Monday, January 27, 2014

၂၀၁၅ ရွေးကောက်ပွဲ တိုင်းလုံးကျွတ်အောင်နိုင်ရေး တစညပါတီခေါင်းဆောင်များ ဆွေးနွေးမည်

အောင်ကိုဦး

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မန္တလေးတိုင်းအတွင်း မြို့နယ် ၃၆ မြို့နယ် ပါတီဥက္ကဋ္ဌများ တွေ့ဆုံဆွေးနွေးပြီး ပါတီအောင်နိုင်ရေးအတွက် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းအတွင်းရေးမှူး ဒေါ်သောင်းသောင်းနုက ဇန်န၀ါရီ ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပါတီအောင်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို မန္တလေးမြို့ ၇၁ လမ်းနှင့် ၇၂ လမ်းကြား ၂၇ လမ်း ချမ်းအေးသာစံမြို့နယ်တွင် ဖေဖော်ဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ကျင်းပသွားမည်ဟု သိရသည်။

“ပြင်ဆင်မှုတွေလုပ်နေပါတယ်။ လောလောဆယ် ပါတီအတွက် ရန်ပုံငွေနည်းနေတယ်။ ရန်ပုံငွေရှာဖို့က ဆွေးနွေးပွဲပြီးမှ ဆုံးဖြတ်ပါမယ်”ဟု ၎င်းက ပြောသည်။

တွေ့ဆုံဆွေးနွေးမှုများပြီးပါက မြို့နယ်အလိုက် ခရိုင်အလိုက် ပြည်သူများနှင့် ထိတွေ့မှုများလုပ်ဆောင် ကာ ကျေးရွာအဆင့် ပါတီဆိုင်းဘုတ်များ တင်ပြီးပါက ပါတီအောင်နိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် အ ကောင်အထည် ဖော်သွားမည်ဖြစ်သည်ဟု ဆိုသည်။

မန္တလေးတိုင်းအတွင်း တစညပါတီမှ စည်းရုံးရေးသင်တန်းများကို မြို့နယ်အလိုက် ပို့ချပေးလျက်ရှိပြီး နိုင် ငံရေးအခင်းအကျင်းတွင် အမျိုးသမီးများ၏အခန်းကဏ္ဍမှာ အဓိကပါဝင်လာသည့်အတွက် အမျိုးသမီးထု အကြား အမျိုးသမီးအချင်းချင်း စည်းရုံးရေးဆိုင်ရာသင်တန်းများကို အထူးပြုသင်ကြားပို့ချပေးနေကြောင်း သိရသည်။

No comments: