Thursday, January 2, 2014

ရဲဘက်ပြေးနှင့် ဇနီးကို မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဖမ်းဆီး

ဇော်ဇော်ထွေး

အလုံမြို့နယ်တွင် ရဲဘက်ပြေးနှင့် သူ၏ဇနီးတို့ကို မူးယစ်ဆေးဝါးရောင်းချနေမှုဖြင့် ရန်ကုန်တိုင်း ရဲတပ် ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒီဇင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်းမှ ပူးပေါင်းရဲတပ်ဖွဲ့ဝင်များသည် သံချောင်း (ခ) ထွန်းကျော် လွတ်လပ်ရေးရပ်ကွက်၊ အလုံ မြို့နယ်နေသူမှာ ရဲဘက်ပြေးတစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်နေကြောင်း သတင်းရရှိခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် စုံစမ်းရှာဖွေနေစဉ်အတွင်း ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် အဆိုပါ ရဲဘက်ပြေးကို ဆင်မင်းရပ်ကွက်၊ သိပ္ပံလမ်းမပေါ်တွင် တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းနေအိမ်သို့ သွားရောက်ကာဝရမ်းဖြင့်ရှာဖွေရာ ဇနီးဖြစ်သူ မမြင့်မြင့်နိုင်မှာ နေအိမ်အိပ်ခန်း အတွင်းမှ အစိမ်းရောင်ပိုက်ဆံအိတ်ငယ်တစ်လုံးအား နောက်ဖေးပေါက်မှ ပစ်ချခဲ့သည်ကို တွေ့ရှိခဲ့သည်။

အဆိုပါ အိတ်အားစစ်ဆေးရာတွင် အိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြား ၈၁၅ ပြား၊ အလေး ချိန် ၈၁ ဒသ မ ၅ဂရမ် တန်ဖိုးငွေကျပ် ၄,၀၇၅,၀၀၀ ကို တွေ့ရှိခဲ့သည်။ ယင်းအပြင် ငွေကျပ် ၇၆,၀၀၀ တန်ဖိုးရှိ ICE ဟုယူဆရသည့် အဖြူရောင် မူးယစ်ဆေးဝါးပုံဆောင်ခဲ အပိုင်းအစရှစ်ခုနှင့် ငွေစက္ကူရောရာ ကျပ် ၁၄၂,၉၀၀ နှင့် အမေရိကန်ဒေါ်လာ ၄၅ ဒေါ်လာတို့အား တွေ့ရှိသိမ်းဆည်းနိုင်ခဲ့သည်။

ထို့ကြောင့် သံချောင်း (ခ)ထွန်းကျော်နှင့်ဇနီး မမြင့်မြင့်နိုင်တို့ကို အလုံရဲစခန်းက မယ(ပ)၃/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးမျာဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၀(က)/၂၁ တို့ဖြင့် အရေးယူနိုင်ရန် စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

No comments: