Friday, October 8, 2010

ပယ်ချခံရတဲ့ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း ၂ ဦးကို ကော်မီရှင်ကပြန်လက်ခံ

ခိုနူမ်းထုန်သတင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်သည့် ချင်းပြည်နယ်ကကြံ့ဖွံ့လွှတ်တော် ကိုယ်စား လှယ်လောင်း ၂ ဦးကို ပြန်လည်လက်ခံလိုက်သည်ဟုသိရသည်။

ကြံ့ဖွံ့ပါတီမှ ဟားခါးမြို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ် ပြိုင်မည့် ဦး ဟရမ်းကျဲအို နှင့် ထန်တလန်မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦး ငွန်ဟရမ်းတို့ကို တရားမ၀င် နိုင်ငံခြားသွားရောက်နေထိုင်မှုကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မီရှင်က ပြီးခဲ့သည့် စက်တင်ဘာ လတုန်းက ပယ်ချ ခဲ့ခြင်းဖြစ်သည်။

၎င်းကိစ္စအတွက် ဗဟိုရွေး ကောက်ပွဲကော်မရှင်ထံ အယူခံလွှာတင်သွင်းခဲ့ပြီး ယခုလဆန်းပိုင်းက ပြန်လည်လက်ခံလိုက် ခြင်းဖြစ်သည်ဟု ဟားခါးမြို့ဒေသခံတဦးကပြောသည်။ သူတို့ကနေပြည်တော်ကို သွားပြီးအယူခံလွှာတင်သွင်းတယ်လေ…ဗဟိုရွေးကောက်ပွဲကော်မရှင်ကပြန်စီစစ်ပြီးတော့ သူတို့နှစ်ဦးက နိုင်ငံခြားကို တရားဝင်သွားရောက်တာဖြစ်တယ်ဆိုပြီး ပြန်လက်ခံလိုက်တာ ဟုဒေသခံကပြောသည်။

အလားတူ ချင်းအမျိုးသားပါတီမှ မင်းတပ်မြို့နယ်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် လောင်း ဦး ဟုန်းနိုင်းကို ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ရာ ငွေရေးကြေးရေးခက်ခဲမှုကြောင့် အယူခံလွှာတင်သွင်းနိုင်ခြင်းမရှိကြောင်း ချင်း အမျိုးသား ၏ပါတီ အတွင်း ရေးမှူးဆလိုင်းကျဲအိုဘခ်ထောင်းက ပြောသည်။

ချင်းအမျိုးသားပါတီအနေဖြင့် အဆိုပါမဲဆန္ဒနယ်ကို လက်လွှတ်လိုက်ကြသော်လည်း အမှတ် ၁ မဲဆန္ဒနယ်တွင် ပြည်နယ် ကိုယ်စားလှယ်အဖြစ် ဦးဖွေးအာ က ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်းသိရသည်။

“ဘာပဲဖြစ်ဖြစ် အမှတ် ၁ မဲဆန္ဒနယ်အတွက် ဖိဖိစီးစီးလုပ်ရမယ်၊ ကိုယ့်အမျိုးသားရေအတွက်ပဲ” ဟု မင်းတပ်မြို့နယ်မှ ချင်းအမျိုးသားပါတီ ခေါင်းဆောင် တဦးက ပြောသည်။
မင်းတပ်မဲဆန္ဒနယ်မြေ(၂)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ဖွံ့ပါတီမှ ဗိုလ်မှူးချူပ်ဟောင်း ဦးဟုန်းငိုင်၊ တစညပါတီမှ ဦးဂေဟုန်း နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချူပ်ပါတီမှ ဦးချွဲရိုင်းတို့ သာယှဉ်ပြိုင်ကြ မည်ဖြစ်သည်။

No comments: