Thursday, January 23, 2014

မန်းစက်မှုဇုန်တွင် ပြည်ပရင်းနှီးမြှုပ်နှံရန် လေ့လာမှုများရှိသော်လည်း အမှန်တကယ်ရင်းနှီးမြှုပ်နှံသူမရှိ

မျိုးသန့်

မန္တလေးစက်မှုဇုန်သို့ ပြည်ပမှရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် နိုင်ငံပေါင်းစုံမှ လာရောက်လေ့လာကြသော် လည်း လိုအပ်ချက်များရှိနေသေးခြင်းကြောင့် အမှန်တကယ် ရင်းနှီးမြှုပ်နှံသူမရှိကြောင်း မန္တလေးစက်မှု ဇုန် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူးဦးမောင်မောင်ဦးက ဇန်န၀ါရီ ၂၁ ရက်က မဇ်္ဈိမကို ပြောသည်။

ရင်းနှီးမြှုပ်နှံရန်အတွက် ဂျပန်၊ ထိုင်း၊ အိနိ္ဒယ၊ တရုတ်နိုင်ငံတို့ လာရောက်လေ့လာမှုများ ပြုလုပ်ကြပြီးရင်း နှီးမြှုပ်နှံရာတွင် အကြီးစားလုပ်ငန်းများကို လုပ်ကိုင်ရန် မြေနေရာမရှိခြင်း၊ စက်ရုံလည်ပတ်ရန်အတွက်လို အပ်ချက်များ ဖြစ်ပေါ်နေခြင်းတို့ကြောင့် ဖြစ်သည်။

“စက်မှုဇုန်မှာရင်းနှီးမြှုပ်နှံမှုသူတွေကတော့ လာရောက်မှုများတယ်။ ရင်းနှီးမြှုပ်နှံမှုဖို့အတွက်တော့ တရား ၀င်ဆွေးနွေး၊ စာချုပ်ချုပ်ဆိုတာတော့ မရှိသေးပါဘူး။ လိုအပ်ချက်တွေရော မြေနေရာအခက်အခဲ၊ လျှပ် စစ်လိုအပ်ချက်တွေ ပြင်ဆင်မှုရော၊ စက်မှုဇုန်လိုအပ်ချက်ဖြစ်တဲ့ ချေးငွေပိုင်းဆိုင်ရာရော ဘာမှ မရှိတာ ကြောင့်လည်း ရင်းနှီးမြှုပ်နှံသူတွေ မလာတာပါ”ဟု ဦး မောင်မောင်ဦးက ပြောသည်။

ရင်းနှီးမြှုပ်နှံမှု လာရောက်လုပ်ကိုင်လိုသည့် ပြည်ပမြှုပ်နှံသူများမှာ ချည်မျှင်ထုတ်လုပ်ရေးလုပ်ငန်း၊ အီ လက်ထရောနစ် ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံရန် အများဆုံး လာရောက် လေ့လာမှုများ ပြုလုပ်ကြကာ အနည်းဆုံး ဧက ၅၀- ၁၀၀ ၀န်းကျင်များကိုသာ စိတ်ဝင်စားကြကြောင်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီထံမှ သိရသည်။

“လုပ်မယ်လို့လုပ်တဲ့အခါမှာ မြေဧကကျယ်ဝန်းတဲ့နေရာတွေကို လိုချင်ကြတယ်၊ ဒါပေမယ့် မန္တလေး စက် မှုဇုန်မှာက ငါးဧက၀န်းကျင်လောက်ကိုပဲ ပေးနိုင်တော့တယ်။ ဒါကြောင့် မလာကြတာဖြစ်နိုင်ပါတယ်၊ ဒါ အပြင် လက်ရှိစက်မှုဇုန်ကို မည်သည့်အဖွဲ့အစည်း၊ သက်ဆိုင်ရာဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ကမှ လိုအပ်တဲ့အကူညီ ပေးအပ်ခြင်းမရှိတာကြောင့် ဖွံ့ဖြိုးသင့်သလောက်လည်း မဖွံ့ဖြိုးဘူးဖြစ်နေပါတယ်” ဟု ဦးမောင်မောင်ဦးက ဆိုသည်။

ထို့ကြောင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအား တင်ပြမှုများ လုပ် ဆောင်ခြင်း၊ စက်မှုလုပ်ငန်းများအတွက် အဓိကလိုအပ်ချက်ဖြစ်သော လျှပ်စစ်မီးကဏ္ဍများအား သီးခြား ဓာတ်အားလိုင်း လုပ်ဆောင်ခြင်း၊ ရေဆိုးထုတ်စက်ရုံများတည်ဆောက်ခြင်း စသည်တို့ကို စတင်ပြုလုပ် နေပြီဖြစ်သည်။

မန္တလေးမြို့စက်မှုဇုန်မှာ ဧက ၁၂၅၈ ရှိပြီး စက်မှုလုပ်ငန်းများဖြစ်သည့် ကားထုတ်လုပ်ရေး၊ အိမ်ဆောက် ပစ္စည်းထုတ်လုပ်ခြင်း၊ အီလက်ထရောနစ် ထုတ်လုပ်ရေး၊ ကားအပိုပစ္စည်းနှင့် အင်ဂျင်များထုတ်လုပ်ခြင်း နှင့် အခြားလုပ်ငန်းများပေါင်းစုံ လုပ်ကိုင်လျက်ရှိပြီး အသေးစားအဆင့်နှင့် အလတ်စားအဆင့် စက်ရုံများ သာရှိသည်။

No comments: