Tuesday, January 7, 2014

ပြည်ခရိုင်အတွင်းရှိ နိုင်/ကျဉ်း မိသားစုများအား အသက်မွေးဝမ်းကျောင်း သင်တန်းပေးမည်

ရေခဲ(ပြည်)

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းရှိ နိုင်/ကျဉ်းဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို အသက်မွေးဝမ်းကျောင်း သင်တန်းများ ပို့ချပေးသွားမည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ကိုကျော်ဆန်း ကပြောသည်။

“ကွန်ပျူတာသင်တန်းဖွင့်ဖို့ ရန်ကုန်နိုင်/ကျဉ်းနဲ့ လောလောဆယ် သဘောတူထားတယ်။ အသက်မွေးဝမ်းကျောင်း သင်တန်းတွေပေးဖို့ အစီအစဉ်တွေလည်း ရှိပါတယ်” ဟု ကိုကျော်ဆန်းက ရှင်းပြသည်။

လွတ်လပ်ရေးနေ့ ဖြစ်သည့် ယခုလ (၄) ရက်က ပြည်မြို့ပန်းပဲတန်းလမ်းရှိ ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ရုံးခန်းတွင်

ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ကိုကျော်ဆန်းက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပြည်ခရိုင်နိုင်/ကျဉ်းအဖွဲ့ချုပ်၏ ပြောဆိုချက်အရ ခရိုင်အတွင်း နိုင်ငံရေးလှုပ်ရှားမှု ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူ အကျဉ်းသားဟောင်းဦးရေမှာ (၁၅၀)ကျော်ရှိနေသည်။

ထိုအခမ်းအနားသို့ တက်ရောက်လာသည့် ရန်ကုန်နှင့်ပြည်ခရိုင်မှ နိုင်/ကျဉ်းဟောင်း တစ်ရာကျော်က ငြိမ်ချမ်းရေးငှက်များ လွှတ်ခဲ့ကြပြီး ဇန်နဝါရီ(၅)ရက်တွင်လည်း “ကျောင်းတော်ပြန်တို့စကားဝိုင်း” ဟု အမည်ပေးထားသည့် စကားဝိုင်း ပြုလုပ်ခဲ့သေးသည်။

No comments: