Friday, January 3, 2014

လွတ်လပ်ရေးနေ့လွတ်ငြိမ်းခွင့် ထောက်လှမ်းရေးနှင့် နိုင်ကျဉ်း မပါနိုင်ဟုဆို

ဟိန်းကိုစိုး

(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် လက်ကျန်နိုင် ကျဉ်းစိစစ်ရေးကော်မတီ တင်ပြထားသည့် နိုင်ငံရေးအကျဉ်းသား တစ်ဦးမှ မလွတ်မြောက်နိုင်ဟု ကော်မတီဝင်အချို့က မဇ္ဈိမကို ပြောသည်။

၂၀၁၄ ခုနှစ်၏ ပထမဆုံး လွတ်ငြိမ်းချမ်းသာ ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်ကို ကော်မတီမှ တင်ပြထားသည့် ရာဇ၀တ်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုအရ လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် မျှော်လင့်နေကြသည့် အကျဉ်းကျခံ နိုင်ကျဉ်းတစ်ဦးတစ်ယောက်မှ မပါသည့်အပြင် တပ်မတော်ထောက်လှမ်းရေး၊ နယ် စပ်ဒေသလူဝင်မှုကြီးကြပ်ရေးအဖွဲ့(နစက)မှ အကျဉ်းကျခံရသူများ တစ်ဦးမျှလွတ်မြောက်ရန်မရှိကြောင်း ကော်မတီဝင် ဦးရဲအောင်က ဆိုသည်။

“ဒီလွတ်ငြိမ်းချမ်းသာခွင့်အရဆိုရင်တော့ နိုင်ကျဉ်းကုန်တယ် မပြောနိုင်။ ဒီလိုဆိုရင်တော့ လတ်တလောအထိ သမ္မတ ကတိတည်တယ် မပြောနိုင်သေးဘူး။ နောက်တစ်ခုက ကျွန်တော်တို့ တင်ပြထားတာက သမ္မတက ၄၀၁ ကို သုံးပြီး လုပ်လို့ရတယ်။ ဒီတော့ ထပ်ပြီးတော့ မျှော်လင့်နေတယ်”ဟု ဦးရဲအောင်က ဆိုသည်။

ယခုထပ်မံပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် အများမျှော်လင့်နေသည့် နိုင်ငံရေးအကျဉ်းသားများနှင့် ထောက်လှမ်းရေးဟောင်းများ ပါနိုင်ရန်ရှိမရှိကို သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-၀န်ကြီး ဦး ရဲထွဋ်ကို မဇ္ဈိမက မေးမြန်းရာ “အဲဒါတော့ တစ်ယောက်ချင်း ပြစ်ဒဏ်နဲ့ပဲ ဆိုင်ပါတယ်။ လေးပုံတစ်ပုံထဲ မှာပါရင် ထောက်လှမ်းရေးမှ မဟုတ်ဘူး။ လွတ်သွားမှာပါပဲ”ဟု ပြောသည်။

နိုင်ငံတော်သမ္မတရုံးသည် ၁/၂၀၁၄ ဖြင့် ဇန်န၀ါရီလ ၃ ရက်အထိ ထောင်အသီးသီးတွင် ပြစ်မှုတစ်ခုခုဖြင့် ပြစ်ဒဏ်ကျခံရသူအားလုံးသည် သေဒဏ်ကျခံရသူဖြစ်ပါက ထောင်ဒဏ်တစ်သက် (ရက် အကန့် သတ်မရှိ) ရက်အကန့်အသတ်မရှိ ထောင်ဒဏ်တစ်သက်ကျခံရသူ (သေဒဏ်မှထောင်ဒဏ်၊ ရက်အကန့် အသတ်မရှိ ထောင်ဒဏ်တစ်သက်၊ အပြစ်လျော့ပေါ့ အမိန့်ချမှတ်ခံပြီးသူများ မပါ) ကို ထောင်ဒဏ် နှစ် ၄၀ နှင့် နှစ် ၄၀ အောက် ကျခံရသူကို ပြစ်ဒဏ်၏လေးပုံတစ်ပုံ ကျခံစေရန် လျှော့ပေါ့ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုလိုက်သည်ဟု ဇန်န၀ါရီလ ၂ ရက် ညနေ ၆ နာရီတွင် ထုတ်ပြန်လိုက်သည်။

သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးကလည်း “အခုပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ်လျော့ပေါ့ခွင့်က အထွေထွေ အကျဉ်းသားအားလုံးနဲ့ သက်ဆိုင်တယ်။ ဒီထဲဝင်ရင် လွတ်မယ်။ အခု ထောင်မှတ်ပုံတင် တွေအရ စိစစ်နေတယ်”ဟု ဇန်န၀ါရီ ၂ ရက် ညပိုင်းတွင် မဇ္ဈိမကို ပြောသည်။

လက်ရှိ ထောင်အတွင်း ရာဇ၀တ်ပုဒ်မများဖြင့် အကျဉ်းကျခံနေရသူ ၄၀ အထိ ရှိနေသေးဟု ကော်မတီ ၀င် ဦးဘိုကြည်က ဆိုသည်။

လက်ကျန် နိုင်ကျဉ်းစိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးကိုကိုကြီးက “ထောင်တွေထဲမှာ နိုင်ကျဉ်းတွေ ကျန် သေးတယ်၊ ကုန်ပြီလို့ပြောလို့မရသေးဘူး။ ကတိအတိုင်း ဒီနှစ်အကုန် အကောင်အထည်ဖော်တာကို ကြို ဆိုတယ်”ဟု ပြောသည်။

နိုင်ငံတော်သမ္မတမှ နိုင်ငံရေးပုဒ်မ ခုနစ်ခုဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့မှုကြောင့် လက်ကျန်နိုင်ကျဉ်း ကော်မတီမှတင်ပြသည့် ၃၉ ဦးမှ ငါးဦး လွတ်မြောက်ခဲ့သည်။ ထိုလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် တစ်နိုင်ငံ လုံးတွင် ထောင်မှလွတ်မြောက်သူ ၅၀ ဦးနှင့် အမှုရုတ်သိမ်းနိုင်သူ ၁၂ ဦး ပေါင်း ၆၂ ဦးထိ နိုင်ငံရေးအ ကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇန်န၀ါရီ ၂ ရက်နေ့ထိ ပြုစုပြီးစာရင်းများအရ သိရသည်။

နိုင်ငံတော်သမ္မတက နိုင်ငံရေးပုဒ်မ ခုနစ်ခုဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့မှုကြောင့် လက်ကျန်နိုင်ကျဉ်း ကော်မတီမှ တင်ပြသည့် ၃၉ ဦးမှ ငါးဦး အပါအ၀င် တစ်နိုင်ငံလုံးတွင် ထောင်မှလွတ်မြောက်သူ ၅၀ဦးနှင့် အမှုရုတ်သိမ်းနိုင်သူ ၁၂ ဦး ပေါင်း ၆၂ ဦးအထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇန်န၀ါရီ ၂ ရက်ထိ ပြုစုပြီးစာရင်းများအရ သိရသည်။

တပ်မတော်အစိုးရ လက်ထက် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရသည့် ထောင်အတွင်းကျန်ရှိ နိုင်ငံရေး အကျဉ်းသားများကို ကော်မတီဖွဲ့၍ ဧပြီလမှ ဒီဇင်ဘာလအတွင်း ကော်မတီဝင်များ တွေ့ဆုံ ဆွေးနွေး စိ စစ်မှုများ (၁၂)ကြိမ်ထိ ပြုလုပ်ပြီး နိုင်ကျဉ်းပေါင်း ၃၅၄ ဦး လွတ်မြောက်ခွင့်ပြုခဲ့သည်။

No comments: