Friday, August 14, 2009

ရခိုင် နိုင်ငံရေးသမား ဦးစစ်နိုင် သတ်ဖြတ်ခံရ

Narinjara News

ရခိုင်တော်လှန်ရေးနယ်မြေမှ အနားယူပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဘင်ဒရိုဘင်တွင် နေထိုင်သူ ဦးစစ်နိုင်သည် ယနေ့ညနေက မသမာသူ တဦး၏ လက်ချက် ဖြင့်သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဦးစစ်နိုင်မှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအခင်းပြီးနောက် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ထွက်ပြေးခိုလုံလာသူ ဖြစ်ပြီး နိုင်ငံရေး ပါတီများစွာတွင် ပါဝင်လှုပ်ရှားခဲ့သူ တဦး ဖြစ်သည်။

ဘင်ဒရိုဘင်မှ ပေးပို့သောသတင်းအရ ဦးစစ်နိုင်အား အမည်မသိသူ လူငယ် တဦင်္းမှ ယနေ့ညနေ ၈ နာရီခွဲတွင် သတ်ဖြတ်ပစ်ခဲ့သည်ဟု သိရသည်။

ဘင်ဒရိုဘင် ရဲစခန်းမှ အဆိုပါ သတ်ဖြတ်မူကို အတည်ပြု ပြောကြားပြီး ယခုအခါ ဆေးရုံတွင် စစ်နိုင် အလောင်းကို စစ်ဆေးရန် ပို့ထားလိုက်ပြီ ဖြစ်ကြောင်း ပြောကြားသည်။

မည်သည့်အတွက်ကြောင့် သတ်ဖြတ်ပစ်သည်ကို သိရှိရအောင် ရဲအဖွဲ့က ယခုအခါ အမူကို စစ်ဆေး ဖေါ်ထုတ်နေကြောင်းကို ရဲအဖွဲ့က ထပ်လောင်းပြောကြားသည်။

အရပ်ဘက် သတင်းအရ ယခုအခါ သတ်ဖြတ်သူ လူငယ်ကို ဖမ်းဆီးထားပြီး ရဲစခန်းတွင် စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။

ကိုစစ်နိုင်မှာ ကုလမဟာမင်းကြီးရုံး အသိအမှတ်ပြု ဒုက္ခသည် တဦး ဖြစ်ပြီး မိသားစုများနှင့် ဘင်ဒရိုဘင်တွင် နေထိုင်စဉ် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

ဦးစစ်နိုင်မှာ ရန်ကုန်မြို့တွင် နေထိုင်သူ ရခိုင်ယဉ်ကျေးမူ အကနည်းပြ ဒေါ်စိန်စိန်အေး၏ မောင်ဖြစ်ပြီး အမေရိကန်နိုင်ငံတွင် နေထိုင်သူ ကိုစံသာအောင်၏အစ်ကိုလည်း ဖြစ်သည်။

ဦးစစ်နိုင်တွင် ဇနီး ဒေါ်လှခိုင်စိန်နှင့် သားသမီး (၂) ဥင်္ီးကျန်ရစ်ခဲ့သည်။

No comments: