နိရဉ္စရာ
ဘင်္ဂလာဒေခ်ျ့နိုင်ငံ တက်ကနက်မြို့နယ်ရှိ မြန်မာနိုင်ငံမှ မူဆလင် ဒုက္ခသည်များအတွက် ဖွင့်လှစ်ထားသော နာယာပါရာ စခန်းတွင် ဒုက္ခသည် အမျိုးသမီး တစ်ဦးကို လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့် အတူ ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။
ဖမ်းဆီးခံရသူ အမျိုးသမီးမှာ မနော်အာရ်ရှာ (အသက် ၂၅ ) ဖြစ်ပြီး နာယာပါရာ စခန်းရှိ အဆောင်အမှတ် ၁၀၁၂ မျဉ်းစောင်း ၅ တွင် နေထိုင်သူ ဖြစ်သည်။
သတင်းအရ ဘင်္ဂလာရဲ အဖွဲ့မှ စခန်းကို ၀င်ရောက် စစ်ဆေးစဉ် မနော်အာရ်ရှာထံမှ ဒေသလုပ် လက်နက် ၃ လက် အပါအ၀င် ကျည်ဆံ ၁၉ တောင့်ကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
မနော်အာရ်ရှာ၏ ထုတ်ဖေါ်ပြောချက်အရ သူမ၏ ခဲအိုနှင့် စုစုပေါင်း စခန်းတွင်းတွင် နေထိုင်နေသူ ဒုက္ခသည် ၁၅ ဦးတို့သည့် မြန်မာဘက်မှ ဒေသခံများနှင့် ပူးပေါင်းပြီး ဓါးပြတိုက်မူများကို မကြာခဏ ကျူးလွန်မူများ ရှိခဲ့ကြောင်း ရဲအဖွဲ့သို့ ပြောသည်ဟု ဆိုသည်။
သူမကို ယခုအခါ ကော့ဘဇားမြို့သို့ ပို့ဆောင်လိုက်ပြီ အာဏာပိုင်များက စစ်ဆေး မေးမြန်းမူများ ပြုလုပ်နေသည်။
ဘင်္ဂလာဒေခ်ျ့တွင် မြန်မာနိုင်ငံမှ ၀င်ရောက်ခိုလုံလာသော မူဆလင် ဒုက္ခသည်များ အတွက် တရားဝင် ဖွင့်လှစ်ထားသော စခန်း ၂ခုရှိပြီး နာယာပါရာ ဒုက္ခသည် စခန်းမှာ ထိုအထဲမှ တစ်ခု ဖြစ်သည်။
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် တလျောက်တွင် မကြာခဏ ဓါးပြတိုက်မူများ ဖြစ်ပေါ်နေပြီး ယခု ဖမ်းဆီးရမိသော သေနတ်များကို အဆိုပါ ဓါးပြမူများတွင် အသုံးပြုခဲ့ဖွယ် ရှိသည်ဟု ဘင်္ဂလာ ရဲအရာရှိများက ပြောသည်။
No comments:
Post a Comment