Wednesday, August 12, 2009

မွန်ပြည်နယ်အတွင်း ငလျှင်လှုပ်မှု ဖြစ်ပွားခဲ့

မိကျလွန်းထော

ယမန်နေ့ နံနက် ၂ နာရီ ခန့်တွင် မွန်ပြည်နယ်ရှိ နေရာအနှံအပြား၌ ငလျှင် လှုပ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။


၎င်းဖြစ်ပွားမှုမှာ ၅ မိနစ်ခန့်သာ အချိန်ကြာခဲ့ပြီး အချို့သော အိမ်များတွင် အိမ်တုန်ခါမှုကြောင့် ပစ္စည်းအနည်းငယ် ကွဲရှသွားခဲ့သည်ဟု ဘီလူးကျွန်း ( ချောင်းဆုံမြို့နယ်) ရှိ ရွာသားတစ်ဦးက ဆိုသည်။

၎င်း၏အဆိုရ “အချို့အိမ်ဆိုရင် ဗီဒိုမှောက်ကျတယ်၊ ထောင်ထားတဲ့ပုံး တွေဆိုလဲ ပြုတ်ပြုတ်ကျလာတယ်၊ ပန်းကန်းတွေနည်း နည်းတော့ ကွဲ သွားတာပေါ့နော်” ဟု ဆိုသည်။

အခြားသော ရွားသားတစ်ဦးကလည်း ယခုလိုမျိုးငလျှင်လှုပ်ခြင်းမှာ တခါမျှ မကြုံးဖူးသေးကြောင်၊ အကယ်၍အချိန်ကြာမြင့်စွာ လှုပ်ခါသွားပါက အိမ်ပြို သွားနိုင်သည်ဟု ဆိုသည်။

မုဒုံးမြို့နယ် အချို့သောကျေးရွာများတွင်လည်း ၄င်းနည်းတူ ငလျှင်လှုပ်မှု များ ဖြစ်ပွားခဲ့သည်ဟုလည်း မုဒုံမြိုးနယ်သားတစ်ဦးက ဆိုသည်။

“အလျှင်လှုပ်တာ လှုပ်လိုက်ရပ်လိုက်နဲ့ နာရီဝက်လောက်ကြာတယ်၊ အ ပျက်အစီးတော့ မဖြစ်ပါဘူး” ဟု မုဒုံမြို့နယ် ရောင်းဒေါင်း ကျေးရွာသား တစ်ဦးက ဆိုသည်။

မွန်ပြည်နယ်တွင်သာမက ရန်ကုန်မြို့တွင်လည်း တချိန်ထဲမှာပင် ငလျှင် လှုပ်မှုဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။

ထိုသို့ငလျှင်လှုပ်မှုဖြစ်ပွားခြင်သည် အိန္ဒိယသမုဒ္ဒရာမှလာသည့်အတွက် သမုဒ္ဒရာနှင့် ထိစပ်နေသော မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား နှင့် ထိုင်းနိုင်ငံတို့တွင် ဆူနာမီရေလှိုင်းများ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သတိ ပေးချက်များကို အမေရိကန်ရှိ ဘူမိဗေဒဌာနက သတိပေးကြေငြာချက် များ ထုတ်ပြန်ပြီးသော်လည်း ၄င်းသတိပေးချက်ကို ပြန်လည်ရုပ်သိမ်းသွား သည်ဟုလည်း ဗွီအိုအေ မြန်မာ့ရေဒ႘ယိုလိုင်းတွင် ဒီက နေ့မနက် က ကြေငြာထားပါသည်။

၎င်းငလျှင်တုန်ခါမှုနှုန်းမှာ ၇့ ၆ ရစ်ခ်ျတာစကေး ရှိပြီး ပုသိမ်မြို့ အနောက် ဘက် မိုင် ၂၂၅ မိုင်ကို ဗဟိုပြုပြီး လှုပ်ခါသွားခဲ့သည်ဟုလည်း ရေဒီယိုလှိုင်း တွင် ကြေငြာထားပါသည်။

No comments: