Saturday, January 25, 2014

မောင်တော ဒုချရားတန်း အကြမ်းဖက်မူ ဖြစ်စဉ် အစိုးရမှ အသေးစိတ်ရှင်းလင်း

နိရဉ္စရာ

ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ် ဒုချရားတန်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မူ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရ၏ ရှင်းလင်းချက်ကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြသည်။

သတင်းစာပါ ရှင်းလင်းချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

နေပြည်တော် ဇန်နဝါရီ ၂၂


ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးစီး ပူးပေါင်းအဖွဲ့သည် နယ်မြေ လုံခြုံရေး လှည့်ကင်းဆောင်ရွက်စဉ် ဒုချီးရားတန်း(အလယ်) ရွာသို့ အရောက် ဘင်္ဂလီများက အုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းသည် သေနတ် (၁) လက်၊ ခဲယမ်းအချို့နှင့် အတူ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သည် ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများကို ဆက်သွယ် အတည်ပြုခြင်း မရှိဘဲ AP သတင်းဌာနနှင့် ဧရာဝတီသတင်းဌာနတို့က မောင်တောမြို့နယ်၊ ဒုချီးရားတန်းမှာ ဇန်နဝါရီ ၁၄ ရက်က အကြမ်းဖက်မှု တစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် မွတ်ဆလင် အမျိုးသမီးများနှင့် ကလေး ငယ်များ အသတ်ခံရကြောင်း မောင်တောမြို့နယ် ဒေသခံတစ်ဦး၏ အဆိုအရ သေဆုံးသူ ၄၀ ခန့်ရှိ ကြောင်း၊ သေဆုံးသူ အချို့၏ ဒဏ်ရာများမှာ ဓားဒဏ်ရာများသာ ဖြစ်ကြောင်း တစ်ဖက်သတ်စွပ်စွဲဖော်ပြခဲ့သဖြင့် ဇန်နဝါရီ (၁၇)ရက်က ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပုဂံမြို့တွင် ကျင်းပသော အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ သတင်းထောက်များအား ယင်းသတင်းဌာနတို့၏ ဖော်ပြချက်မှာ သတင်း မှားများသာဖြစ်ကြောင်း ရှင်းလင်းခဲ့ပြီးဖြစ်သည်။

ထို့အတူ ဇန်နဝါရီ (၁၇) ရက်တွင် ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးနှင့် ဗြိတိန်သံရုံးတို့၏ ပူးတွဲ ကြေညာချက်၌ ရခိုင်ပြည်နယ် ဇန်နဝါရီ ၁၃ ရက် ဖြစ်စဉ် နှင့် ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားခဲ့မှုများ၊ လူသေကြေ ဒဏ်ရာရရှိမှုများ၊ အင်အားသုံးဖြိုခွဲမှုများအတွက် စိုးရိမ်ပူပန်ကြောင်းနှင့် အဆိုပါဖြစ်စဉ် အပေါ် ထင်သာမြင်သာရှိအောင် ထိထိ ရောက်ရောက် စုံစမ်းဖော်ထုတ်သင့်ကြောင်းဟု ထုတ်ပြန်ခဲ့သည်။ ၄င်းအပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ တာဝန်ရှိ သံဝန်ထမ်း တစ်ဦးကလည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ လာရောက်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် များတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အကောင်အထည်ဖော်ဆောင်မှု အခန်း ကဏ္ဍကို ဆွေးနွေစဉ် ယခုအခါ နိုင်ငံတကာအသိုင်းအဝိုင်းမှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ စောင့်ကြည့်လျက် ရှိပါကြောင်း၊ မောင်တောမြို့တွင် လွန်ခဲ့သည့်အပတ်က ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသည်ဟုသိရှိရပါကြောင်း၊ သို့ရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ သိရှိရသည့် သတင်းများအရ အရပ်သားများ သေဆုံးသည့်ဟုလည်း သတင်းများ ထပ်မံရရှိသဖြင့် အခြေအနေမှန်အား သိရှိနိုင်ရေးအတွက် လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှု ရှိသည့် စုံစမ်းစစ်ဆေးမှုများအား ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့်အတူ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖြင့်ပြောကြားခဲ့သည်။

ဖြစ်စဉ်အမှန်မှာ ၂၀၁၄ ခုနှစ်၊ဇန်နဝါရီ ၁၃ ရက် ည ၉ နာရီခန့်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခရေမြိုင် ရဲကင်းစခန်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးစီးတပ်ဖွဲ့ဝင်(၄) ဦးပါ လှည့်ကင်းအဖွဲ့သည် ခရေမြိုင် ရွာမှ ရွာလူကြီး ဦးမောင်ဘထွန်းနှင့်အတူ ကင်းချောင်းရွာသို့ ခြေလျင် လှည့်ကင်း ထွက်ခဲ့ပြီး ကင်းချောင်းရွာတွင် ဆယ်အိမ်မှူး ဦးအောင်သန်း၊ ဦးမောင်သိန်းလှ၊ ဒုချီးရားတန်း ကျေးရွာ အုပ်စုစာရေး ဦးသန်းထွန်းဦး (၃) ဦးတို့ကို ခေါ်ဆောင်၍ လှည့်ကင်း ဆက်လက်ထွက်ခွာခဲ့ကြောင်း၊ ကင်းချောင်းရွာမှ ဒုချီးရားတန်း(အရှေ့)ရွာ (ခ) တပ်ဦးချောင်း ရွာသို့ ရောက်ရှိခဲ့ပြီး ရွာလယ်လမ်းအတိုင်းဖြတ်လာခဲ့စဉ် ဒုချီးရားတန်း (အလယ်) ရွာ စာသင် ကျောင်းနှင့် ကင်းတဲအလွန် ဈေးဆိုင်များရှေ့သို့ ည ၉ နာရီခွဲခန့် အရောက် ဘင်္ဂလီ (၂၀) ခန့်သည် စုဝေးပြီး မီးလှုံ နေသည်ကို တွေ့ရှိရကြောင်း၊ လှည့်ကင်းအဖွဲ့မှ လက်နှိပ်ဓါတ်မီးထိုး၍ လာစဉ် မီးလှုံနေသူများက လက်နှိပ် ဓါတ်မီးဖြင့် ပြန်ထိုးပြီး စတင်မေးမြန်းခဲ့ကြောင်း၊ လှည့်ကင်းအဖွဲ့က ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များ ဖြစ်ကြောင်း၊ ပြန်ပြောသော်လည်း ၎င်းတို့က အနီးဝန်းကျင်သို့ ဆက်သွားပြီး ခဲများဖြင့် စတင် ပစ်ပေါက်ကာ တုတ်၊ ဓါးများ ကိုင်ဆောင်လျက် လူစုဝေးရန် အော်ဟစ်ခဲ့ကြောင်း၊ ထိုအချိန်တွင် လူ (၁၀ဝ) ခန့် ဝိုင်းဝန်း လာခဲ့သဖြင့် လှည့်ကင်း အဖွဲ့က ငါတို့လှည့်ကင်း လာတာဖြစ်ကြောင်း၊ မင်းတို့ကို ရန်ရှာဖို့မဟုတ်ကြောင်း၊ အုပ်ချုပ်ရေး အဖွဲ့တွေလည်းပါကြောင်း၊ ရှင်းပြရာ ၎င်းတို့က “ ရဲတွေကိုလည်း သတ်မည်၊ အုပ်ချုပ်ရေး အဖွဲ့တွေ ကိုလည်း သတ်မည်” ဟုပြောပြီး ဝိုင်းလိုက်ခဲ့ကြောင်း၊ ညအချိန်ဖြစ်သည့်အပြင် တစ်ရွာလုံးနီးပါး ထွက်လာပြီး ခန့်မှန်း မရလောက်အောင် အင်းအားများလာခဲ့သောကြောင်း၊ လှည့်ကင်းအဖွဲ့သည် လူအုပ်စုနှင့် ထိပ်တိုက် ရင်ဆိုင်မှု မပြုတော့ဘဲ ရဲတပ်သား မင်းရန်နိုင်၊ ဦးမောင်ဘထွန်း၊ ဦးအောင်သန်း၊ ဦးသန်းထွန်း၊ ဦးမောင်သိန်းလှ တို့်က ဒုချီးရားတန်း (အလယ်)ရွာ အရှေ့ဘက်မှ ကွန်ကရစ် လမ်းဘက်သို့လည်းကောင်း၊ ရဲတပ်သား မင်းမင်းခိုင်နှင့် ရဲတပ်သား မင်းဇော်တို့က ရွာ၏ အရှေ့မြောက်ဘက်မှ တစ်ဆင့် ခရေမြိုင်ရွာ ဘက်သို့ လည်းကောင်း လူစုခွဲရှောင်ခဲ့ရကြောင်း၊ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းမှာ ၎င်းကိုင်ဆောင်လာသော လက်နက်နှင့် အတူ လူစုကွဲ၍ ယင်အုပ်စု အကြား ကျန်ခဲ့ပြီး ရွာအတွင်းဘက်မှ သေနက်သံ (၂)ချက်ခန့် ကြားခဲ့ကြောင်း၊ လွတ်မြောက်လာသော တပ်ဖွဲ့ဝင်များသည် ခရေမြိုင်ရဲကင်းသို့ ည ၁၁ နာရီ အချိန်ခန့် ပြန်လည် ရောက်ရှိ၍ မောင်တောမြို့မရဲစခန်းသို့ တယ်လီဖုန်းဖြင့် အခြေအနေအား ချက်ချင်း သတင်းပို့ခဲ့ပါကြောင်း၊ သတင်း ရလျှင်ရခြင်း တာဝန်ရှိသူရဲတပ်ဖွဲ့ဝင်များသည် နယ်မြေခံတပ်နှင့် ပူးပေါင်ပြီး ချီတက်ခဲ့ရာ ဒုချီးရားတန်းရွာသို့ ည ၁၂ နာရီခန့်တွင် ရောက်ရှိခဲ့ပြီး အဖွဲများခွဲ၍ ပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ရှာဖွေရေး အဖွဲ့များ ဒုချီးရားတန်း (အလယ်)ရွာ အနောက်ဘက်သို့ အရောက်တွင် လူ ၅၀ဝ ခန့်မှ တုတ်/ ဓါး ကိုယ်စီဖြင့် ဆူပူအော်ဟစ်ဆဲဆို ကြိမ်းမောင်၍ ရှေ့သို့တစ်ဖြည်းဖြည်း တက်လာသဖြင့် ကိုက် ၅၀ ခန့် အကွာ အရောက်တွင် အန္တရာယ်ဖြစ်ပေါ်နိုင်၍ လက်နက်ငယ်ဖြင့် (၈)ချက် သတိပေးပစ်ခတ်ခဲ့ရာ ၎င်းအဖွဲ့ ရွာတောင် ဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့ကြောင်းသိရသည်။

ဇန်နဝါရီ ၁၄ ရက်တွင် ပိတ်ဆို့ရှာဖွေရေး အဖွဲ့များသည် ခရိုင်ဥပဒေအရာရှိ၊ မောင်တောမြို့၊ မြို့မ(တောင်)ရပ် ကွက် အုပ်ချုပ်ရေးမှူး၊ မြို့မိ/မြို့ဖ တို့နှင့် ပူးပေါင်းပြီး ဆက်လက်ရှာဖွေ ရှင်းလင်းခဲ့ရာ ပျောက်ဆုံးနေသော ရဲတပ် ကြပ်ကြီး အောင်ကျောက်သိန်း၏ သွေးစွန်းနေသော ယူနီဖောင်း အပိုင်းအစများ၊ ခါးပတ်၊ ခရာ၊ ချပ်ဝတ် တန်ဆာ အပိုင်းအပြတ်များ၊ လည်တိုတောစီးဖိနပ် တစ်ရံတို့အား ဒုချီးရားတန်းကျေးရွာ ကင်းတဲ့အနီးတွင် လည်းကောင်း၊ အစ္စမိုင်ဗလီ အနောက်ရှိ အမှိုက်ကန်အတွင်းမှ လည်းကောင်း၊ အာရ်ဗီကျောင်းရှိ ဘီရို အတွင်းမှ လည်းကောင်း၊ တွေ့ရှိ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဆက်လက်၍ ရှာဖွေရှင်းလင်းခဲ့ရာ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ကိုင်ဆောင်သော သေနတ်၏ ကျည်အိမ်အလွတ် ၁ ခုအား ရွာ၏ အနောက်ဘက် လယ်ကွင်း တစ်ဝိုက်မှ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ဖြစ်စဉ် နှင့်ပတ်သက်၍ မသင်္ကာသူများအား စိစစ်ဖော်ထုတ်ခဲ့ရာ ဇန်နဝါရီ ၁၅ ရက် နေ့တွင် (၉) ဦး၊ ဇန်နဝါရီ ၁၇ ရက်နေ့တွင် (၆) ဦး၊ ဇန်နဝါရီ ၁၈ ရက်နေ့တွင် (၁) ဦး၊ စုစုပေါင်း (၁၆) ဦးတို့အား ခေါ်ယူမေးမြန်းဆဲဖြစ်ကြောင်းသိရသည်။

တာဝန်ရှိသူများ အနေဖြင့် ယင်းကဲ့သို့ အုပ်စုဖွဲ့အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်အပေါ် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် တရာခံများအား ရှာဖွေဖော်ထုတ် စုံစမ်းစစ်ဆေးလျက် ရှိသကဲ့သို့ တာဝန် ရှိသူများက မောင်တောမြို့နယ်၊ မူလတန်းလွန်ကျောင်းတွင် မောင်တောမြို့ပေါ်နှင့် ကျေးရွာများမှ အုပ်ချုပ် ရေးမှူး၊ ရပ်မိရပ်ဖများ၊ ဗလီဆရာများနှင့် ဒေသခံ (၈၀) ဦးတို့အား ဇန်နဝါရီ ၁၉ ရက်နေ့တွင် တစ်ကြိမ်နှင့် မောင်တော မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ် အဆင့် ဌာန ဆိုင်ရာများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဗလီ ဆရာများ၊ ရပ်မိရပ်ဖများ၊ စုစုပေါင်း (၁၆၀) ဦး တို့အား ဇန်နဝါရီ ၂၀ ရက်တွင် တစ်ကြိမ် တွေ့ဆုံပြီး ယင်းကဲ့သို့ အကွက်ကျကျ ဖန်းတီးကာ ကြိုတင်စီစဉ် လုပ်ဆောင်ခဲ့သည် ယင်းလူအုပ်စုဖွဲ့ အကြမ်းဖက် လုပ်ရပ် အပေါ် အထောက် အထားများဖြင့် ရှင်းလင်းပြသခဲ့ကြောင်း ထိုသို့ ရှင်းလင်း ပြောကြားမှုအပေါ် မောင်တောမြို့၊ မြို့မ(တောင်) ရပ်ကွက်နေ မော်လဝီဆရာကြီး တစ်ဦးကလည်း တက်ရောက် လာကြသော ရပ်မိရပ်ဖများနှင့် မော်လဝီ များအား ဖြစ်စဉ်တွင် ပျောက်ဆုံးနေသော ရဲတပ်ကြီး အောင်ကျော်သိန်းနှင့် လက်နက်ပြန်လည်ရရှိရေး ပူးပေါင်း ဆောင်ရွက်ပေးကြရန် စည်းရုံး ပြောဆိုခဲ့ကြောင်း၊ အထက်ပါဖြစ်စဉ်သည် ရပ်ရွာ အေးချမ်း သာယာ ရေးနှင့် နယ်မြေလုံခြုံရေးအတွက် ရပ်ရွာ အုပ်ချုပ်ရေးမှ တာဝန်ရှိသည့် အရပ်သား များနှင့်အတူ လှည့်ကင်း တာဝန် ထမ်းဆောင်ခဲ့ကြသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များအား တာဝန်ထမ်းဆောင်နေမှန် သိပါလျှက် အကြောင်းမဲ့လူအုပ်စုဖွဲ့ကာ တိုက်ခိုက်ခဲ့ကြသည့် ပြစ်မှုထိုက်သော အကြမ်းဖက် တိုက်ခိုက်မှုသာ ဖြစ်ကြောင်း လက်ရှိအခြေအနေတွင် တပ်ဖွဲ့ဝင်တစ်ဦးသည် လက်နက်ခဲယမ်း အချို့နှင့် အတူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်သိ ပြည်သူများ၏ သတင်းပေး ပူပေါင်းဖော်ထုတ်ချက် အရ အခင်းဖြစ်စဉ်တွင် ဒုချီးရားတန်း(အလယ်) ရွာမှ ပါဝင်ကျူးလွန်သူ (၁၉) ဦး ရှိကြောင်း ၊ အဓိက ဦးဆောင်ရန်ပြုသူများတွင် ပါဝင်သူ ကေဖိုက်ဒူလာ(၂၃) နှစ်သည် တစ်ဖက်နိုင်ငံ RSO အဖွဲ့တွင် သင်တန်းတက်ခဲ့သူဖြစ်ပြီး အခင်းမဖြစ်မီ(၁၀) ရက်ခန့်က ရောက်ရှိခဲ့၍ ၎င်း၏ သူငယ်ချင်းဖြစ်သူ (၄/၅) ဦးခန့်အား သေနတ်ပုံစံတူ တုတ်များပြုလုပ်ကာ သေနတ်များ ကိုင်တွယ် ပစ်ခတ် တက်အောင် သင်ကြားပေးခဲ့ကြောင်း၊ အဒူမူနာ (ဘီဒီပြေး) နှင့် မောင်တော ရဲစခန်းမှ ပြစ်မှု ကျူးလွန် သဖြင့် ထောင်(၂)နှစ်ကျဖူးသူ ဂျောဘူလာ တို့ ဦးဆောင်ပါဝင်ခဲ့ကြပြီး ပြန်လည်ခိုးဝင်ရောက်ရှိနေသော ဘီဒီပြေး များနှင့် ပြစ်မှုကျူးလွန် ထားသူအချို့မှ မကြာခဏ တိမ်းရှောင်ပုန်းအောင်း နေရသောကြောင့် နယ်မြေ စိုးမိုးရေး လှည့်ကင်းအဖွဲ့ဝင်များ ဝင်ရောက် ကင်းလှည့်ခြင်း မပြုနိုင်စေရန် နှောင့်ယှက်အန္တရာယ်ပြဲနိုင်ရေး တိုင်ပင် ခဲ့ကြောင်း၊ အတည်ပြုဆဲ သတင်းများအရ အဆိုပါ (၁၉) ဦးမှ (၁၁) ဦးသည် တစ်ဖက်နိုင်ငံသို့ ရောက်ရှိ နေပြီး ဒုချီးရားတန်း ဖြစ်စဉ်နှင့် ပတ်သက်၍ ဆုရရှိရေး RSO အဖွဲ့များထံမှ တောင်းခံနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ကြောင့် ယခုဖြစ်ရပ်သည် ပြစ်မှုထိုက်သော အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြခြင်းဖြစ်၍ တရားခံများ ဖမ်းဆီး ရမိရေးနှင့် တာဝန်ထမ်းဆောင်ရင်း ပျောက်ဆုံးနေသော တပ်ဖွဲ့ဝင်တစ်ဦးနဲ့ နိုင်ငံပိုင် လက်နက် ခဲယမ်းများ ပြန်လည် ရရှိရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ မပျက်ပြားစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့များကအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိနေသကဲ့သို့ ပြည်သူလူထုကလည်း မိမိတို့ စွမ်းဆောင် နိုင်သမျှ ဘောင်အတွင်းမှနေ၍ ရဲတပ်ဖွဲ့သို့ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ကြပါရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က မေတ္တာရပ်ခံ ထားကြောင်းနှင့် အချို့သော သတင်းဌာနများနှင့် သံတမန်အချို့၏ ပြောဆိုဝေဖန်နေမှုများမှာ မဟုတ် မမှန်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

No comments: