Friday, January 10, 2014

စက်သုံးဆီပေပါတင် ကားတစ်ဆီး မုံရွာကမ်းနားလမ်းတွင် မီးလောင်

ကိုတိုးကြီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကွေ့ကြီးရပ်ကွက် ကမ်းနားလမ်း သင်္ဘောကျင်း လွန်းတင်ဆိပ်ကမ်း မြောက်ဘက်အနီးတွင် စက်သုံးဆီပေပါများ တင်ဆောင်လာသည့် ကားတစ်စီးသည် ဇန်နဝါရီလ ၈ ရက် ညနေ ၃ နာရီ ၄ဝ ခန့်က မီးလောင်ကျွမ်းခဲ့သည်။

စက်သုံးဆီပေပါများ တင်ဆောင်လာသည့်ကား၏ အရှေ့ပိုင်း ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင် မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးကျော်ကျော်နိုင်က အတည်ပြု ပြောကြားသည်။

သို့သော် မုံရွာမြို့နယ် စခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွန့်က ဆီပေပါများ တင်ဆောင်လာသည့် ကားသည် မုံရွာမြို့ အရှေ့မြောက်ဘက် ၉ မိုင်အကွာ ကျောက္ကာရေနံချက်ဖိုများရှိရာ ဒေသသို့ စက်သုံးဆီ ပီပါ အလုံး ၅ဝ ကို ချင်းတွင်းမြစ်ကြောင်းမှ ရေယာဉ်ဖြင့် သယ်ဆောင်နိုင် ရန် ဆီပေပါများအား ယာဉ်ပေါ်မှ ပြောင်းရွှေ့နေစဉ် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

မီးလောင်သည့် နေရာသို့ မီးသတ်ယာဉ် ၁၂ စီး၊ မီးသတ်အင်အား ၄၆ ယောက်ဖြင့် မီးငြိမ်းသတ်ခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ၂ဝ ဦး၊ ခမရ ၁၆ တပ်မှ တပ်မတော်သား ၁၅ ဦးနှင့် ပြည်သူ ၁ဝဝ ကျော်တို့ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရသည်။

မီးလောင်ကျွမ်းမှုကြောင့် ယာဉ်၏ရှေ့ပိုင်းနှင့် ယာဉ်၌တပ်ဆင်ထားသော တာယာဘီးများ ခန့်မှန်းတန်ဘိုး ကျပ်နှစ်သိန်းခန့် ပျက်ဆီး ဆုံရှုံးခဲ့ပြီး မုံရွာမြို့မရဲစခန်းက(ပ) ၁၁/ ၂ဝ၁၄ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုရေးဖွင့်ထားသည်။

No comments: