Monday, January 27, 2014

လူဦးရေ စစ်တမ်းကို ကျေးရွာပေါင်း (၂၀)တွင်သာ မွန်ပြည်သစ် ပါတီနှင့် ပူးပေါင်းဆောင်ရွက် ရန် ရှိဟု ပြည်နယ် လ၀က မှဆို

မိချမ်းစွန်း

မွန်ပြည်နယ် ရေးမြို့နယ်ရေး ချောင်းဖျား ဒေသ၊ တနင်္သာရီ တိုင်း ရေဖြူမြို့နယ် ကျေးရွာ တချို့နှင့် ဘုရားသုံး ဆူမြို့နယ် ခွဲနေရာ တချို့သာ မွန်ပြည် သစ်ပါ တီနှင့် ပူးပေါင်းဆောင် ရွက်ရန်ရှိသည် ဟု မွန်ပြည် နယ် လူဝင်မှု ကြီးကြပ် ရေး နှင့် ပြည်သူ့အင်အား ဦးစီး ဌာနမှ ဦးဝင်းရဲ ထွန်းက ဆိုပါသည်။

“ လုံခြုံရေး ပေးရမဲ့ နေရာရယ်၊ မွန်ပြည်သစ် ပါတီ အကူအညီ လိုအပ်တဲ့ နေရာတွေရယ် အဲဒါတွေ ကို မွန်ပြည်သစ် ပါ တီနဲ့ ညှိနှိုင်း ပြီးပါပြီး။ စရင်း ကောက်ခံရေး အဖွဲ့တွေကို တော့ ကျနော်တို့ လ၀က ကနေ လွှတ်မဲ့ လူတွေ မဟုတ်ဘူး။ အဲဒီ ဒေသက မွန်စာသင် ကျောင်းတွေက ဆရာ၊ ဆရာမ တွေကိုဘဲ ကောက်ခံရေး နည်း လမ်းတွေ သင်ကြားပေး ပြီး ကောက်ခံသွား မယ်” ဟုဆိုပါ သည်။

မွန်ပြည် နယ်တွင်း လူဦးရေ စရင်းကောက် ခံရေးတွင် နေရာအများစု သည် သွားလာရေး လွယ်ကူပြီး အကောင်အ ထည် ဖေါ်ရသည်မှာ လွယ်ကူကြောင်း၊ မွန်ပြည် သစ်ပါတီ ထိမ်းချုပ်သော တချို့နေရာများသာ ညှိနှိုင်းစရာ ရှိသဖြင့် အသေးစိပ် အစီစဉ် အတွက် ပြီးခဲ့သည့် ဇန်နဝါရီ လ (၁၅) ရက်နေ့၌ လူဝင် မှုကြီးကြပ်ရေး ပြည်ထောင်စု ဝန်ကြီး ဦး ခင်ရီ ဘားအံမြို့သို့ ရောက်ရှိစဉ် ထပ်မံ ညှိနှိုင်းခဲ့ကြပြီး ဖြစ်ပါသည်။

မွန်ပြည်သစ် ပါတီ ကလည်း ၄င်းတို့ ထိန်းချုပ် နယ်မြေ တွင်းရှိ ကျေးရွာပေါင်း (၂၀)ခန့်တွင် သာ သန်းကောင် စာရင်း ကောက်ယူရေး ၌ ပူးပေါင်း ဆောင် ရွက် သွား ရန်ပြည်နယ်လူဝင်မှု ကြီးကြပ်ရေး အဖွဲ့နှင့် ညှိနှိုင်း ထားပြီး ဖြစ်ကြောင်း တွဲဖက် အတွင်းရေးမှူး နိုင်ဇေယျကဆိုပါသည်။

အထူးသဖြင့် ထိုင်းမြန်မာ နယ်စပ်ရှိ မွန်ပြည်သစ် ပါတီ ထိမ်းချုပ်သည့် ဗဟိုဝန်းကျင် ဒေသ များဖြစ်သည့် ဘုရားသုံဆူ မြို့နယ်ခွဲ မှ ကျေးရွာ များ၊ ရေးချောင်း ဖျား ဒေသနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် နယ်စပ် ဒေသများ ၌သာ ဖြစ်ပါ သည်။ ဘုရားသုံးဆူ မြို့နယ်ခွဲ အတွင်းရှိ ကျေးရွာပေါင်း (၉)ရွာနှင့် ကြာအင်း ဆိပ်ကြီး မြို့နယ် တွင်း ရှိ ရွာတချို့ ကို စရင်း ကောက်ယူ ရာတွင် လုံခြုံရေး အရ တာဝန်ယူပေးမည်ဟု ညှိနှိုင်းထားကြောင်း ဆိုပါသည်။

မွန်ပြည် သစ် ပါတီ သည် မွန်လူမျိုး တိုင်း မှတ်ပုံတင် ရှိရေးနှင့် အိမ်ထောင်စု စရင်းထား ရှိရေး မူဝါဒ ရှိ ကြောင်း၊ အ ထူးသဖြင့် လူဦးရေ အမှန်ရရှိ ရေးနှင့် အ ရွယ် ရောက်သူတိုင်း မဲပေးခွင့် ရရေးကို ရည်မှန်း ကြောင်း ဆိုပါသည်။ မွန် ပြည်နယ်သည် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူသော နေရာဖြစ်သည့် အတွက် စရင်းကောက်ခံ ရာတွင် လွယ်ကူ ကြောင်း တချို့နေရာဒေသ များ တွင်သာ ပူးပေါင်းစရာ ရှိကြောင်း ဆိုပါသည်။

မွန်လူမျိုး များ သည် အများအား ဖြင့် မွန်ပြည်နယ် တွင် အဓိက နေထိုင်ကြ သည်ဟု ဆိုသော်လည်း လူဦးရေ ထက် ၀က် ခန့်သည် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း ၊ပဲခူးတိုင်း နှင့် တနင်္သာရီ တို့တွင် ရှိနေကြောင်း ခန့်မှန်းကြပါသည်။ ဤ သို့ကြောင့် ၄င်းတိုင်း ပြည်နယ် များ တွင်လည်း မွန်လူဦးရေ အမှန် သိရှိနိုင် ရန် ကြိုး စား နေကြ ပါသည်။

ဤသို့ကြောင့် မွန်လူဦးရေ အမှန် သိရှိနိုင်ရန် လာမည့် မတ်လ၌ ကောက်ခံရန် ရှိသည့် အစိုးရ အစီစဉ်များ အား ၀ိုင်း ၀န်း အကူအညီ ပေးရန် နှင့် မိမိ တို့ အစီ စဉ်ဖြင့် ထပ်မံ ကောက်ယူရန် စီစဉ်နေကြပါသည်။ အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီး နှင့် တနင်္သာရီ တိုင်း ဒေသကြီးတို့၌ မွန်လူဦးရေ စာရင်း အမှန် ရရှိ နိုင်ရေး အတွက် ကောက်ခံနေ ကြပါ သည်။

ရန်ကုန် တိုင်းရှိ တချို့ မွန်လူမျိုး များသည် စရင်းသွင်းရေးကို စိတ်မ၀င်စား ကြဟု စစ်တမ်းများက ဆိုပါသည်။ မိမိတို့ ကိုယ်တိုင် ပါဝင်ဆောင်ရွက်မှု မရှိသဖြင့် အခက်ကြုံ နေရကြောင်း ကောက်ခံရေး အဖွဲ့များက ဆိုနေပါသည်။ ဤအချိန် ဤကာလ မျိုးသည် မြန်မာနိုင်ငံ၏ လူဦးရေ အမှန်ကို သိရှိနိုင်ရန် နိုင်ငံတကာ မှ နည်းပညာနှင့် ငွေကြေးများ အကူ အ ညီ ပေးပြီး ဆောင်ရွက်နေ ချိန် ဖြစ်ပါသည်။

မိမိတို့က လည်း အရေးကြီး ကာလဟု သတ်မှတ် သင့်ပြီး ပူးပေါင်း ပါဝင်သင့် ပါကြောင်း၊ အစိုးရ အပါဝင် နိုင်ငံတကာ မှလည်း လိုလားနေပါသည်။ ဤသို့ ကြောင့် နေ ရာဒေသ တိုင်းမှ မွန်လူမျိုး များ သည် ရခဲသည့် အခွင့်အရေး နှင့် အတူ ပူး ပေါင်း ဆောင်ရွက် ကြပါရန် အရေးကြီးလှ ပါသည်။

No comments: