Sunday, August 2, 2009

ပြည်သူ့စစ် အသွင်ပြောင်းရန် SSA-N ခေါင်းဆောင်ထပ်မံခေါင်းခါ

သျှမ်းသံတော်ဆင့်

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူ့ စစ် တပ် ဖွဲ့ အဖြစ် အသွင် ပြောင်းရန် အပစ်ရပ် သျှမ်းပြည် တပ်မတော် SSA မြောက်ပိုင်း တပ်ဖွဲ့ ဥက္ကဌ အား လားရှိုး အခြေစိုက် အရှေ့ မြောက် တိုင်း (ရမခ) တိုင်းမှူး က လားရှိုး စစ်တိုင်း ရုံးသို့ ထပ်မံ ခေါ်ယူ တွေ့ဆုံ တိုက်တွန်း ထိအား ပေးခဲ့ကြောင်း မြောက်ပိုင်း သျှမ်းပြည် သ တင်း ရပ်ကွက်က ဆိုသည်။

“ပြီးခဲ့တဲ့ ၂၇ ရက်နေ့ကပေါ့၊ လားရှိုး တိုင်းမှူး ဆင့်ခေါ်လို့ ဥက္ကဌကြီး စ၀်လွယ်မောဝ် စစ်တိုင်းရုံး ရွှေလီ ရိပ်သာ အထိ သွားတွေ့ ရတယ်၊ ပြည်သူ့ စစ်တပ်ဖွဲ့ အဖြစ် ပြောင်းဖို့ ထပ်ပြော တယ်ဆို ဘဲ”- ဟု လားရှိုး စစ်တိုင်းရှုံး အရာရှိများ နှင့် နီးစပ်သည့် အသိုင်း အ၀ိုင်းက ဆို သည်။

ထိုတွေ့ဆုံပွဲ၌ လားရှိုး စစ်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် က အပစ်ရပ် SSA မြောက်ပိုင်း ဥက္ကဌအား ပြည့်သူ့ စစ် တပ်ဖွဲ့ အဖြစ် အသွင် ပြောင်းရန် အဆင်သင့် ဖြစ်မဖြစ် မေးမြန်း ခဲ့ကြောင်း၊ စ၀်လွယ်မောဝ် ကလည်း သျှမ်းပြည် တပ်မတော် အပစ်ရပ် တပ်ဖွဲ့ အနေ ဖြင့် ဂျွန် ၂၃ ရက် နေ့က ဗိုလ်ချုပ် ရဲမြင့်ထံ အခြေ အနေမှန် အားလုံး တင်ပြ ခဲ့ပြီးဖြစ် ကြောင်း၊ အောက်ခြေ အဆင့် လူငယ် အရာ ရှိများ/တပ်မှူး များက အစိုးရ၏ စေတနာ အပေါ်နားလည်ရန် အချိန် ယူရှင်းပြ နေရကြောင်း၊ အလယ် အလတ် စစ်ရေး ခေါင်းဆောင် အများစု လက်မခံ နိုင်သေး သဖြင့် ဘာမျှ မတတ်နိုင် ကြောင်း၊ ရွေးကောက်ပွဲပြီး ၍ ဒီမိုကရေစီ အစိုးရ သစ်ပေါ် ပေါက်လာ မှသာလျှင် အသွင် ပြောင်းရေးကိစ္စ ပြန်လည် ဆွေးနွေး စေလိုကြောင်း၊ စိတ်ရှည် သီးခံရန် မေတ္တာ ရပ်ခံ လိုကြောင်း ပြောကြား ခဲ့သည် ဟု ဆို၏။

စ၀်လွယ်မောဝ်ကအဲဒီလိုလှည့်ပတ်ငြင်းတော့ တိုင်းမှူးကြီးက ဘာမှဆက်မဆွေးနွေးတော့ဘူး၊ အခြားအပစ်ရပ်အဖွဲ့တော် တော် များများကလဲလက်ခံဘူး ကျနော်တို့လဲလက်မခံနိုင်သေးဘူးလို့ အဓိပ္ပါယ်ပေါက်တဲ့ အချက်အလက်တွေလဲပြော တယ်”- ဟု အဆိုပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။

(စစ်အစိုးရ၏ နိုင်ငံတော်ပုန်ကန်မှုအပြင် အခြားအမှုပေါင်းများစွာ စွပ်စွဲမှုဖြင့် ခန္တီးထောင်၌ ထောင်ဒဏ် ၁၀၆ နှစ် ပြစ်ဒဏ် ကျခံရသူ) SSA ခေါင်းဆောင် ဗိုလ်ချုပ်ဆေထဲန် နှင့် န၀တ အစိုးရတို့ ၁၉၈၉ စက်တင်ဘာ ၂၄ ရက်က - ၁။ နှစ်ဦးနှစ် ဘက် အပစ်အခတ်ရပ်စဲထားရန်၊ ၂။ ဒေသဖွံ့ဖြးရေးလုပ်ငန်းများကို နှစ်ဖက်ပူးပေါင်းလုပ်ဆောင်ရန်၊ ၃။ နိုင်ငံရေး ကိစ္စများကို နောင် တက်လာမည့် ဒီမိုကရေစီ အစိုးရသစ်နှင့်သာပြောဆိုဆွေးနွေးရန်စသည့် သဘောတူညီချက်များဖြင့် အပစ်ရပ်ခဲ့ ကြောင်း - ဆိုပါသည်။

ဤအချက်အလက်များကို အပစ်ရပ်သျှမ်းပြည်တပ်မတော် တပ်မှူးများ၊ အရာရှိများ ခိုင်ခိုင်မြဲမြဲစွဲကိုင်ကျင့်သုံးသောကြောင့် ပြည်သူ့စစ်အသွင်ကူးပြောင်းရေးကို လက်ခံလာအောင် စည်းရုံးနိုင်ရန် များစွာအခက်အခဲရှိကြောင်းလည်း ၂၃/၆/၀၉ စရဖ အရာရှိချုပ် ဗိုလ်ရဲမြင့်ထံပေးစာ၌ အတိအလင်းဖေါ်ပြခဲ့သည်ဟုဆို၏။

No comments: