Saturday, October 9, 2010

အာစီယံစံနှုန်းစည်းကမ်းချက်အကြောင်းပြ မြောက်ပိုင်း ကုန်တင်ကားကြီးများ ငွေညှစ်ခံရ

သျှမ်းသံတော်ဆင့်

နအဖ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး စည်းကမ်းသစ်အရ စက်တင်ဘာလနှောင်းပိုင်းကစပြီး ကုန်တင်ကား တွေကို ၂၅ တန်အထက် မတင်ရဘူးလို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အာဆီယံက သဘောတူချမှတ်တဲ့ စံချိန်စံနှုန်းအကြောင်းပြတဲ့ အဆိုပါ စည်းကမ်းအသစ်ဟာ တကယ်တော့ ကညန၊ သစ်တောနဲ့ ပုလိပ်တွေရဲ့စားပေါက်ထွင်ပေးသလိုဖြစ်တဲ့အတွက် မူဆယ်-လားရှိုး-မန္တလေး ပြေးကုန်တင်ကားတွေနဲ့ ကုန်သည် တွေအတွက် အခက်တွေ့ နေရ တယ်လို့ ကုန်ကားမောင်းသူတဦးက ပြောပါ တယ်။

“ကုန်တင်ကားမှာ ကားအလေးချိန်ချည်း ၁၆ တန်ရှိနေပြီ။ သူတို့သတ်မှတ်ထားတဲ့အတိုင်းဆိုရင် ကုန်အလေးချိန် ၉ တန် ဘဲ တင်ရတော့မှာ။ ကုန်သည်အတွက်ရော ကားသမားတွေအတွက်ပါ တွက်ချေမကိုက်တဲ့အပြင် အရှုံးပေါ်ဖို့ဘဲရှိတယ်” လို့ တရုတ်အမျိုးသား ကုန်သည် တယောက်က ပြောပါတယ်။

ဒီစည်းကမ်းချက်အသစ်ထုတ်ပြန်ပြီးတဲ့နောက် လွန်ခဲ့တဲ့ ၃-၄ ရက်ကတည်းက မော်တော်ပီကယ်တွေ၊ ပုလိပ် တွေက လားရှိုး ကနေ မန္တလေးအထွက်လမ်း မယ့်ဟန်ဘက်မှာ စောင့်ဆိုင်းစစ်ဆေးနေကြောင်း ကြားသိရပါတယ်။

ယခင်လက မီးသွေးတင်ပို့ရောင်းချခြင်းပိတ်ပင်ထားတာကြောင့် လားရှိုးအ၀င် မယ့်ဟန်ရွာတ၀ိုက်မှာ မီးသွေးတင်မော် တော်ဆိုင်ကယ်တွေပါ မကျန် ၁ စီး ကျပ်ငွေ ၂- ၃၀၀၀ ရိုက်စားခံရတယ်လို့ အဆိုပါတရုတ်အမျိုးသားကုန်သည်က ဘဲ ဆက်ပြောပါတယ်။

No comments: