Thursday, October 14, 2010

ပြည်သူများအား မိုးရွာမရှောင် အမှတ်(၂) ကုန်သွယ်ရေးလမ်းမ ပေါင်းရှင်းခိုင်း

ခိုနူမ်းထုန်သတင်း၊ ၁၄၊ ၁၀၊ ၂၀၁၀

စစ်ကိုင်းတိုင်း ကလေးမြို့ အခြေချ ဒစကမှူး အမိန့်ဆိုပြီး အိန္ဒိယ မြန်မာ အမှတ် ၂ ကုန်ုသွယ်ရေးကားလမ်း ၀ဲယာအား လုံခြုံရေးအကြောင်းပြချက်ဖြင့် ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ ဒသခံပြည်သူများကို မိုးထဲရေ ထဲတွင်ချုံနွယ်များ ရှင်းခိုင်းနေသည်ဟု ခရီးသည်တဦးက ဆိုသည်။

ရွေးကောက်ပွဲကာလအတွင်း တာဝန်ကျ စစ်သားများ လုံခြုံရေး လွယ်ကူစေရန်အတွက်ဖြစ်ပြီး လုပ်ငန်းကို အမြန် ဆုံးပြီးစီး ရေးအတွက် ဒစကမှူးကိုယ်တိုင် လာရောက်ကွပ်ကဲကြောင်း သိရသည်။

“ မိုးရွာထဲမှာ မိန်းကလေးအပါအဝင်ပေါင်းရှင်းနေကျတယ်၊ စစ်သားများ နှင့် ရဲများက အနီးကပ် စောင့်ကြည့်နေကြတယ်၊ ကားလမ်းတလျှောက် ပလပ်စတစ်ခြုံပြီးပေါင်းရှင်းနေကြတယ်” ဟု ကုန်သည် ဦးဘီးအာ က ပြောသည်။

ယခုအချိန်သည် ဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းနေသဖြင့် ပြည်သူများ မိမိတို့မိသားစုလုပ်ငန်းတောင် မလုပ်နိုင် ကြကြောင်းသိရသည်။

” မိုးတအားရွာလို့တောင်ယာလုပ်ငန်းကိုတောင်ပစ်ထားကြတယ်၊အမိန့်ဆိုတော့ ကြောက်ရတယ်လေ၊ မိုးရွာလွန်းလို့ အအေးမိဖျားတဲ့သူတွေလည်းရှိတယ်” ဟု သိုင်းငင်းရွာ သားက ပြောသည်။

အခုလုပ်အားပေးနေရသည့် နေရာသည် ကလေးမြို့မှ မိုင် ၂၅ ခန့်ဝေးသည့် သိုင်းငင်းရွာမှ ချင်းပြည်နယ် တီးတိန်မြို့ အ ကြားဖြစ်ကြောင်းသိရသည်။

အမည်မဖော်လိုသူ ကုန်သည်တဦးက “ အခုတီးတိန်မြို့မှ နယ်စပ် Tiau ချောင်းအထိ ကားလမ်းဘေးကိုလည်း ပေါင်း ရှင်းခိုင်းကြောင်း ထပ်မံသိရသည်။

အောက်တိုဘာလပထမပတ်အတွင်း ဒစကမှူး အိန္ဒိယ -မြန်မာနယ်စပ်သို့ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း အခုတလော အိန္ဒိယ -နယ်စပ်တလျှောက်ရှိ စစ်တပ်များသည် နယ်လှည့်ခြင်းများပိုမို ပြုလုပ်နေကြကြောင်း၊ အမှတ် ၂ ကုန်သွယ်ရေး လမ်းကြောင်းကိုလည်း မကြာခင်ပိတ်ပင်ကြလိမ့်မည်ဖြစ်ကြောင်း ကုန်သည်အသိုင်းအ၀ိုင်းက ပြောနေကြ သည်။

No comments: