လဲ အာဏာရှိတာ ပေါ့” ဟု ဒေသခံ ကျောင်းဆရာတဦးက ပြောသည်။
မတူပီမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မြေတွင် ယူအက်စ်ဒီပီပါတီမှ လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်အဖြစ် မြို့ နယ် ပညာရေးမှူး အငြိမ်းစား ဦး အာမိ အား ရွေးချယ်ခဲ့ကြသည်။ ဦးအာမိသည် ရိုးရိုး ကုပ် ကုပ်ဖြင့်ုပ်ကိုင် စားသောက်ပြီး နိုင်ငံရေးကို လုံးဝ စိတ်မ၀င်စားသူဖြစ်သည်ဟု သိရသည်။ ဦးအာမိနှင့် ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပါ။
” ကြံ့ဖွံ့ပါတီက သူတို့ကြိုက်တဲ့ ပုဂ္ဂိုလ်တွေကို ခေါင်းခေါက်ရွေးကြတယ်၊သူတို့ပြောတာဆိုတာကို နာခံမည့်
ပုဂ္ဂိုလ်တွေလို့ဆိုရမှာပေါ့” ဟု အဆိုပါ ကျောင်းဆရာက ဆက်ပြောသည်။
အမှတ် ၂ မဲဆန္ဒနယ်တွင် လူမျိုးစု လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ယူအက်စ်ဒီပီပါတီမှ ဦးအာမိ၊ အီးအဲန် ဒီပီပါတီမှ ပူး ဆန်လှေးမန်၊ အမျိုးသားဒီမိုကရေစီအင်အားစုမှ ဦးရွှေထန်း နှင့် စီပီပီပါတီမှ ပေါလ် လျန်လွင် တို့ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်သည်။
No comments:
Post a Comment