ကန္တာရ၀တီတိုင်း(မ်)
ကရင်နီပြည်နယ် ရှားတောမြို့နယ် သိရိဒါးရွာနှင့် ဒေါကလော်လဲရွာအကြားတွင် စစ်အစိုးရတပ်နှင့် ကရင်နီတပ်မတော်တိုက်ပွဲဖြစ်ရာ စစ် တပ်ဘက်မှ အရာရှိနှစ်ဦးအပါဝင် တပ်သား လေးဦးကျဆုံးသွားသည်ဟု ကရင်နီတပ်မတော်ကပြောသည်။
ကရင်နီတပ်မတော်တပ်ရင်းခွဲ(၃)မှ ဗိုလ်လော်ရယ်နှင့် ဗိုလ်မဲရယ်ဦးဆောင်သည့် တပ်အင်အား၂၅ဦးတပ်ဖွဲ့သည် ၂၀၀၉၊ သြဂုတ်လ ၈ရက်နေ့တွင် စစ်အစိုးရတပ် စကခ ၁၇ လက်အောက်ခံ ခမရ (၅၇၆)အား ဦးစွာဝိုင်းရံပြီး စတင်တိုက်ခိုက်ကြသည့်အတွက် စစ်တပ်ဘက်မှအကျအဆုံးများသည်ဟု ကရင်နီတပ်မတော် ဗျူဟာမှူး ဗျားရယ်က ပြောပါသည်။
၎င်းက “ကရင်နီတပ်မတော်ဘက်က ဒဏ်ရာအနည်းငယ်ပဲရတယ်” ဟုဆက်ပြောသည်။
ကျေးရွာနှင့် အလမ်းဝေးသောနေရာတွင် တိုက်ပွဲ ဖြစ်သောကြောင့် ရွာသူရွာသားများထိခိုက်မှု မရှိကြောင်းသိရသည်။
No comments:
Post a Comment