Tuesday, January 28, 2014

လမ်းပိတ်ဆို့မှုများကြောင့် ဗန္ဓုလကြိုးတံတား အန္တရာယ်ရှိနိုင်ဟုဆို

နန်းမြင့်

မဟာဗန္ဓုလ တံတားအဆင်း ဒေါပုံဘက်အခြမ်း တံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကြိုးတံတားဖြစ်သည့်အတွက် အလေးချိန် တစ်ဖက်စောင်းသွားတတ်သဖြင့် တံတားအန္တရာယ်ရှိနိုင်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အဆင့်မြင့် အရာရှိတစ်ဦးက ဇန်နဝါရီ ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆင့်မြင့်အရာရှိတစ်ဦးက “တံတားက ကြိုးတံတားဖြစ်နေတော့ Level ညှိထားတဲ့အတွက် တစ်ဖက်စောင်းနင်း ဖြစ်နေတယ်။ရေရှည်ကျရင် တံတားရဲ့ခံနိုင်ဝန်တွေက လျော့သွားမယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ်”ဟု ပြောသည်။

လက်ရှိတွင် မဟာဗန္ဓုလတံတားပေါ်မှ ဒေါပုံဘက်အဆင်း တံတား၏ ညာဘက်ကွေ့သည့် အခြမ်းသည် ယာဉ်ကြောပိတ်ဆို့မှု များသည့်အတွက် တံတားပေါ်တွင် တန်းစီပိတ်နေသော မော်တော်ယာဉ်များ ဆင်းနိုင်ရန်အတွက် လမ်းဆုံကို တိုးချဲ့ခြင်းကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ အစပိုင်းက စတင်ဆောင်ရွက်လျက်ရှိကာ မတ်လ အတွင်း အပြီးဆောင်ရွက်သွားရန် ရည်မှန်း ထားသည်။

ယခုအခါတွင် ရှုခင်းသာလမ်းကို မြို့ပတ်လမ်းအဖြစ် ကွန်တိန်နာကား အပါအဝင် ကျန်သည့် မော်တော်ယာဉ်များ ချောချောမွေ့မွေ့ သွားလာနိုင်ရန် ရှုခင်းသာလမ်းမှ မဟာဗန္ဓုလ တံတားအဆင်းကျော် (မြို့ထဲဘက်ခြမ်း)အထိ ကွန်ကရစ်လမ်းခြောက်လမ်းသွား တိုးချဲ့ပြုပြင်သွားမည် ဖြစ်သည်။

No comments: