Monday, January 13, 2014

မိထ္တီလာမှာ ဘာသာခြားကြား ခိုက်ရန် ဖြစ်ပွားမှုကြောင့် လူတစ်ဦး သေဆုံး

ABC

ပြီးခဲ့တဲ့ ​ဇန်န၀ါရီလ ​၁၁ ​နေ့တုန်းက ​မိတ္တိလာမြို့ ​ပြည်သာယာရပ်ကွက်မှာ ​ဗုဒ္ဓဘာသာတစ်ဦးနဲ့ ​မွတ်စလင်တစ်ဦး ​မိသားစုကိစ္စနဲ့ ​ပတ်သက်ပြီး ​ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် ​အမျိုးသားတစ်ဦး ​သေဆုံးခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ​လူ၃ ​ဦးကိုတော့ ​မိတ္ထိလာအကျဉ်းထောင်မှာ ​ထိန်းသိမ်းထားတယ်လို့ ​မိတ္ထိလာမြို့မ ​ရဲတပ်ဖွဲ့ကပြောပါတယ်။

အခုလို ​ဘာသာခြားနှစ်ခု ​အကြားမှာ ​ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် ​ အဓိကရုန်းဖြစ်လာနိုင်တယ်လို့ ​ကောလပာာလ ​သတင်းတွေ ​ထွက်ပေါ်နေပေမယ့် ​အခုချိန်ထိတော့ ​လူအများအပြား ​စုရုံးခဲ့တာတွေမရှိသလို ​အဓိကရုန်း ​အဆင့်အထိမဖြစ်ခဲ့ဘူးလို့လည်း ​ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ​မတ်လအတွင်း ​မိတ္ထီလာမြို့မှာ ​ဖြစ်ခဲ့တဲ့ပဋ္ဋိပက္ခပာာ ​ရွှေဆိုင်မှာ ​ရောင်းသူနဲ့ ​၀ယ်သူတို့ကြား ​စကားများရာကနေစခဲ့တာ ​ဖြစ်ပြီးတော့ ​လူပေါင်း ​၄၀ကျော် ​သေဆုံးခဲ့တဲ့အထိ ​ပဋိပက္ခကြီးဖြစ်ပွားခဲ့တဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: