Wednesday, January 8, 2014

မုဒိမ်းမှု ကျူးလွန် သူကို ဘာကြောင့် ဖုံးဖိဖို့ လိုအပ်သလဲ

ရွှေဟင်္သာ

မုဒိန်းမှု မမြောက် ဟု ဆိုကာ ခလရ (၃၁) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး သန့်တင်စိုးမှ ငွေကျပ်ငါး သိန်း ပေး အပ် ခဲ့ ကြောင်း ထိုစဉ်က သွားရောက် ညှိနှိုင်း ပေးခဲ့ သည့်ကျေးရွာ အုပ်ချုပ် ရေးမှူး ကဆို ပါသည်။ မုဒိန်းမှုကို မွန်ပြည်နယ် ရေးမြို့နယ် အပိုင်ခေါဇာ မြို့နယ်ခွဲ၊ ကျုံဒညာ ကျေးရွာမှ ခလရ (၃၁) တပ်ရင်းမှ တပ်သား သန်းဝင်းက ကျူးလွန် ခဲ့ ခြင်း ဖြစ်ပါသည်။

ကျူးလွန် ခံရသူ မိဝိုင်(လွှဲ) သည် အသက် (၁၃)နှစ်သာ ရှိပြီး ၄င်း ကျေးရွာတွင် ဒီဇင်ဘာလ (၂၄) ရက်နေ့ ည (၇) နာရီ အချိန်၌ ကျူး လွန်ခံ ခဲ့ရခြင်း ဖြစ် ပါ သည်။ အမှန်ကျူး လွန်ခဲ့ကြောင်း ကို ကာယကံရှင် တိုင်ကြားသည့် အပြင် ကျေးရွာ အုပ်ချုပ် ရေးမှူး၊ ခေါဇာ ရဲစခန်း၊ တပ်ရင်း တပ်ရေး ဗိုလ်ကြီး၊ အပါ ၀င်ရေးမြို့ ဆေး ရုံမှ အတည် ပြုပြီး ဖြစ်ပါသည်။

ဤအဖြစ် အပျက်ကို ကျူးလွန်မှု မရှိကြောင်း တပ်ရင်းမှူးမှ ငွေ ငါးသိန်းပေးပြီး လာရောက် ညှိနှိုင်းပြီး ကြေအေးစေ ရန် ဆောင်ရွက် ခဲ့ပါသည်။ ဤအ ခြေအနေမှ စိုးရိမ် လာသော ကယကံရှင်သည် ၄င်းတို့သမီးအား ဆေးရုံ လာရောက် စစ်ဆေး ရာမှ အမှုမှန် ထွက်ပေါ်လာ ခဲ့ပါသည်။

အမှုကို ကာယကံ ရှင်များ ယခုထိ တရားမစွဲရ သေးကြောင်း ရေးမြို့ ရဲစခန်းမှ အတည်ပြု ပြောကြား သော်လည်း မွန် ပြည် သစ်ပါတီ ကမူ ဤ ကိစ္စကို သက်ဆိုင် ရာ သို့ တင်ပြမည်ဟု မော်လမြိုင်မြို့ ပြည်တွင်း ဆက်ဆံရေး ရုံးတာဝန်ခံ နိုင်တလညီ က ဆိုပါသည်။

မိဝိုင် (လွှဲ) ၏ ကျန်း မာရေး ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်း ဆိုင်ရာ ပြုစုရေး အတွက် အမျိုးသမီး နှင့် ကလေး အခွင့် အရေးအစီ အစဉ် မှ ဆောင်ရွက် နေသလို မယ်ရီစတုပ် အဖွဲ့အစည်းမှ လည်း ကမ်းလှမ်း ထားကြောင်း မွန်အမျိုးသမီး အဖွဲ့မှ မိကွန်း ချမ်းနွန်ကဆိုပါသည်။

မွန်ပြည်နယ် ရေးမြို့နယ် ဒေသသည် ၂၀၀၄ ခုနှစ် တွင် အစိုးရတပ်များ ဟံသာဝတီ မွန်နိုင်ငံ ပြန်လည်ထူ ထောင်ရေး တပ်ဖွဲ့ ကို တိုက်ခိုက် ချိန်တွင် ရွားသာ များအား ရွာပြင် မထွက်ရ၊ ခြံမသွားရ၊ လယ်မသွားရ၊ နှင့် မသင်ကာ သူများကို ညှင်း ဆဲ သတ် ဖြတ်ပြီး အမျိုးသမီး ငယ် များကို အနှိပ်ခန်း သဖွယ် ခေါ်ယူ ပြီး မုဒိန်းကျင့် ခံရသော နေရာဖြစ် သည့်အပြင် နှိပ်စက်နည်း အ မျိုးမျိုး ခံခဲ့ရ သော အနှိပ်စက်ခံ နယ်မြေ ဒေသ ဖြစ်ခဲ့ ပါသည်။

ဤသို့ကြောင့် ထိုအချိန်က ပြုကျင့်ခဲ့ သော အငွေ့ အသက်သည် ယခု မုဒိန်းမှု တွင်လည်း ငွေငါးသိန်း နှင့် ဖိအားပေး ရာက ကြောက်ရွံ့ကာ ကြေအေး လိုကြ သည်။ သို့သော် အသိုင်းအ၀ိုင်း များက မကြေနပ် ကြသဖြင့် တရား ဥပဒေ လမ်းကြောင်း ပေါ်က အရေး ယူနိုင်ရန် ကြိုးစား နေကြသဖြင့် ယခုကဲ့သို့ ပေါ်လွင် ထင်ရှားလာခြင်း ဖြစ်ပါသည်။

No comments: