ဇော်ကြီး။
စစ်အစိုးရ၏ နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့စည်းရေးကို လက်မခံငြင်းဆန်ထားသည့် ရှမ်းပြည်တပ်မ တော် SSA မြောက်ပိုင်းမှ တပ်မဟာ(၁)တပ်ဖွဲ့က စစ်အစိုးရအား စစ်ကြေငြာလိုက်သည်။
တပ်မဟာ(၁)၊ တပ်မဟာမှူး ဗိုလ်ချုပ်ပန်ဖက စစ်အစိုးရ၏ ဌာနေပြည်သူ့စစ်တပ်ဖွဲ့စည်းရေးကို လက်ခံထားသည့် စိန်ကျောက်ဌာနချုပ်လုံခြုံရေးမှူး ဗိုလ်မှူး လင်ကျင့်မှတဆင့် အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးထံ နုတ်ဖြင့် အ ကြောင်းကြားခိုင်းခဲ့ကြောင်း ရှမ်းသံတော်ဆင့်သတင်း အယ်ဒီတာ ဦးစိန်ကြည်က ယခုလိုပြောသည်။
“ရမခတိုင်းရုံးကို သွားပြောလိုက်၊ တိုင်းမှူးကို သွားပြောလိုက်။ ငါတို့အတွက်လည်း ဒီနေ့ဟာ အပစ် အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ကုန်ဆုံးပြီ။ သူတို့သတ်မှတ်သလိုပဲ ငါတို့သတ်မှတ်လိုက် ပြီလို့ပြော တယ်။ အဲတာ တနည်းတဖုံအားဖြင့်တော့ ဒေသခံလူထု နားလည်တာကတော့ စစ်ကြေငြာလိုက်ပြီ ပေါ့ဗျာ။”
ယခုလ (၁၄) ရက်နေ့နှင့် (၂၀) ရက်နေ့က စစ်အစိုးရတပ်မှ တပ်မဟာ(၁) တပ်ဖွဲ့များအား စတင်ပစ်ခတ်ခဲ့ရာ တိုက်ပွဲငယ်နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အစိုးရတပ်မှ ရဲဘော်တစ်ဦးနှင့် အတူ ၎င်းကိုင်ဆောင်သည့် MA 1 တစ်လက် ဆုံရှုံးခဲ့သည်။
တပ်မဟာ(၁) ဖက်မှသိမ်းဆည်းရရှိသည့် လက်နက်အား ယခုလ (၂၅) ရက်နေ့က စစ်အစိုးရ ထံ ပြန်လည်ပေး အပ်ခဲ့ပြီးသော်လည်း မိုင်းရယ်ဒေသခံလှုပ်ရှားတပ် ဗျူဟာ(၁) ဗျူဟာမှူး ဗိုလ်မှူးကြီးကြည်မြင့်က မကျေနပ်သဖြင့် စစ်အစိုးရတပ်သားအားပစ်ခတ်ခဲ့သူ SSA တပ်မဟာ(၁)မှ တပ်သားနှင့် ၎င်း၏တပ်စိတ်မှူးအား ဖမ်းဆီးပို့ပေးရ မည်ဟု ကျေးရွာသူကြီး များမှတဆင့် တောင်းခံခိုင်းခဲ့သည်။ တပ်မဟာ(၁)ဘက် ယင်းတောင်းဆိုချက်ကို လက်မ ခံခဲ့ပေ။
စက်တင်ဘာလ ၂၉ ရက်နေ့ည သန်းခေါင်အချိန်ကလည်း ၀မ်ပုံကျေးရွာအုပ်စု ကုန်းညု ကျေးရွာရှိ တပ်မဟာ(၁) တပ်စခန်းတစ်ခုအား စစ်အစိုးရတပ်က လာရောက်ပစ်ခတ်ခဲ့ သည့်အတွက် SSA ဖက်မှ ယမန်နေ့နံနက်က ပြန်လည်တုန့်ပြန်ပစ်ခတ်ခဲ့သည်ဟု ဦးစိန်ကြည်က ပြောသည်။
“သဘောက ၁၄ ရက်၊ ၂၀ ရက်၊ ၂၉ ရက် သန်းခေါင်ကျော်မှာ နအဖက သူတို့ကို အရင်ပစ်တာ သုံးခါ လေ။ အဲတာကြောင့် မနေ့ကမနက် စောစောမှာ သူတို့ကအရင် သွားပစ်လိုက်တယ်။”
လတ်တလော ယင်းတိုက်ခိုက်မှုနှင် ပတ်သက်၍ ထိခိုက်ကျဆုံးမှုသတင်းကို အသေးစိတ် မသိရသေးပါ။
ယခုလိုတိုက်ပွဲများဖြစ်ပွားလာသည့်အပေါ် အပစ်ရပ်နှင့် စစ်အစိုးရတို့ကြား ဖြစ်ပေါ်လာနိုင် သည့် အခြေအနေနှင့် ပတ်သက်၍ “အလားအလာက နအဖအပေါ်မှာ မူတည်တာပေါ့။ သူတို့က ဆက်တိုက် ထိုးစစ်တွေ ဘာ တွေလုပ်လို့ရှိရင်တော့ တိုက်ပွဲကတနေရာပြီးတနေရာ ကူးစက်သွားဖို့ အလားအလာများတာပေါ့။ ဒါပေ မယ့် နအဖ ဖက်က နည်းနည်းသျှိုထားမယ် မချဘူးဆိုရင်တော့ ဒီတပ်မဟာ(၁) ဖက်က ကြီးကြီးကျယ် ကျယ် တန်ပြန်ပြီးတော့ သွားတိုက်ဖို့ဆိုတာ ကျန်ာထင်တယ် ငါးဆယ်၊ ငါးဆယ်ဘဲ။”ဟု ဦးစိန်ကြည် က သုံးသပ်ပြောဆိုသည်။
စစ်အစိုးရက အပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့များအား နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ် တပ်အဖြစ်ပြောင်းလဲ ဖွဲ့စည်းရန် လွန်ခဲ့သည့်နှစ်ဧပြီလမှစတင်ကာ ဖိအားပေးပြောဆိုခဲ့ သော်လည်း တိုင်းရင်းသားလက်နက်ကိုင် တပ်များဖက်က လက်မခံငြင်းဆန်ခဲ့ပြီးဖြစ်သည်။
စစ်အစိုးရဖက်မှ ယင်းကိစ္စအပေါ် စစ်ရေးနည်းအရဖြေရှင်းလာပါက ပူးပေါင်းခုခံသွားရန် ၀ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော် UWSA၊ မိန်းလားခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA၊ ရှမ်းပြည်တပ်မ တော်မြောက်ပိုင်း SSA မှ တပ်မဟာ(၁) တပ်ဖွဲ့နှင့် ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် KIA တို့က စစ်ရေး မဟာမိတ်အဖြစ် လွန်ခဲ့သည့် ဇူလိုင်လနှောင်းပိုင်းက ဖွဲ့စည်းခဲ့သည်။
No comments:
Post a Comment