Sunday, January 5, 2014

ဒေါက်တင်သင်္ဘော ဦးခေါင်းပိုင်းပြုတ်ကျ အလုပ်သမားတစ်ဦးသေဆုံး

ကျော်ကြား (ဒလ)

ဒေါက်တင် စီပီတွဲသင်္ဘောမှ ဖြတ်ပြားများကို ဖြတ်နေစဉ် သင်္ဘောဦးပိုင်း ပြုတ်ကျရာမှ သံပြားဖြတ်နေသူ လုပ်သားတစ်ဦး သေဆုံးခဲ့မှုတစ်ခု ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက် ကန်းနားရေစပ်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၁ ရက် နံနက်ပိုင်းမှစ၍ ကမာကဆစ်ရပ်ကွက်၊ ကမ်းနားရေစပ်၌ ဒေါက်တင်စီပီတွဲ သင်္ဘောအား ထွန်းလင်း (၂၆)နှစ်၊ (ဘ) ဦးရန်အောင်၊ ကျန်စစ်သားရပ်ကွက်၊ ပင်းယလမ်းနေထိုင်သူက သံပြားများကို “ကာတာ”နှင့် ဖြတ်စဉ် စီပီသင်္ဘောတွဲ ဦးခေါင်းပိုင်းသို့ ပြုတ်ကျသွားရာ ခါးပိုင်းထိသွား ကြောင်း ၎င်းအားဆေးရုံကြီးသို့ပို့စဉ် လမ်းတွင် သေဆုံးခဲ့ကြောင်း ဆေးရုံမှ ဒလမြို့မရဲစခန်းသို့ အကြောင်း ကြားသဖြင့် ဒလမြို့မရဲစခန်းမှ ဒု-ရဲမှူး ခင်မောင်လွင်နှင့် သက်သေများကသွားရောက်စစ်ဆေးခဲ့ခြင်းဖြစ် သည်။

သေဆုံးသူ၏ အလောင်းအား ဆေးရုံကြီးမှ PR-048 အရ လက်ခံစစ်ဆေးခဲ့ပြီး တာဝန်မှူး ဒု-ရဲအုပ်ကျော် စိုးဟန်မှ သေမှုသေခင်းအမှတ်စဉ် (၁။၂၀၁၄) ဖြင့် ဖွင့်လှစ်၍ စခန်းမှူးမှ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

No comments: