နန်းဒွေး
ရှမ်းပြည်တောင်ပိုင်း အော်တိုတယ်လီဖုန်းလိုင်းရှိတဲ့မြို့နယ်တွေမှာ တယ်လီဖုန်းတွေကို One stop service နဲ့ ချထားပေး မယ်ဆိုပြီး စက်တင်ဘာလဆန်းမှာ ကြော်ငြာခဲ့ပါတယ်။ တစ်ခါတည်းလျှောက်၊ တစ်ခါတည်းငွေသွင်းပေါ့။ ရက်ကန့်သတ် ချက်က စက်တင်ဘာ (၁) ရက်ကနေ (၃၀) ရက်အတွင်းပါ။ ဈေးနှုန်းက အရင်လို မသဒ္ဒါလည်းထဲ့၊ သဒ္ဒါလည်းထဲ့ရတဲ့ပြည် နယ် ပ.ယ.က ရံပုံငွေလည်း မပေးရဘူးဆိုတော့ ဟိုပုံးသားတွေ လျှောက်ကြတာပေါ့။
One stop service ဆိုပေမယ့်လျှောက်လွှာ က နဲနေတော့ အဆောင် (၂၆) စောင်လောက်ရောက်မှ ငွေလက်ခံပြီး ငွေသွင်း ဘို့ လုပ်ခါမှဘဲ ပြည်နယ်ဆက်သွယ်ရေးရုံးရဲ့ စီမံကိန်း အေအီးက “မင်းတို့ဟိုပုံးမှာ လိုင်းထပ်ချဲ့စရာ မရှိတော့ဘူး” ဖြစ်ပါလေရော။
ဒါပေမယ့် ဒီစကားပြောလိုက်ပြီးမကြာခင်မှာဘဲ တရားဝင်ကြော်ငြာထားလို့ တင်ထားတဲ့ လျှောက်လွှာ (၂၆) စောင်ထဲက တစ် ယောက်မှမပါဘဲ ဖုန်းတပ်ဆင်ခွင့်နဲ့ ငွေသွင်းခွင့် (၁၀) ယောက်စာ ထွက်လာတာတွေ့ရပါတော့တယ်။
ဒီဖြစ်ရပ်ကို အသေးစိပ်စုံစမ်းတော့ နေပြည်တော်ကနေ တစ်နိုင်ငံလုံး တိုင်းနဲ့ပြည်နယ်တွေကို ၂-၉-၂၀၁၀ မှာ စာထွက်ပြီး အော်တိုအိပ်ချိန်း မြို့နယ်တွေမှာ One stop service နဲ့ ဖုန်းတွေ ထပ်မံချထားပြောကြာခဲ့ပြီး ပြည်နယ်ကလည်း မြို့နယ်တွေ ကို ဒီစာကိုရည်ညွှန်းပြီး ထပ်မံညွန် ကြားခဲ့တာပါ။ ဟိုပုံးကိုလည်း လျှောက်လွှာခေါ်နိုင်ဘို့အတွက် ဘဏ်ငွေစာရင်း Bank account တွေပါ ထပ်ဖွင့်ခိုင်းခဲ့ပါသေးတယ်။ အခု တပ်ဆင်ခွင့်ရသူတွေကတော့ ဟိုပုံးမြို့ခံတစ်ဦးနဲ့ ဆက်သွယ်ရေးရဲ့လက် ထောက်အထွေထွေမန်နေဂျာတို့ ပေါင်းပြီးရိုက်လိုက်တဲ့ရိုက်ချက် ပါဘဲ။ နအဖဟာ ရွေးကောက်ပွဲအမီ လူထုကို မဲဆွယ်ချင် လို့ ဖုန်းတွေ အကန့်အသတ်မရှိချပေးတာတောင်မှ လုပ်စားချင်သူတွေကရှိနေဆဲ။ နအဖ ငွေသွင်းခိုင်းတာက လည်း ၆၅၀၀၀၀ိ/+Deposite ၅၀၀၀၀ိ/၊ စုစုပေါင်း ၇၀၀၀၀၀ိ/ပါ။ အခု တိုးတိုးတိတ်တိတ်ရလာသူတွေကို မေးကြည့် တော့ ၈၅၀၀၀၀ိ/ မှ ၉၅၀၀၀၀ိ/ အထိ မြို့ခံပွဲစာခရော၊ ပြည်နယ်ပါပေးခဲ့ရသည်ဆိုပါ၏။
ရှမ်းပြည်တောင်ပိုင်းဟိုပုံးမြို့ရဲ့ အနေအထားဟာ အခုတပ်ဆင်ထားတဲ့ ဖုန်းစက်တွေမှာ ADSL Modem board မပါလို့ Internet မရနိုင်သလို CDMA,GSMတွေအတွက် ဟိုပုံးမှာ ဖုန်းလိုင်းမရှိပါဘူး။ Dial up နဲ့ သုံးမယ်ဆိုတော့လည်း Dial up free Number ဖြစ်တဲ့ 146 ကို လုံးဝပိတ် ထားပါတယ်။ အစစအရာရာ အပိတ်ခံထားရတဲ့အနေအထားမို့ စစ်အစိုးရရဲ့ မက်လုံး၊ ခြူဆီ ဖုန်းချထားပေးမှုနဲ့ ဒီအပေါ်မှာ လုပ်စားသူတွေ အကြောင်းကို ပြည်သူတွေသိရအောင် ဖေါ်ပြပါရစေ။
ဟိုပုံးသူလေး နန်းဒွေး၊ (ကလောင်အမည်=အလွမ်းနှင်းဆီ)
စာကြွင်း= CDMA 450Hz Hand phone တွေကလဲ ဟိုပုံးမှာသုံးမရပါဘူး။ Repeater ထောင်ပေးစေချင်ပါတယ်။
No comments:
Post a Comment