Monday, October 11, 2010

ကြံ့ဖွံ့ပါတီက ကျန်းမာရေးဝန်ထမ်များကိုအသုံးပြု မဲဆွယ်နေ

ခိုင်သော်က

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စား လှယ် တို့သည် မြို့နယ်ကျန်းမာရေးဝန်ထမ်းများကို ခေါ်ယူပြီး မဲဆွယ် စည်းရုံး ဟောပြောပွဲများတွင် အသုံးပြုနေကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့ ကျောက်တိုင်ကွင်းရပ်ကွက်နေ အငြိမ်းစား ဗိုလ်ကြီး ဦင်္း ဖေမြင့်၊ ကညင်တန်း ကျေးရွာနေ ဥင်္ီးထွန်းလင်း၊ ကျောင်းဆရာ အငြိမ်းစား ဦး မွှီးချမ်းအောင်း တိှု့ဦးစီးပြီး၊ ၄င်းတို့၏ နောက်လိုက် ကြံ့ဖွံ့၊ ပြည်သူ့စစ် ၊ စွမ်းအားရှင်တို့နှင့်လုံခြုံရေး ရဲများလိုက်ပါ၍ စည်းရုံးရေး ကွင်းဆင်းနေကြောင်း သိရှိရသည်။

ကျောက်ဖြူ ဆေးရုံး မှ ဒေါတ်တာ ကျော်ဆွေ နဲ့ ကျန်မာရေးဝန်ထမ်း ၁၀ ဦးကိုခေါ်ယူကာ အုပ်စုကျေးရွာအလိုက်တရွာဝင်တရွာထွက်စည်းရုံးမဲဆွယ်ဟောပြောပွဲများပြုလုပ်နေသည်ဟု ကျောက်ဖြူမြို့ခံတဦင်္း၏ ပြောပြချက်အရ သိရှိရသည်။

သက်ဆိုင်ရာ ကျေးရွာဥက္ကဌတွေကို သူတို့ကကြိုပြီး အကြောင်းကြားထားတယ်လို့ထင်ရတယ်၊ ကျွန်တော်တို့ကျေးရွာဥက္ကဌ ဆိုရင် ဒီလ ၄ ရက်နေ့ ည ရွာသားတွေ အလုပ်ကအပြန် လူစုံချိန်တွင် အဖွဲ့ဝင်တွေနဲ့ အတူ တရွာလုံးကို တအိမ်ဝင်တအိမ်ထွက် ကျမ်းမာရေးဝန်ထမ်းတွေလာဖို့ရှိတယ်၊ ငှက်ဖျား(၆)လ ကာကွယ်ဆေးထိုးပေမယ်၊ အခမဲ့ ရောဂါရှာဖွယ်ကုသပေးမည်ဖြစ်တယ၊် မနက်ဖန်(၉)နာရီမှာ စာသင်းကျောင်းသို့ တရွာလုံး လူကြီး လူငယ် မကျန်လာကြဖို့ခေါ်ထား ကြောင်း သိရှိရသည်။

အောက်တိုဘောလ ၅ ရက်နေ့နံနက်တွင် ရွာသားများသည် ကျန်မာရေးကိစ္စဆိုသည့်အတွက် စိတ်ဝင်စားကြပြီး ခလေး ၊ လူကြီးမကျန် စာသင်ကျောင်းသို့ အပြေးအလွှားသွားပြီး ထိုင်စောင့် နေကြ ကြောင်း၊ ကြံဖွတ် အဖွဲ့ဝင်များသည် မော်တော်ယာဉ်တစီးဖြင့် (၉)နာရီခွဲခန့်တွင် လုံခြုံရေးအပြည့် နှင့် ရောက်ရှိလာကြကြောင်း သိရှိရသည်။

၎င်းအဖွဲ့များ ရောက် ရောက်ချင်း ဥက္ကဌကိုလူစုံပြီလားမေးပြီး၊ ရွာသားများကို ကျောင်းအတွင်းသို့ ၀င်၍ထိုင်ကြရန် ပြောဆိုပြီး၊ လက်ရှိနိုင်ငံတော် အစိုးရ အကြီးအကဲများ နှင့်ဖွဲ့စည်းထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးပါတီကို မဲထည့်ကြဖို့ နှင့် လမ်းမှန်ကိုရွေးတက်ကြဖို့ လမ်းမှားကိုမလိုက်ကြဖို့ နိုင်ငံတော်ကိုအကျိုးပြုမည့်ပါတီသည် တခုတည်းသောပါတီဖြစ်ကြောင်း၊ နောက်ပါတီအဖွဲ့တွေများသည် နိုင်ငံတော်ကို အကျိုးပြုနိုင်မည့် ပါတီများမဟုတ်ကြောင်း ၂ နာရီခန့် ကြာလိမ်ညာမဲဆွယ်ပြီး၊ ဘာ ငှက်ဖျား ကာကွယ်ဆေး၊ ရောဂါရှာဖွယ်ခြင်းများကို ပြုလုပ်ကုသ မပေးဘဲ ပြန်လည်လွှတ်လိုက်သဖြင့် ရွာသားများ ဆဲဆိုအော်ဟစ်ကာ ပြန်လာခဲ့ကြသည်ဟု အုန်းတောအုပ်စုကျေးရွာမှ ရွာခံသားတဦင်္း၏ ပြောပြချပ်အရ သိရှိရသည်။

No comments: