Thursday, January 9, 2014

ခလရ (၅၆) တပ်ရင်းမှူး တောင်းပန်ပုံနှင့် မုန်ဒိန်ပါ တိုက်ပွဲ နောက်ဆက် တွဲသတင်း

ရွှေဟင်္သာ

“ကျနော်တို့ ကတော့ သူ တောင်းပန်လို့ သုံ့ပန်းရော သိမ်းရတဲ့ ပစ္စည်းတွေပါ ပြန်ပေးလိုက်တာပေါ့။”

ယမာန်နေ့ ညနေ (၃)နာရီ ခွဲခန့် တွင် ဖြစ်ခဲ့သော (KIA) တပ်ရင်း တပ်ဖွဲ့နှင့် အစိုးရ ခလ၇ (၅၆) စစ်ကြောင်း တို့၏ ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန် ပါ ကျေး ရွာ အနီး တိုက်ပွဲ ၌အစိုးရ ဖက်က (၂) ဦးဖမ်းမိပြီး၊ လက်နက်ကြီး (၃)လက် အပါဝင် ကျည်ဆံ အမြောက် အမြားနှင့် ရိက္ခာ တင်ဆောင် လာသော အရပ်ကားတစီး ဖမ်းဆီး ရမိသည်ဟု တပ်ရင်း (၁၂) မှူး ဗိုလ်မှူး လဘိုင်ဂျွမ်း အောင်က ဆိုပါသည်။

“ဒီလိုဗျ။ တပ်ရင်း ခမရ (၆၀၂) နဲ့ ခမရ (၄၃၈) တို့ တပ်ချင်း လဲတဲ့ချိန်၊ အဲဒီလို အားဖြည့် သလိုလို တက်လာရင်း နဲ့ အင်အား (၇၀) လောက်ရှိတဲ့ ခလရ (၅၆) စစ်ကြောင်း (၁) က အမှတ်တမဲ့ အလစ်ဝင် တိုက်တာပါ။ သူတို့ ၀င်တိုက်တဲ့ လမ်းကြောင်းက ကျနော်တို့ တပ်ကြားထဲ ကို ကျွံလာခဲ့ တယ်။ ကျနော်တို့ တပ်ဖွဲ့ တွေ ကလည်းဘဲ နှစ်ဖက် ညှပ်ပြီး လက် နက်ကြီး လက်နက်ငယ် နဲ့ မိုင်းကွင်းထဲ ကို ရောက်အောင် ညှပ်ပူး ညှပ်ပိတ် ဖိတိုက် လိုက်တော့ အဲဒီမှာ သူတို့က နှစ် ပိုင်းကွဲ ထွက်ပြီး တော့ ပစ္စည်းတွေ လူတွေ ကျန်ခဲ့ တာပေါ့” ဟုဆိုပါသည်။

သိမ်းရသော ပစ္စည်းများမှာ RPG 7 တလက်၊ MA-2 တလက်၊ MA-3 တလက်၊ ကျည်မျိုးစုံ (၁၀၀၀) ကျော်၊ ရိက္ခာတင် အရပ်သား ကားတစီး၊ နဲ့ ဒုတပ်ကြပ် ခင်ဇော် ဦး နှင့် တပ်သား အောင် ကျော်မှူး တို့နှစ်ဦး အား ဖမ်းဆီးနိုင် ခဲ့သည်ဟု ဆိုပါသည်။ အရပ်သား ကားကိုမူ ပိုင်ရှင် အား ပြန်ပေးရန် ရှိသည့် အတွက် လာရောက် ဆက်သွယ်ပါရန် အကြောင်း ကြား ထားပါသည်။

ခလရ (၅၆) စစ်ကြောင်း (၁) သည် အင်အား လာဖြည့်ခြင်း မဟုတ်ဘဲ လျှပ်တပျက် အလစ်ဝင် တိုက်ရန် စီစဉ်ထား ခြင်း ဖြစ်ပုံရ ကြောင်း ဆိုပါသည်။ အင်အား (၇၀)ခန့် ရှိသည့် စစ်ကြောင်း သည် အပြန် ခရီးတွင် (၅၅)ဦးသာ လမ်းတွင် တွေ့ရ ပြီး ထိုထဲတွင် (၃)ဦးမှာ လည်း ဒဏ်ရာဖြင့် တွေ့ရကြောင်း မျက်မြင်များက ဆိုပါသည်။

ဤ ယင်းတိုက်ပွဲ တွင် မိုင်းကွင်းထဲ ရောက်နေသော အစိုးရ တပ်ဖွဲ့ဝင် များက မလှုပ်ရှား ရဲတော့ဘဲ အဖမ်းခံ ခဲ့ရခြင်း ဖြစ်သည်။ ဖမ်း မိသူများ၏ အဆိုအရ (၁၀)ဦးကျော် ကျ ဆုံး နိုင်သဖြင့် ကိုယ်လွတ် ရုန်းကြရာ က အတုန်း အရုန်းဖြင့် ဆုတ်ပြေးခဲ့ ကြ ရကြောင်း သုံ့ပန်းများက ဆိုပါသည်။

မုန်ဒိန် ပါရှိ အစိုးရ တပ်များသည် (KIA) တပ်ရင်း (၁၂) နှင့် အပြန်အလှန် မပစ်ခတ် ကြကြေး အပေး အယူဆို ထား ပါ သည်။ ဤသို့ကြောင့် ခလရ ၅၆ ၏ တပ်ရင်းမှူး ကျော်သူရသည် ယခုဖြစ် ပွားသော တိုက်ခိုက် မှုသည် မိမိတို့လမ်း မှားပြီး ၀င်ရောက် ခဲ့ခြင်း ဖြစ်သော ကြောင့် တောင်း ပန်ပါကြောင်း (KIA) တပ်ရင်း (၁၂)အား စကားပြော စက်ဖြင့် တောင်း ပန် ခဲ့သည်ဟု ဆိုပါသည်။

ဤကဲ့သို့ တောင်းပန်သော ကြောင့် ယမာန်နေ့ ညနေ ၅ နာရီခွဲ အချိန် တွင် ခလရ ၅၆ တပ်ရင်းမှူး ကျော်သူရ ထံ ၄င်းတို့ သုံးပန်း ၂ ဦး နှင့် အတူ သေနတ် ၃ လက် ကိုပါပြန်လည်အပ်နှံ ခဲ့ကြောင်း ဗိုလ်မှူး လဘန် ဂျွန်းအောင်က ဆိုပါသည်။

No comments: