Tuesday, January 28, 2014

မြန်မာ့တပ်မတော် တပ်မှူးတပ်သားများအား P.S.L.F/T.N.L.A ၏ ပန်ကြားချက်

ရွှေဟင်္သာ

မြန်မာ့တပ်မတော်တပ်မှူးတပ်သားများအား P.S.L.F/T.N.L.A ၏ ပန်ကြားချက်

၂ဝ၁၄ ခုနှစ် ဇန္နဝါရီလ ၂၇ရက် ထုတ်ပြန်ချက် အမှတ်။ ။ ဝဝ၂/ဝ၅/ဌနခ-၂၀၁၄

ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး P.S.L.F သည် တအန်း အမျိုးသား လွတ်မြောက်ရေး အတွက် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် T.N.L.A ကို ပြန်လည် ဖွဲ့စည်းပြီး နောက် မြန်မာ့ တပ်မတော် နှင့် တအန်း တပ်မတော် အကြား လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားလာ သည်မှာ ၂ နှစ် ကျော်ကာလ သို့ ရောက်ရှိ လာပြီဖြစ် သည်။

ထို ၂ နှစ်ကျော် ကာလတို အတွင်း တအန်း နှင့်မြန်မာတပ်မတော်နှစ် ဖက်အကြား ထိတွေ့မှု တိုက်ပွဲ ကြီးငယ် ၂၀၀ ကျော်တွင် နှစ်ဖက် တပ်ဖွဲ့များ ထိခိုက် ကျဆုံးမှု များရှိခဲ့ ပါသည်။မိမိတို့T.N.L.A ဖက်မှ ၁၁ ဦး ကျဆုံး ကာ ၂၀ ခန့် ထိခိုက် ဒါဏ်ရာ ရှိခဲ့ပြီး၊ မြန်မာ့ တပ်မတော် ဖက်မှအနဲဆုံး ၃၀၀ ကျော် ကျဆုံးပြီး ၇၀၀ ကျော် ထိခိုက်ဒါဏ် ရာရရှိခဲ့ ပါသည်။

မြန်မာ့ တပ်မတော် စကခ (၁)၊ စကခ (၁၆)နှင့် ရမခ တိုင်း လက် အောက်ခံ တပ်ရင်း ပေါင်း ၃၀ မှ ၅၀ ခန့််သည် မိမိတို့ တအန်း ဒေသတွင်းပုံမှန်လှည့် လည်ဝင် ရောက်လှုပ်ရှား နေခြင်းကြောင့် တိုက်ပွဲ များဖြစ် ပွားနေခြင်းဖြစ် သည်။၂၀၁၄ ခုနှစ် ဇန္နဝါရီ လ ၁၂ ရက်ထိ တပ်ရင်းပေါင်း ၁၁ ရင်း ထိတိုးချဲ့ လှုပ်ရှားနေ သော တအန်း တပ်မတော် ၏ပျောက်ကျား တပ်စခန်း များကို မြန်မာ့ တပ်မတော်မှ အကြိမ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ သော်လည်းမည့်သည့် တပ်စခန်း ကိုမျှ အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက် ထိန်းချုပ် နိုင်ခြင်း မရှိပေ။

နယ်မြေကျွမ်း ကျင်မှုမရှိခြင်း၊ လူထု ထောက်ခံမှု မရှိခြင်းနှင့်အထက် စစ်ခေါင်းဆောင်များ ၏ တဖက်သတ် အမိန့် ကို မလွန်ဆန် နိုင်ခြင်း တို့ကြောင့် အောက်ခြေ ရှိမြန်မာ့ တပ်မတော်တပ်မှူး တပ်သားများ မလိုအပ်ပဲ ထိခိုက် ကျဆုံးပြီး၊ စစ်အသုံး စရိတ်များမြှင့် တက်ကာ နိုင်ငံတော် ဘဏ္ဍာငွေ များဖြုန်း တီးခဲ့ကြရ သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေး အစည်း အဝေး ခန်းမတွင် ဗိုလ်ချုပ် မှူးကြီး မင်းအောင် လှိုင်က “ဒီမိုကရေစီ တို့ငြိမ်းချမ်းရေး တို့ ဆိုတာက အာဏာ ခွဲဝေဖို့ အတွက် မဟုတ် ပါဘူး။ စစ် မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်း ပေါ် တိုင်းပြည် တည် တည်ငြိမ်ငြိမ် အေးအေး ချမ်းချမ်းနဲ့ တိုးတက် စေဖို့အတွက် ငြိမ်း ချမ်းရေး ယူတာ ဖြစ်ပါတယ်။ ကြောက်လို့လည်း မဟုတ်ဘူး။ ဘယ် သောင်းကျန်းသူ ကိုမှ မတိုက် နိုင်စရာအ ကြောင်း လည်း မရှိပါဘူး။ မတိုက်ရဲ စရာ အကြောင်း လည်း မရှိပါ ဘူး” ဟု ပြောဆို လိုက်ပြန်သည်။

မြန်မာ့ တပ်မတော် စစ်ဦးစီးချုပ် ၏ ထို နှုတ်ထွက် စကားသည်မြန်မာ ပြည်ငြိမ်း ချမ်းရေး ရရှိရန် အတွက် ပိုမို ဝေဝါး စေပြီး ပြည်တွင်း စစ်မီးများ ပိုမိုတောက် လှောင်စေရေး ကိုသာ ဦးတည် နေပါသည်။လက်တွေ့တွင် အမှန် တကယ် ပြည်တွင်း စစ်ဘေး ဒဏ်ကို တိုက်ရိုက် ခံစားနေ ရသူများ မှာ ရှေ့တန်း ရောက်မြန်မာ့ တပ်မတော် တပ်မှူး တပ်သား များ၊ ဒေသခံ မိဘပြည် သူများနှင့် သန်း ခြောက်ဆယ် ကျော်တိုင်းရင်း သားပြည် သူလူထု တရပ်လုံး ပင် ဖြစ်သည်။

လက်ရှိ မြန်မာ့ တပ်မတော် ခေါင်းဆောင် များ၏ပြည်တွင်း စစ် အပေါ် သဘောထား နှင့် ဆောင်ရွက် ချက်များမှာ စစ် ခေါင်းဆောင်ကြီး များနှင့် မိသားစု အသိုင်း အဝိုင်းများတိုက်တာ စည်းစိမ်များ အကြား အာဏာ ယစ်မူးနေ နိုင်ရန် အ တွက် အောက် ခြေရှိ မြန်မာ့ တပ်မတော် တပ်မှူး တပ်သားများ အားတိုင်းရင်းသား များ၏ တောတောင် နယ်မြေ များ သို့ သေကျေ ပျက်ဆီး စေရန် သေတွင်း သို့ပို့ပေးနေခြင်း သာဖြစ်သည်။

မိမိတို့ တအန်း တပ်မတော်သား များမှာလည်းမိမိတို့၏ လူမျိုး၊ တောတောင် နယ်မြေ၊ သဘာဝ သယံဇာ တကို ကိုယ် ကျိုး စွန့်အသက်ပေး ကာ ကွယ်သွားကြ မည်သာ ဖြစ်ပြီး၊မြန်မာ လူမျိုး၊ မြန်မာ့ တပ်မတော် အပေါ် တဘက် သတ် မုန်းတီးစိတ် များ လုံးဝထား ရှိမည် မဟုတ်ပေ။

မိမိတို့၏ လူမျိုး၊ နယ်မြေ၊ သဘာဝ သယံဇာတ များကိုကိုယ်တိုင် စီမံခန့်ခွဲ နိုင်သည့် အမျိုးသား တန်းတူရေး နှင့် ကိုယ်ပိုင် ပြ ဋ္ဌာန်းခွင့် အခွင့်အရေး အတွက်အပြန် အလှန် အသိအမှတ် ပြုနိုင်သည့် နိုင်ငံရေး သဘောတူ ညီချက်များ အကျေ အလည် ဆွေးနွေး ရယူတည် ဆောက်နိုင် ပါကငြိမ်းချမ်း သောပြည်ထောင်စု မြန်မာနိုင် ငံတွင် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် အတွင်းတအန်း တပ်မတော် နှင့် မြန်မာ့ တပ်မတော် အကြား သွေးထွက် သံယို ဖြစ်မည့် နှစ်ဖက် လက်နက်ကိုင် ပြဿနာများချုပ်ငြိမ်း သွားနိုင်ရန် မျှော်မှန်း ထားပါသည်။

ထိုကဲ့သို့ ဖြစ်နိုင်ရန် အတွက်လည်း မိမိတို့ T.N.L.A တအန်း တပ်မတော် ၏ နိုင်ငံရေး ဦးဆောင် ဖြစ်သည့် P.S.L.F ကိုယ်စား လှယ်များနှင့် လက်ရှိမြန်မာ အစိုးရ ကိုယ်စားလှယ် များ ဆက်လက် တွေ့ဆုံဆွေးနွေး နိုင်ရန် ကြိုးပမ်းညှိ နှိုင်းနေ ပါသည်။ ဆွေးနွေး ညှိနှိုင်းမှုများ တဆင့်ချင်း အောင်မြင်မှု ရရှိလာ ပါကတအန်း တပ်မတော် နှင့် မြန်မာတပ်မ တော် အချင်းချင်း လက်ဆွဲ နှုတ်ဆက်ကာ ပြည်ထောင်စု မြန်မာနိုင် ငံကြီးရေရှည် တည်တံ့ ငြိမ်းချမ်း သာယာရေး အ တွက် ဆက်လက် ဆွေးနွေး ဆောင်ရွက် သွားကြ ရမည်ဖြစ် သည်။

ထိုကြောင့် တအန်း ဒေသ အတွင်း T.N.L.A ပျောက်ကျား တပ်များ အခြေချ လှုပ်ရှား နိုင်ခြင်း မရှိစေရန် အမိန့်များ ပေး ပြီး အပြင်း အထန် ထိုးစစ်ဆင် နေခြင်းသည်မြန်မာ့ တပ်မတော် သားများ တအန်း ဒေသတွင် သွားရောက်ပြီး သေ ကြေ ပျက်ဆီး စေရန်နှင့် ကျန်ရစ်သူ တပ်မိသား စုများ ဒုက္ခနွံအိုင် တွင်နစ်မွန်းစေရန် ညွန်ကြား ဆောင်ရွက် နေခြင်း သာဖြစ်သည်။ မြန်မာ့တပ် မတော် ခေါင်းဆောင်ကြီး များ၏ထိုမှားယွင်း သော ဆောင်ရွက် ချက်များကို လိုက် နာရန် သင့်/မသင့် လေးနက် သေချာစွာ စဉ်းစားသုံး သပ်ဆောင်ရွက်ကြ ပါရန်မြန်မာ့ တပ်မတော် တပ်မှူး တပ်သား များ အားလုံး ကို P.S.L.F/T.N.L.A တအန်း တပ်မတော်မှ လေးစားစွာပန်ကြား နိုးဆော် အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
P.S.L.F/T.N.L.A
တအာင်းပြည်

No comments: