Wednesday, January 1, 2014

နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေဆဲ

ABC

မြန်မာသမ္မတ ​ဦးသိန်းစိန်ရဲ့ ​လွတ်ငြိမ်းချမ်းသာခွင့် ​ကြေငြာခဲ့ပြီး ​နောက်တရက် ​အင်္ဂါနေ့ ​မှာပဲ ​နိုင်ငံရေး ​အကျဉ်းသား ​တချို့ ​လွတ်မြောက်လာခဲ့တယ်လို့ ​သိရပါတယ်။

အရေအတွက် ​အတိအကျ ​ပြောဖို့ ​ခက်ခဲ ​နေသေးကြောင်း ​ဒါပေမယ့် ​ကော်မတီက ​တင်ပြတဲ့ ​စာရင်းအရ ​၅ ​ဦးသာ ​လွတ်မြောက်လာတာ ​ဖြစ်ပြီး ​ကျန် ​သူတွေ ​ကတော့ ​သမ္မတရဲ့ ​လွတ်ငြိမ်း ​ချမ်းသာခွင့်နဲ့ ​လွတ်မြောက်လာခဲ့တာဖြစ်ကြောင်း ​ကိုဘိုကြည်က ​ကျိုဒိုးသတင်းဌာနကို ​ပြောကြားခဲ့ပါတယ်။

၂၀၁၃ ​အကုန်မှာ ​နိုင်ငံရေး ​အကျဉ်းသားများအကုန် ​လွှတ်ပေးမယ်လို့ ​မြန်မာ ​သမ္မတက ​ကတိပေးထားတဲ့ ​အတိုင်း ​လုပ်ဆောင်ခဲ့တာ ​ဖြစ်ပြီး ​မြန်မာနိုင်ငံမှာ ​နိုင်ငံရေး ​အကျဉ်းသားတွေ ​မရှိတော့ဘူးလို့ ​မြန်မာသမ္မတရဲ့ ​ပြောခွင့်ရသူ ​ဦးရဲထုဋ်က ​သူ့ရဲ့ ​ဖေ့ဘုတ် ​စာမျက်နှာမှာ ​ရေးသားထားပါတယ်။

ဒါပေမယ့်လည်း ​နိုင်ငံရေး ​အကျဉ်းသား ​ကူညီစောင့်ရှောက်ရေးအဖွဲ့ ​AAPP ​ရဲ့ ​ပြောကြားချက်အရ ​နိုင်ငံရေး ​အကျဉ်းသား ​၄၀ ​လောက် ​ကျန်ရှိနေသေးတယ်လို့ ​သိရပါတယ်။

နိုင်ငံရေးအမှုနဲ့ ​တွဲဖက်ပြီး ​တခြား ​ပြစ်ဒဏ် ​ကျခံရသူတွေကတော့ ​နိုင်ငံရေးမှုကို ​ပယ်ဖျက်ပေးလိုက်ပေမယ့် ​သူတို့ရဲ့ ​တခြား ​ပြစ်မှုတွေကိုတော့ ​ဆက်လက်ပြီး ​ကျခံရဖို့ ​ရှိတယ်လို့ ​ကိုဘိုကြည်က ​ဆက်လက်ပြီး ​ပြောပြခဲ့ပါတယ်။

မြန်မာသမ္မတရဲ့ ​လွတ်ငြိမ်းချမ်းသာခွင့်ကို ​ကြိုဆိုကြောင်း ​ဒါပေမယ့် ​ကျန်ရှိနေသေးတဲ့ ​နိုင်ငံရေး ​အကျဉ်းသားတွေကို ​မလွတ်ပေးသေးသရွေ့ ​မြန်မာနိုင်ငံမှာ ​နိုင်ငံရေး ​အကျဉ်းသာတွေ ​မရှိတော့ဘူးဆိုတာ ​ပြောဖို့ ​ခက်ခဲကြောင်း ​AAPP ​ပြောကြားခဲ့ပါတယ်။

နိုင်ငံရေး ​အကျဉ်းသား ​ကူညီစောင့်ရှောက်ရေး ​အသင်း ​AAPP ​ရဲ့ ​စာရင်းမှာ ​ပါဝင်တဲ့ ​နိုင်ငံရေး ​အမှုနဲ့ ​တရားစွဲခံထားရဆဲ ​ဖြစ်သူ ​စုစုပေါင်း ​၁၈၀ ​ဟာလည်း ​လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

No comments: