Wednesday, January 8, 2014

အစိုးရသစ်လက်ထက် မန္တလေးခရိုင်တွင် ဆန္ဒထုတ်ဖော်ခွင့် ခွင့်ပြုခြင်းမရှိခဲ့

မျိုးသန့်

ပုဒ်မ ၁၈ ဖြင့် အရေးယူခဲ့သူ ၃၀ ဦးအထိရှိ

မန္တလေးခရိုင်အတွင်း ဆန္ဒထုတ်ဖော်ခွင့်တင်ပြလာမှုများကို အစိုးရသစ်တက်ချိန်ထိ ခွင့်ပြုခဲ့ခြင်းမရှိသော် လည်း၂၀၁၃ ခုနှစ်အတွင်း ဆန္ဒထုတ်ဖော်ခဲ့သူ ၃၀ ဦးအား အရေးယူထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့ မှူးရုံး ခရိုင်ရဲတပ်ဖွဲ့မှူးဦးစိန်ထွန်းက “မန္တလေးမြို့ ခရိုင်အတွင်းမှာက လမ်းပန်းဆက်သွယ်ရေး၊ ပြည်သူ တွေ စိတ်အနှောင့်အယှက်မဖြစ်အောင် စတာတွေကြောင့် လက်ရှိအချိန်ထိ ခွင့်ပြုပေးခဲ့ခြင်းမရှိသေးတာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနှင့်ပတ်သက်၍ မန္တလေးခရိုင်အတွင်းတွင် ၂၀၁၃ ခုနှစ်အတွင်းက ဆန္ဒထုတ်ဖော်ခွင့် ၁၁ ခုတင်ပြခဲ့သော်လည်း ခွင့်ပြုထားခဲ့ခြင်းမရှိကြောင်း အဆို ပါရဲတပ်ဖွဲ့ရုံးက စာရင်းများတွင် ဖော်ပြထားသည်။

မန္တလေးခရိုင်ဖြစ်သော ချမ်းအေးသာဇံမြို့နယ်၊ အောင်မြေသာဇံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြ သာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် ဆန္ဒထုတ်ဖော်ခွင့် တင်ပြလာခြင်းများရှိသော်လည်း ခွင့်ပြုခဲ့ခြင်းမရှိပေ။

“ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် တောင်းခံတဲ့အခါမှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ ခွင့်ပြုသင့်၊ မပြု သင့်ဆိုတာကို ကြည့်ပြီး လုံခြုံရေး၊ မထူးခြားတဲ့အနေအထား၊ နိုင်ငံတကာက ဧည့်သည်တွေလာရောက် နေတာ စတာတွေကိုကြည့်ပြီး ရဲတပ်ဖွဲ့က ခွင့်ပြု၊ မပြု ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒါကိုလက်မခံရင် စီတန်း လှည့်လည်ခွင့်တင်တဲ့သူအနေနဲ့ တစ်ပတ်အတွင်း တိုင်းကို တင်ပြလို့ရပါတယ်”ဟု မန္တလေးတိုင်းရဲတပ် ဖွဲ့မှူးရုံး ရဲမှူး(ဦးစီး)ခင်အောင်က ပြောသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လှည်ခွင့်ဆိုင်ရာဥပဒေနှင့် နည်းဥပဒေများအရ ဆန္ဒထုတ်ဖော်ခွင့်ပြု ချက်မရပါက အဆိုပါဥပဒေပုဒ်မ-၁၈ အရ ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ၃၀၀၀၀ ထက်မပိုသော ငွေ ဒဏ်များ သတ်မှတ်ထားပြီး မန္တလေးခရိုင်အတွင်း၂၀၁၃ ခုနှစ်အတွင်း ပုဒ်မ-၁၈ ဖြင့် အရေးယူခဲ့သူ ၃၀ ဦး ခန့်ရှိပြီး ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်မှုကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစိန်ထွန်းထံမှ သိရသည်။

၂၀၁၄ ခုနှစ် နှစ်ဆန်းတွင် မန္တလေးခရိုင်အတွင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်အဖြစ် နှစ်ခုတောင်းခံ ထားရှိပြီး ခွင့်ပြုထားခြင်းမရှိကြောင်းလည်း သိရသည်။

No comments: