Thursday, January 2, 2014

မြန်မာ အကျဉ်းသား လွတ်ပေးရေး ကုလကြိုဆို

ABC

မြန်မာနိုင်ငံ ​အကျဉ်းထောင်က ​နိုင်ငံရေးအကျဉ်းသားတွေနဲ့ ​နိုင်ငံရေးပြစ်မှုနဲ့ ​တရားစွဲဆိုခံထားရသူတွေကို ​အစိုးရက ​ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ​ပေးလိုက်တဲ့အပေါ် ​ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ​ကြိုဆိုလိုက်ပါတယ်။

ခုလို ​လွတ်ငြိမ်းခွင့်ပေးတာဟာ ​မြန်မာနိုင်ငံရဲ့ ​ပြုပြင်ပြောင်းလဲရေးအတွက် ​အရေးကြီးတဲ့ ​ခြေလှမ်းဖြစ်တယ်လို့ ​ကုလသမဂ္ဂက ​ဆိုပါတယ်။

အဲဒ့ါအပြင် ​မြန်မာနိုင်ငံမှာ ​နိုင်ငံရေးအကျဉ်းသား ​နောက်ထပ် ​ရှိမလာဖို့အတွက် ​ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့က ​မြန်မာအစိုးရအပြင်၊ ​သက်ဆိုင်ရာ ​အဖွဲ့တွေနဲ့ ​ဆက်လက် ​လုပ်ကိုင်သွားမယ်လို့လည်း ​ဆိုပါတယ်။

ခုလို ​လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့အပေါ် ​ကြိုဆိုပေမယ့် ​တချိန်တည်းမှာပဲ ​ပြီးခဲ့တဲ့ ​၂၀၁၂ ​ခုနှစ် ​ဂျွန်-ဇူလိုင်လအတွင်း ​ဘူးသီးတောင်မှာ ​ထိန်းသိမ်းခံရတဲ့ ​ဒေါက်တာ ​ထွန်းအောင်၊ ​ဦးကျော်လှအောင်တို့ကို ​လွတ်ငြိမ်းခွင့် ​မပေးတဲ့အပေါ် ​စိတ်မကောင်း ​ဖြစ်မိတယ်လို့ ​ပြောပါတယ်။

ပြီးခဲ့တဲ့ ​ဒီဇင်ဘာလ ​၃၁ ​ရက်နေ့က ​သမ္မတဦးသိန်းစိန်ရဲ့ ​အမိန့်နဲ့ ​နိုင်ငံရေးအကျဉ်းသား ​၁၀ ​ယောက်လောက်လွတ်လာပြီး ​နိုင်ငံရေး ​ပြစ်မှုရင်ဆိုင်ဆဲ ​လူပေါင်း ​၁၀၀ ​ကျော် ​ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ​ရရှိခဲ့ကြတာ ​ဖြစ်ပါတယ်။

No comments: