Sunday, August 9, 2009

ALD (ပြည်ပ-ဂျပန်)မှ ရှစ်လေးလုံး အထိမ်းအမှတ် လမ်းလျှောက် ဆန္ဒပြပွဲတွင် ပူးပေါင်း ပါဝင်

Narinjara News 8/9/2009


ဂျပန်နိုင်ငံတွင် ပြုလုပ်သော ၂၁ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ နေ့ အထိမ်းအမှတ် လမ်းလျှောက် ဆန္ဒပြပွဲတွင် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ဂျပန် ဌာနခွဲ) မှ ပူးပေါင်း ပါဝင် ချီတက် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ လမ်းလျှောက် ချီတက် ဆန္ဒပြပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားသူများ ကော်မတီမှ သြဂတ်စ်လ ၈ ရက်နေ့တွင် ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

လမ်းလျှောက် ဆန္ဒပြပွဲကို တိုကျိုမြို့ရှိ shinagawa ရပ်ကွက်ရှိ godenta ပန်းခြံမှ နေ့လည် ၂ နာရီခွဲတွင် စတင်ခဲ့ပြီး ညနေ ၄.၀၀နာရီတွင် မြန်မာသံရုံး အနီးရှိ ပန်းခြံတွင် အဆုံးသတ်ခဲ့သည်။

လမ်းလျှောက်ချီတက် ဆန္ဒပြပွသို့ လူပေါင်း ၁၀၀၀ ကျော်တက်ရောက်ခဲ့ပြီး ရှစ်လေးလုံး ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုမိုးသီးဇွန်လည်း တက်ရောက်ခဲ့သည်။

ကိုမိုးသီးဇွန်မှ ချီတက်ပွဲ အပြီးတွင် ရှစ်လေးလုံးတော်လှန်ရေး ဖြစ်ပေါ်လာပုံ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။

လမ်းလျှောက် ဆန္ဒပြပွဲတွင် တက်ရောက်လာသူများက ဒေါ်အောင်ဆန်း စုကြည် လွှတ်ပေးရေး၊ ၁၉၉၀ပြည့် ရွှေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖော်ရေး၊ စစ်မှန်သော တွေ့ဆုံ ဆွေးနွေးမှု ပေါ်ပေါက်ရေးနှင့် ၂၀၁၀ ရွှေး ကောက်ပွဲ အလိုမရှိ ကြွေးကြော်သံများ ကို ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ဂျပန်)မှ လမ်းလျှောက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများကို သောက်ရေသန့်ဖြင့် ဒါန အလှူ ပြုလုပ်ခဲ့သည်ဟု သိရသည်။

No comments: